Samsung ဟာ Galaxy W20 5G foldable ကို တရုတ်နိုင်ငံဈေးကွက်ထဲမှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီဟန်းဆက်ဟာ မူလ Galaxy Fold ကို 5G ဗားရှင်းအဖြစ် ပြောင်းလဲထုတ်လုပ်လိုက်တာလို့ ဆိုနိုင်ပါတယ်။ အခုတော့ W20 ကိုဆက်ခံမယ့် W21 ကို တရုတ်ဈေးကွက်ထဲမှာပဲ ထပ်ဖြန့်ဖို့ ကြိုးစားနေတာကို တွေ့မြင်လာရပါပြီ။

ဒီလိုပြောနိုင်တဲ့အကြောင်းရင်းကတော့ Samsung Galaxy W21 5G Foldable ဟာ တရုတ်ရဲ့ 3C နဲ့ TENAA အသိအမှတ်ပြုမှုကို ရရှိလာတာကို တွေ့ရလို့ပဲ ဖြစ်ပါတယ်။ Samsung W20 5G ရဲ့ မော်ဒယ်နံပါတ်ဟာ SM-W2020 ဖြစ်ပြီး အခု 3C နဲ့ TENAA တို့က Approve ပေးလိုက်တဲ့မော်ဒယ်နံပါတ်ကတော့ SM-W2021 ဖြစ်ပါတယ်။

SM-W2021 ရဲ့ နာမည်ကို တိတိပပ မသိရသေးပေမယ့် ဒီ Device ဟာ Samsung W21 5G အဖြစ် တရားဝင်ထွက်ပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်။ TENAA ရဲ့ Listing အရ သိနိုင်တဲ့အချက်အလက်အချို့ကတော့ W21 5G ဟာ 128.2 x 159.2 x 6.2mm အရွယ်အစားရှိပြီး အဓိကမျက်နှာပြင်ဟာ 6.23-inch ရှိပါလိမ့်မယ်။

ဒါ့အပြင် Galaxy W21 5G ဟာ Galaxy Z Fold 2 တရုတ်ဗားရှင်း အဖြစ်မြင်တွေ့ရနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ Z Fold 2 ရဲ့ နိုင်ငံတကာအမျိုးအစားဟာ 4,500mAh ဘက်ထရီနဲ့ ဖြစ်ပါတယ်။ တရုတ်ဗားရှင်းတွေကတော့ ဈေးနှုန်းသတ်မှတ်ချက်ကြောင့် ဘက်ထရီပိုင်းမှာ အနည်းငယ်လျော့နည်းသွားဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ဘက်ထရီပမာဏ လျော့နည်းသွားနိုင်ပေမယ့် ကုမ္ပဏီဟာ 15W charger တော့ ထည့်ပေးလိုက်မယ်လို့ မျှော်လင့်ရပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ Galaxy Z Fold 2 ဟာ 25W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် 3C အသိအမှတ်ပြုချက်အရ Galaxy W21 ဟာ 5G အသုံးပြုနိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ Galaxy W20 5G ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက မိတ်ဆက်ခဲ့တာကြောင့် အခု Galaxy W21 5G ကိုလည်း လာမယ့်လထဲမှာပဲ ရောင်းချသွားဖွယ်ရှိပါတယ်။

Ref: Gizmochina