Zawgyi

ေတာင္ကိုရီးယားအေျခစုိက္ နည္းပညာကုမၸဏီႀကီး Samsung ဟာ ၁၉၉၈ ခုႏွစ္ထဲက စတင္ၿပီး အုိလံပစ္ၿပိဳင္ပြဲေတြရဲ႕ အဓိကစပြန္ဆာတစ္ေယာက္အျဖစ္ ပါဝင္ခဲ့သလို ၂၀၂၈ ခုႏွစ္ထိ ပါဝင္သြားဖို႔ကိုလည္း သေဘာတူညီခ်က္ ရယူထားၿပီးသားပါ။ ဒါ့အျပင္ အုိလံပစ္ဂိမ္းတစ္ခုစီအတြက္ အထူးဗားရွင္း Flagship ဟန္းဆက္ကို ထုတ္လုပ္ေပးေလ့ရွိျပန္ပါတယ္။

အခုႏွစ္မွာေတာ့ Samsung Galaxy S10+ ဖုန္းဟာ အုိလံပစ္အတြက္ ေရြးခ်ယ္ျပင္ဆင္ခြင့္ ရရွိခဲ့ပါတယ္။ ပုလဲျဖဴေရာင္ (Prism White) ဗားရွင္းမွာ သူ႕ရဲ႕ေက်ာဘက္မွာ တုိက်ဳိ ၂၀၂၀ အိုလံပစ္အမွတ္တံဆိပ္နဲ႔အတူ ဂ်ပန္ႏုိင္ငံ ျပည္တြင္း Carrier ျဖစ္တဲ့ Docomo တံဆိပ္ေတြ ပါဝင္လာပါတယ္။ ဒီေလာက္နဲ႔တင္ ရပ္တန္႔မသြားဘဲ အုိလံပစ္အထူးဗားရွင္း S10+ အတြက္ သီးသန္႔ထုတ္လုပ္ထားတဲ့ အေရာင္တူ ႀကိဳးမဲ့ Earbuds ေတြကိုလည္း ထည့္သြင္းေပးလာမွာပါ။

Galaxy S10+ Olympic Games Edition အမည္ရ စမတ္ဖုန္းဟာ လုံးေရတစ္ေသာင္းသာ ထုတ္လုပ္မွာ ျဖစ္ၿပီး လာမယ့္ဇူလိုင္လကုန္ေလာက္မွာ စတင္ထုတ္လုပ္ေတာ့မွာပါ။ ဂ်ပန္ႏုိင္ငံအတြင္းမွာ Docomo ကေနသာ ဝယ္ယူႏုိင္မွာျဖစ္ၿပီး ေဒၚလာတစ္ေထာင္ (ျမန္မာေငြ ၁၅ သိန္းေက်ာ္) က်သင့္မွာျဖစ္ပါတယ္။ ဂ်ပန္ႏုိင္ငံရဲ႕ ျပင္ပေစ်းကြက္ကုိ ေရာင္းခ်လာမလား ဆုိတာေတာ့ မသိရေသးပါဘူး။

Samsung ဟာ အုိလံပစ္ၿပိဳင္ပြဲေတြအတြက္ အျမဲတမ္း အထူး Content ေတြထုတ္လုပ္ေပးေလ့ရွိၿပီး အရင္ကလည္း အုိလံပစ္ဂိမ္းအတြက္ App ေတြနဲ႔ ၿပိဳင္ပြဲေတြကို VR စနစ္ျဖင့္ ထုတ္လႊင့္ေပးတာ စတာေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါ့အျပင္ ယခင္ Galaxy Note8 (2018), Galaxy S7 Edge (2016), Galaxy Note 3 (2014) နဲ႔ Galaxy Note (2012) ဟန္းဆက္ေတြကိုလည္း အုိလံပစ္ၿပိဳင္ပြဲအထူးဗားရွင္းေတြ ထုတ္လုပ္ခဲ့ဖူးပါတယ္။

Ref – GSM Arena

Unicode

တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီး Samsung ဟာ ၁၉၉၈ ခုနှစ်ထဲက စတင်ပြီး အိုလံပစ်ပြိုင်ပွဲတွေရဲ့ အဓိကစပွန်ဆာတစ်ယောက်အဖြစ် ပါဝင်ခဲ့သလို ၂၀၂၈ ခုနှစ်ထိ ပါဝင်သွားဖို့ကိုလည်း သဘောတူညီချက် ရယူထားပြီးသားပါ။ ဒါ့အပြင် အိုလံပစ်ဂိမ်းတစ်ခုစီအတွက် အထူးဗားရှင်း Flagship ဟန်းဆက်ကို ထုတ်လုပ်ပေးလေ့ရှိပြန်ပါတယ်။

အခုနှစ်မှာတော့ Samsung Galaxy S10+ ဖုန်းဟာ အိုလံပစ်အတွက် ရွေးချယ်ပြင်ဆင်ခွင့် ရရှိခဲ့ပါတယ်။ ပုလဲဖြူရောင် (Prism White) ဗားရှင်းမှာ သူ့ရဲ့ကျောဘက်မှာ တိုကျို ၂၀၂၀ အိုလံပစ်အမှတ်တံဆိပ်နဲ့အတူ ဂျပန်နိုင်ငံ ပြည်တွင်း Carrier ဖြစ်တဲ့ Docomo တံဆိပ်တွေ ပါဝင်လာပါတယ်။ ဒီလောက်နဲ့တင် ရပ်တန့်မသွားဘဲ အိုလံပစ်အထူးဗားရှင်း S10+ အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ အရောင်တူ ကြိုးမဲ့ Earbuds တွေကိုလည်း ထည့်သွင်းပေးလာမှာပါ။

Galaxy S10+ Olympic Games Edition အမည်ရ စမတ်ဖုန်းဟာ လုံးရေတစ်သောင်းသာ ထုတ်လုပ်မှာ ဖြစ်ပြီး လာမယ့်ဇူလိုင်လကုန်လောက်မှာ စတင်ထုတ်လုပ်တော့မှာပါ။ ဂျပန်နိုင်ငံအတွင်းမှာ Docomo ကနေသာ ဝယ်ယူနိုင်မှာဖြစ်ပြီး ဒေါ်လာတစ်ထောင် (မြန်မာငွေ ၁၅ သိန်းကျော်) ကျသင့်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ပြင်ပဈေးကွက်ကို ရောင်းချလာမလား ဆိုတာတော့ မသိရသေးပါဘူး။

Samsung ဟာ အိုလံပစ်ပြိုင်ပွဲတွေအတွက် အမြဲတမ်း အထူး Content တွေထုတ်လုပ်ပေးလေ့ရှိပြီး အရင်ကလည်း အိုလံပစ်ဂိမ်းအတွက် App တွေနဲ့ ပြိုင်ပွဲတွေကို VR စနစ်ဖြင့် ထုတ်လွှင့်ပေးတာ စတာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ယခင် Galaxy Note8 (2018), Galaxy S7 Edge (2016), Galaxy Note 3 (2014) နဲ့ Galaxy Note (2012) ဟန်းဆက်တွေကိုလည်း အိုလံပစ်ပြိုင်ပွဲအထူးဗားရှင်းတွေ ထုတ်လုပ်ခဲ့ဖူးပါတယ်။

Ref – GSM Arena