Galaxy S21 Series ကို မိတ်ဆက်ပြီးတဲ့နောက် Samsung ဟာ Pro မော်ဒယ်အပါအဝင် S Pen သစ် နှစ်မျိုးကို ဖြန့်ချိလိုက်ပါတယ်။ Samsung Galaxy S21 Ultra 5G က နှစ်မျိုးစလုံးကို ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် လက်ရှိ ဘယ် S Pen အဟောင်းနဲ့မဆို တွဲသုံးနိုင်ပါတယ်။ (Note အဟောင်းတွေက Stylus နဲ့ တွဲဖက်သုံးစွဲနိုင်ပါတယ်)

S Pen သစ်ဟာ Dimension အားလုံးမှာ ပိုကြီးပါတယ်။ ကိုင်တွယ်အသုံးပြုရတာ ပိုပြီးသက်သောင့်သက်သာ ဖြစ်စေပါတယ်။ အရွယ်အစားကြီးပြီး ပါးလွှာတဲ့ဟန်းဆက်ထဲ ထည့်သွင်းလို့မရတာကြောင့် သတ်မှတ်ထားတဲ့ Case တွေရဲ့ဘေးမှာ ကပ်ထားနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဒါဟာ Passive Stylus ဖြစ်နိုင်တယ်ဆိုတာပါ။ (အထဲမှာ ဘက်ထရီမရှိ) ဒါကြောင့် Galaxy Note မှာပါတဲ့ Bluetooth functionality တော့ ပျောက်ဆုံးနေပါတယ်။ ဒါပေမယ့် Wacom technology ကြောင့် S Pen သာ Display အနားမှာရှိနေမယ်ဆိုရင် လုပ်ဆောင်ချက်အချို့အတွက် ခလုတ်နှိပ်လိုက်တဲ့အခါ S21 Ultra ဟာ သိရှိနိုင်မှာ ဖြစ်ပါတယ်။

S Pen Pro က အရွယ်အစားပိုကြီးပါတယ်။ Bluetooth feature ကိုလည်း ပံ့ပိုးပါတယ်။ ဥပမာအားဖြင့် Stylus ကို Remote shutter key ဒါမှမဟုတ် Music play ကို ထိန်းချုပ်တဲ့နေရာမှာ သုံးတဲ့အခါမျိုးဖြစ်ပါတယ်။ S Pen Pro ကို ဒီနှစ်နှောင်းပိုင်းမှာမှ ရောင်းချမှဖြစ်ပြီး ဈေးနှုန်းကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

Galaxy S21 Ultra အတွက် အခြေခံ S Pen ဟာ $40 (၅ သောင်း ၃ ထောင်ဝန်းကျင်) ကနေ စတင်မှာဖြစ်ပါတယ်။ Stylus တွဲလျက်ပါတဲ့ Case ကတော့ $70 (၉ သောင်း ၃ ထောင်ဝန်းးကျင်) ဖြစ်ပါတယ်။ S Pen Pro ဟာ S21 Ultra အတွက် သီးသန့်မဟုတ်ပါဘူး။ One UI 3.1 update လုပ်ထားတဲ့ S Pen နဲ့တွဲသုံးနိုင်တဲ့ Device တိုင်းကို S Pen Pro နဲ့လည်း အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် Galaxy Note 10, Note 20 အပြင်၊ Galaxy Tab S6 နဲ့ S7 လိုမျိုး တက်ဘလက်တွေနဲ့လည်း တွဲသုံးနိုင်မှာ ဖြစ်ပါတယ်။

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက Samsung ဟာ Wacom-base stylus လိုမျိုး Third-party တွေကိုလည်း ထောက်ပံ့ပေးမယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena