Samsung က တရုတ်မှာ ၂၀၂၀ ခုနှစ်ရဲ့ ဒုတိယမြောက် စွမ်းရည်မြင့် Foldable ဖုန်းကို ကြေညာလိုက်ပါတယ်။ ဒါပေမယ့် Galaxy နာမည်တော့ မပါလာပါဘူး။ Samsung W21 5G လို့ နာမည်ပေးထားပြီး Galaxy Z Fold2 5G ကို အများကြီး အခြေခံကာ တည်ဆောက်ထားတာပါ။

Samsung unveils W21 5G - a dual-SIM Galaxy Z Fold2 for China

ဟာ့ဒ်ဝဲတွေကလည်း တော်တော် တူကြပြီး W21 5G ရဲ့ အတွင်းဘက်မှာ ၇.၆ လက်မ Dynamic AMOLED 2X မျက်နှာပြင်ပါလာပါတယ်။ အပြင်ဘက်မှာ ၆.၂၃ လက်မ Super AMOLED မျက်နှာပြင် ထည့်ထားပြီး Chipset က Snapdragon 865+ ဖြစ်တဲ့အတွက် စွမ်းရည်မြင့်ပါတယ်။ 12GB RAM နဲ့ 512GB Storage ကတော့ အမြင့်ဆုံးလို့ ပြောရမှာပါ။

W21 ဟာ Z Fold2 ထက် နည်းနည်း ပိုရှည်ပေမယ့် 4,500mAh ဘက်ထရီက တူကြပါတယ်။ 25W Wired နဲ့ 11W Wireless Charging ထောက်ပံ့ထားပြီး အနောက်ဘက်က 12MP ကင်မရာ ၃ လုံးကလည်း တူကြပါတယ်။ အဓိကကွာခြားချက် ၁ ခုက W21 မှာ SIM Slots ၂ ခု ထည့်သွင်းထားတာပါ။ အနောက်ဘက် ဒီဇိုင်းကလည်း ကွဲပြားပြီး ဒေါင်လိုက် မျဉ်းကြောင်းတွေ ပါတဲ့ ရွှေရောင်ကို သုံးထားပါတယ်။

တရုတ်မှာ ယွမ် ၂ သောင်းနဲ့ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ၃၈ သိန်းလောက် ရှိတဲ့အတွက် ဈေးက မသေးပါဘူး။ ၂၀ ရက်နေ့ စတင် ရောင်းပေးမှာ ဖြစ်ပါတယ်။ ယွမ် ၁၇,၀၀၀ တန်ကြေးရှိတဲ့ Galaxy Z Fold2 ထက်တောင် ဈေးများပါတယ်။

Ref : gsmarena