Samsung ဟာ W21 5G ကို တရုတ်မှာ ဒီလ ၄ ရက်နေ့ ကြေညာဖို့ စိုင်းပြင်နေပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ Live ဓါတ်ပုံ ၁ ပုံ ထွက်ပေါ်လာပြီး အနောက်ဘက် ဘယ်ဘက်အထက်မှာ ကင်မရာ ၃ လုံးကို လေးထောင့်အကွက်ထဲမှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ ကင်မရာတွေနဲ့အတူ LED Flash ၁ လုံးပါ ပါလာပါတယ်။

Samsung W21 Live Image Leak

အနောက်ဘက်မှာ Texture ဒီဇိုင်း ထည့်သွင်းထားကို ထင်ထင်ရှားရှား မြင်ရပါတယ်။ Galaxy Z  Fold 2 မှာလိုပဲ Galaxy W21 5G မှာ ဖုန်း ခေါက်ချိုးထားချိန် သုံးနိုင်မယ့် မျက်နှာပြင် အပို ပါလာပါတယ်။ မျက်နှာပြင်မှာ အရှေ့ ကင်မရာ တပ်ထားတဲ့ Punch Hole ၁ ခု ထည့်သွင်းထားပါတယ်။ TENAA မှာ အဲဒီဖုန်းကို မကြာခင်က တွေ့ခဲ့ရပြီး ဖုန်း Specs အပြည့်အစုံ နီးပါး ဖော်ပြထားပါတယ်။

Samsung Galaxy W21 5G ရဲ့ ကာဗာ မျက်နှာပြင်ဟာ ၆.၂၃ လက်မ 816x2260p နဲ့ အတွင်း မျက်နှာပြင်ဟာ ၇.၅၃ လက်မ 2208x1768p ဖြစ်ပါတယ်။ Snapdragon 865 Plus Chipset မောင်းနှင်ထားပြီး RAM/ Storage အကြောင်း ပြောရရင် 12GB / 512GB ထည့်ထားပါတယ်။ microSD Card Slot ပါတဲ့အတွက် ဒေတာတွေ များများ သိမ်းနိုင်ပါတယ်။

အနောက် ကင်မရာ ၃ လုံးစလုံးက 12MP ဖြစ်နိုင်ပြီး အရှေ့ဘက်မှာ 12MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။ 2090mAh+2160mAh ၂ လုံး ပူးတွဲထားပြီး 3C မှာ 25W Fast Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။

Ref : gizmochina