Unicode

Samsung ကနေ ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတွေဟာ Flagship ဖုန်းတွေအပါအဝင် ဖုန်းအများစုက Android Version Update ရရှိမှုမှာ တခြားသော Brand တွေနဲ့ ယှဥ်ရင် အနည်းငယ်နှေးကွေးနေကြဖြစ်ပါတယ်။ ဒါပေမယ့် OneUI 2.0 Update နဲ့အတူ ယခုနှစ်မှာတော့ လုံးဝပြောင်းလဲလာပြီလို့ ပြောရမှာပါ။

ဘာကြောင့်လဲဆိုရင် Samsung ရဲ့ Galaxy S10 Series တွေအကုန်လုံး Android 10 Update ကိုရရှိနေပြီဖြစ်သလို S9 နဲ့ Note 9 ဖုန်းတွေအတွက်လည်း Beta Version ကို Update လုပ်နိုင်နေပါပြီ။ မကြာသေးခင်ကမှ မိတ်ဆက်ထားတဲ့ Galaxy Note 10 Series တွေအနေနဲ့လည်း မကြာခင်မှာ Android 10 Update ရရှိမယ်လို့ ပြောကြားထားပါသေးတယ်။

အခုလည်း Samsung ရဲ့ Mid Range ဖုန်းတွေဖြစ်တဲ့ Galaxy M20 နဲ့ M30 ဖုန်းတွေအတွက် Android 10 Update ကို Samsung ကနေ ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ဖုန်းတွေဟာအစောပိုင်းတုန်းက လာမယ့် ၂၀၂၀ ဇန်နဝါရီလဝန်းကျင်မှ India မှာ Update စတင်ရရှိမယ်လို့ သတင်းတွေထွက်ရှိခဲ့ပေမယ့် အခုအချိန်မှာ ထင်ထားတာထက်စောပြီး Update လုပ်နိုင်နေတာဖြစ်ပါတယ်။

အဆိုပါ Galaxy M20 နဲ့ M30 စမတ်ဖုန်းတွေဟာ Exynos 7904 Processor အပြင် ကြီးမားတဲ့ 5000mAh Battery တွေကြောင့် India စျေးကွက်မှာ အောင်မြင်တဲ့ Mid Range ဖုန်းတွေလည်းဖြစ်ပါတယ်။ ယခု Android 10 Update နဲ့အတူ OneUI 2.0 ကိုပါ Update လုပ်သွားမှာဖြစ်တဲ့အတွက် Navigation Gesture အသစ်အပါအဝင် Feature အသစ်တွေကိုလည်း ရရှိလာမှာဖြစ်ပါတယ်။

Samsung အနေနဲ့ လာမယ့် ၂၀၂၀ နှစ်စပိုင်းမှာလည်း Galaxy A Series ဖုန်းတော်တော်များများကို Android 10 Update ထုတ်ပေးဖို့ရှိနေတဲ့အတွက် Samsung အတွက်ကတော့ ဒီတစ်ကြိမ်မှာ Android Update ပိုင်း အားရဖို့ကောင်းနေပါတယ်။

Ref – Phone Arena

Zawgyi

Samsung ကေန ထုတ္လုပ္ထားတဲ့ စမတ္ဖုန္းေတြဟာ Flagship ဖုန္းေတြအပါအဝင္ ဖုန္းအမ်ားစုက Android Version Update ရရွိမႈမွာ တျခားေသာ Brand ေတြနဲ႔ ယွဥ္ရင္ အနည္းငယ္ေႏွးေကြးေနၾကျဖစ္ပါတယ္။ ဒါေပမယ့္ OneUI 2.0 Update နဲ႔အတူ ယခုႏွစ္မွာေတာ့ လုံးဝေျပာင္းလဲလာၿပီလို႔ ေျပာရမွာပါ။

ဘာေၾကာင့္လဲဆိုရင္ Samsung ရဲ႕ Galaxy S10 Series ေတြအကုန္လုံး Android 10 Update ကိုရရွိေနၿပီျဖစ္သလို S9 နဲ႔ Note 9 ဖုန္းေတြအတြက္လည္း Beta Version ကို Update လုပ္ႏိုင္ေနပါၿပီ။ မၾကာေသးခင္ကမွ မိတ္ဆက္ထားတဲ့ Galaxy Note 10 Series ေတြအေနနဲ႔လည္း မၾကာခင္မွာ Android 10 Update ရရွိမယ္လို႔ ေျပာၾကားထားပါေသးတယ္။

အခုလည္း Samsung ရဲ႕ Mid Range ဖုန္းေတြျဖစ္တဲ့ Galaxy M20 နဲ႔ M30 ဖုန္းေတြအတြက္ Android 10 Update ကို Samsung ကေန ထုတ္ေပးလိုက္ၿပီျဖစ္ပါတယ္။ အဆိုပါ ဖုန္းေတြဟာအေစာပိုင္းတုန္းက လာမယ့္ ၂၀၂၀ ဇန္နဝါရီလဝန္းက်င္မွ India မွာ Update စတင္ရရွိမယ္လို႔ သတင္းေတြထြက္ရွိခဲ့ေပမယ့္ အခုအခ်ိန္မွာ ထင္ထားတာထက္ေစာၿပီး Update လုပ္ႏိုင္ေနတာျဖစ္ပါတယ္။

အဆိုပါ Galaxy M20 နဲ႔ M30 စမတ္ဖုန္းေတြဟာ Exynos 7904 Processor အျပင္ ႀကီးမားတဲ့ 5000mAh Battery ေတြေၾကာင့္ India ေစ်းကြက္မွာ ေအာင္ျမင္တဲ့ Mid Range ဖုန္းေတြလည္းျဖစ္ပါတယ္။ ယခု Android 10 Update နဲ႔အတူ OneUI 2.0 ကိုပါ Update လုပ္သြားမွာျဖစ္တဲ့အတြက္ Navigation Gesture အသစ္အပါအဝင္ Feature အသစ္ေတြကိုလည္း ရရွိလာမွာျဖစ္ပါတယ္။

Samsung အေနနဲ႔ လာမယ့္ ၂၀၂၀ ႏွစ္စပိုင္းမွာလည္း Galaxy A Series ဖုန္းေတာ္ေတာ္မ်ားမ်ားကို Android 10 Update ထုတ္ေပးဖို႔ရွိေနတဲ့အတြက္ Samsung အတြက္ကေတာ့ ဒီတစ္ႀကိမ္မွာ Android Update ပိုင္း အားရဖို႔ေကာင္းေနပါတယ္။

Ref – Phone Arena