[Zawgyi]

Samsung ကေတာ့ သူတို႔ရဲ႕ အျဖဴဆြတ္ဆြတ္ Galaxy Note9 ကို ထိုင္ဝမ္မွာ ထုတ္ေဖာ္ျပသလိုက္ပါၿပီ။ ဖုန္းတစ္ခုလုံးက အျဖဴေရာင္ေတြပဲျဖစ္သလို နာမည္ကလည္း “First Snow White” ျဖစ္ ကင္ပြန္းတပ္ေပးထားပါတယ္။ ပါဝင္တဲ့ S Pen ကိုလည္း အေရာင္မခြဲဘဲ အျဖဴေရာင္နဲ႔ပဲ ထုတ္လုပ္ေပးထားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြတုန္းက အျဖဴေရာင္ Galaxy Note9 သတင္းဟာ ေကာလာဟလဆိုေပမယ့္ အခုအခ်ိန္မွာေတာ့ အမွန္တကယ္ျဖစ္လာခဲ့ပါၿပီ။ Samsung ဟာ Christmas နဲ႔ New Year အတြက္ ရည္႐ြယ္ၿပီး ထုတ္လုပ္လိုက္တဲ့ Version ျဖစ္မယ္လို႔ ယူဆရပါတယ္။

လက္ရွိၾကားသိေနရတဲ့ သတင္းေတြအရေတာ့ Glaxy Note9 အျဖဴေရာင္ကို ေလာေလာဆယ္ ထိုင္ဝမ္မွာပဲ ေရာင္းခ်ဦးမယ္ ပုံစံမွာ ရွိေနပါတယ္။ လာမယ့္ ဒီဇင္ဘာလဆန္းဆို ထိုင္ဝမ္မွာရွိတဲ့ Samsung Stores ေတြနဲ႔ Chunghwa Telecom မွာ ရမယ္လို႔ေတာ့ သိရပါတယ္။

Samsung ဟာ Market channel survey data ေတြအရ အေရာင္းသြက္တဲ့ 128GB အမ်ိဳးအစားကိုပဲ First Snow White အတြက္ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ေဈးႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၉၉၉ ေဒၚလာ ျဖစ္တာေၾကာင့္ ျမန္မာေငြ ၁၅ သိန္း နီးပါး ျဖစ္ပါတယ္။ ဒီဇင္ဘာ ၃၁ ရက္ေန႔မတိုင္မီ ဝယ္မယ္ဆိုရင္ေတာ့ ၃၉ ေဒၚလာ (ျမန္မာေငြ ငါးေသာင္းရွစ္ေထာင္ေက်ာ္) တန္ဖိုးရွိတဲ့ Limited Edition Fast Wireless charger တစ္ခုကို လက္ေဆာင္အျဖစ္ ရရွိဦးမယ္လို႔ သိရပါတယ္။

Ref: GSMarena

 

[Unicode]

Samsung ကတော့ သူတို့ရဲ့ အဖြူဆွတ်ဆွတ် Galaxy Note9 ကို ထိုင်ဝမ်မှာ ထုတ်ဖော်ပြသလိုက်ပါပြီ။ ဖုန်းတစ်ခုလုံးက အဖြူရောင်တွေပဲဖြစ်သလို နာမည်ကလည်း “First Snow White” ဖြစ် ကင်ပွန်းတပ်ပေးထားပါတယ်။ ပါဝင်တဲ့ S Pen ကိုလည်း အရောင်မခွဲဘဲ အဖြူရောင်နဲ့ပဲ ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက အဖြူရောင် Galaxy Note9 သတင်းဟာ ကောလာဟလဆိုပေမယ့် အခုအချိန်မှာတော့ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ Samsung ဟာ Christmas နဲ့ New Year အတွက် ရည်ရွယ်ပြီး ထုတ်လုပ်လိုက်တဲ့ Version ဖြစ်မယ်လို့ ယူဆရပါတယ်။

လက်ရှိကြားသိနေရတဲ့ သတင်းတွေအရတော့ Glaxy Note9 အဖြူရောင်ကို လောလောဆယ် ထိုင်ဝမ်မှာပဲ ရောင်းချဦးမယ် ပုံစံမှာ ရှိနေပါတယ်။ လာမယ့် ဒီဇင်ဘာလဆန်းဆို ထိုင်ဝမ်မှာရှိတဲ့ Samsung Stores တွေနဲ့ Chunghwa Telecom မှာ ရမယ်လို့တော့ သိရပါတယ်။

Samsung ဟာ Market channel survey data တွေအရ အရောင်းသွက်တဲ့ 128GB အမျိုးအစားကိုပဲ First Snow White အတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၉၉၉ ဒေါ်လာ ဖြစ်တာကြောင့် မြန်မာငွေ ၁၅ သိန်း နီးပါး ဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့မတိုင်မီ ဝယ်မယ်ဆိုရင်တော့ ၃၉ ဒေါ်လာ (မြန်မာငွေ ငါးသောင်းရှစ်ထောင်ကျော်) တန်ဖိုးရှိတဲ့ Limited Edition Fast Wireless charger တစ်ခုကို လက်ဆောင်အဖြစ် ရရှိဦးမယ်လို့ သိရပါတယ်။

Ref: GSMarena