Samsung က Galaxy Watch 3 ကို ထုတ်လုပ်ရောင်းချမယ်လို့ မကြာခင်က အတည်ပြုခဲ့ပြီး Support Page ကို လွှင့်တင်ထားပြီးပါပြီ။ အခုတော့ Samsung Wearable App မှာ Galaxy Watch 3 ရဲ့ အထောက်အထားတွေ့လာရပြီ ဖြစ်ပါတယ်။

Samsung က Galaxy Watch Active 2 ထွက်ထားတဲ့အတွက် Galaxy Watch 2 ကို မထုတ်လုပ်ဘဲ ကျော်သွားခဲ့ပြီး နောက်မျိုးဆက် စမတ်နာရီအသစ်ကို အာရုံပိုစိုက်ချင်ခဲ့ပါတယ်။ Galaxy Watch 3 ကို ပြီးခဲ့တဲ့ ရက်ပိုင်းက NBTC မှာ မှတ်ပုံတင်ထားပါတယ်။

FCC က စာရင်းအရ Bluetooth +WiFi နဲ့ LTE Version တွေထွက်လာမှာ ဖြစ်ပြီး ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Samsung ဟာ Galaxy Watch 3 မှာ Rotating Bezel ကို ပြန်သုံးထားနိုင်ပြီး Gorilla Glass DX ဖုန်းအုပ်ထားနိုင်ပါတယ်။ Wearable App မှာ နောက်ထပ် ဓါတ်ပုံ ၁ ပုံကိုလည်း တွေ့ရပြီး ပဲတောင့် စတိုင် Galaxy Buds ဖြစ်နိုင်ပါတယ်။ အဲဒီနားကြပ်နဲ့ ပတ်သက်တဲ့ သတင်းတွေ အရင်က ထွက်ပေါ်ခဲ့ဖူးပြီး App က ကုဒ်တွေအရ Galaxy BudsX လို့လည်း နာမည်ပေးထားနိုင်ပါတယ်။ Samsung က မကြာခင်မှာ Wearable အသစ် ၂ လုံးကို ကြေညာနိုင်ပါတယ်။

Ref : gsmarena