Samsung က Odyssey Gaming Monitor အသစ်တွေကို ပြသလိုက်ပါတယ်။ G30A, G50A နဲ့ G70A မော်ဒယ်တွေ ဖြစ်ပြီး ဂိမ်မာတွေအတွက် ရုပ်ထွက် အရည်အသွေးကို အမိုက်စား ပြုလုပ်ပေးထားသလို ဒီဇိုင်းကလည်း လန်းပါတယ်။

Samsung က “ အဲဒီ Monitor အသစ်တွေရဲ့ ရုပ်ပုံ အရည်အသွေးဟာ အရမ်းကောင်းပြီး Response Level က မြင့်မားပါတယ်။ ဂိမ်မာတွေအတွက် အရမ်း ကောင်းတဲ့ Monitor တွေ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး တကယ့် သဘာဝကျတဲ့ အရောင်တွေကို ခံစားရမှာပါ။ တိကျမှုကလည်း မြင့်မားပါတယ်။ “ လို့ ပြောပါတယ်။

Samsung ဟာ 100Hz Refresh Rate နဲ့အထက် Gaming Monitor တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲမှာ ထိပ်တန်း အဆင့်ရှိပါတယ်။ Samsung ဟာ ၂၀၂၀ ခုနှစ်မှာ Curved Gaming Monitor တွေကို စတင် ထုတ်လုပ်ရောင်းချခဲ့ပြီး အခုဆိုရင် ၂၄ လက်မ ကနေ ၂၈ လက်မ အရွယ်အစားရှိတဲ့ Flat Odyssey Monitor တွေကို ထုတ်လုပ်ထားပါတယ်။

G70A မှာ Ultra High Definition (UHD) မျက်နှာပြင် ထည့်သွင်းထားပြီး ၁၇၈ ဒီဂရီ Viewing Angle နဲ့ HDR400 ထောက်ပံ့ထားပါတယ်။ 4K 144Hz Refresh Rate ပါပြီး 1ms2 Response Rate က အရမ်း မိုက်ပါတယ်။

G50A မှာ Quad High Definition (QHD) မျက်နှာပြင် ထည့်သွင်းထားပြီး 165Hz Refresh Rate နဲ့ HDR10 ထောက်ပံ့ထားပါတယ်။ 1ms3 Response Time ပါပါတယ်။

G30A မှာ 144Hz Refresh Rate ထည့်သွင်းထားပြီး 1ms4 Response Time က အရမ်း မိုက်ပါတယ်။

Samsung က G70A နဲ့ G50A Odyssey Gaming Monitor တွေမှာ Multitasking အတွက် Multiple Screen Management Tools တွေ ပါတယ်လို့ပြောပါတယ်။ User တွေက ဂိမ်းကစားရင်း Chat ပြုလုပ်နိုင်တဲ့ Picture-in-picture (PIP) လုပ်ဆောင်ချက်ပါပါတယ်။

Ref : techradar