Samsung ဟာ ပြီးခဲ့တဲ့ နှစ်မှာ W21 5G စမတ်ဖုန်းကို ရောင်းချခဲ့ပြီး အခုတော့ မျိုးဆက်သစ်ကို ကြေညာတော့မှာပါ။ Samsung က W22 5G ကြေညာမယ့်နေ့ကို တရားဝင် အသိပေးလိုက်ပါပြီ။ တရုတ်မှာ ဒီလ ၁၃ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီမှာ ကြေညာမှာ ဖြစ်ပြီး မကြာခင်မှာ ရောင်းချပေးမယ်လို့ ထင်ရပါတယ်။

အရင်ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ Samsung W22 5G ရဲ့ ဒီဇိုင်းဟာ မကြာခင်က ကြေညာခဲ့တဲ့ Galaxy Z Fold 3 နဲ့ တူညီမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အပြင်ဘက် ဒီဇိုင်းကတော့ ကွဲပြားမှာ ဖြစ်ပြီး အတွင်းပိုင်းက Z Fold 3 နဲ့ တူညီမှာပါ။ W22 5G မှာ Qualcomm Snapdragon 888 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 16GB RAM နဲ့ 512GB Internal Storage အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Samsung W22 5G render leaks (a Z Fold3 for China), Z Flip3 pops up in Navy  Blue - GSMArena.com news

W22 5G မှာ ၇.၆ လက်မ ပင်မ မျက်နှာပြင်နဲ့ ၆.၂ လက်မ ကာဗာ မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး  မျက်နှာပြင် ၂ ခုစလုံးမှာ 120Hz Refresh Rate ပါလာနိုင်ပါတယ်။ Gorilla Glass နဲ့ မျက်နှာပြင်တွေကို ကာကွယ်ထားနိုင်ပြီး ကင်မရာ ၃ လုံးနဲ့ မျက်နှာပြင်အောက် ကင်မရာ ပါလာမယ်လို့ သတင်းပေါက်ကြားနေပါတယ်။

W22 5G မှာ 4,400mAh ဘက်ထရီနဲ့ Fast Charging ပါလာနိုင်ပြီး 25W Wired Fast Charging နဲ့ 11W Wireless Fast Charging တွေ ဖြစ်နိုင်ပါတယ်။ တရုတ်မှာ ၁၈,၉၉၉ ယွမ်နဲ့ ရောင်းချနိုင်ပြီး မြန်မာငွေ ၅၇ သိန်းကျော်တဲ့အတွက် ဈေး မသေးပါဘူး။ ဒီသတင်းသာ မှန်မယ်ဆိုရင် Z Fold 3 ရဲ့ ၁၄,၉၉၉ ယွမ်ထက် ပိုဈေးကြီးနေမှာပါ။

Ref : gizmochina