Unicode

Samsung ကနေ ဒီနှစ် ၂၀၁၉ ခုနှစ်ထဲမှာ ပထမဆုံးသော Foldable Phone တစ်လုံးဖြစ်တဲ့ Galaxy Fold ဖုန်းကို နောက်ဆုံးမှာ အောင်မြင်စွာရောင်းချနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ လာမယ့် ၂၀၂၀ မှာပါ Foldable Phone အသစ်ကို မိတ်ဆက်ဖို့က ကျိန်းသေသလောက်ကို ရှိနေပါပြီ။

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းကလည်း အဆိုပါ Galaxy Fold 2 ရဲ့ ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့သလို အခုလည်းနောက်ထပ်သတင်းတစ်ခုက ထပ်ပြီးထွက်ပေါ်လာခဲ့ပါတယ်။

အခုသတင်းကတော့ Galaxy Fold 2 ကို တရားဝင်မိတ်ဆက်မယ့်နဲ့ အချိန်နဲ့ သက်ဆိုင်တဲ့သတင်းဖြစ်ပြီးတော့ Galaxy Fold 2 ဟာ လာမယ့် ဖေဖော်ဝါရီလမှာ မိတ်ဆက်လာမယ့် Galaxy S11 Series စမတ်ဖုန်းတွေ မမိတ်ဆက်ခင်မှာ မိတ်ဆက်လာမှာဖြစ်ပါတယ်။

Samsung ကတော့ အခု Galaxy S11 Series ဖုန်းတွေကို မိတ်ဆက်မယ့်အချိန်ကို တရားဝင်ပြောကြားထားခြင်းမရှိသေးပေမယ့် သတင်းတွေအရတော့ လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Samsung Galaxy Fold 2 ဟာ လာမယ့် ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလ အစပိုင်းမှာ မိတ်ဆက်လာနိုင်ပါတယ်။

ဒီအသစ်ထွက်ရှိလာမယ့် Galaxy Fold 2 ဟာ Screen ကို အပေါ်ကနေ အောက်ကို ခေါက်ချိုးရတဲ့ဖုန်းဖြစ်လာမှာဖြစ်သလို စျေးနှုန်းအနေနဲ့လည်း လက်ရှိ Galaxy Fold ရဲ့ ထက်ဝက်ပဲရှိတဲ့ ဒေါ်လာ ၁,၀၀၀ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အခုစျေးနှုန်းဟာ Galaxy S11 Series ဖုန်းတွေနဲ့ သိပ်မကွာတော့တဲ့အတွက် ဒီလိုမျိုး သီးခြားစီမိတ်ဆက်ဖို့ စီစဥ်ထားတာလည်းဖြစ်နိုင်ပါတယ်။

Ref – Gizmo China

Zawgyi

Samsung ကေန ဒီႏွစ္ ၂၀၁၉ ခုႏွစ္ထဲမွာ ပထမဆုံးေသာ Foldable Phone တစ္လုံးျဖစ္တဲ့ Galaxy Fold ဖုန္းကို ေနာက္ဆုံးမွာ ေအာင္ျမင္စြာေရာင္းခ်ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ လာမယ့္ ၂၀၂၀ မွာပါ Foldable Phone အသစ္ကို မိတ္ဆက္ဖို႔က က်ိန္းေသသေလာက္ကို ရွိေနပါၿပီ။

ၿပီးခဲ့တဲ့ရက္သတၱပတ္ပိုင္းတုန္းကလည္း အဆိုပါ Galaxy Fold 2 ရဲ႕ ဓါတ္ပုံေတြက ေပါက္ၾကားလာခဲ့သလို အခုလည္းေနာက္ထပ္သတင္းတစ္ခုက ထပ္ၿပီးထြက္ေပၚလာခဲ့ပါတယ္။

အခုသတင္းကေတာ့ Galaxy Fold 2 ကို တရားဝင္မိတ္ဆက္မယ့္နဲ႔ အခ်ိန္နဲ႔ သက္ဆိုင္တဲ့သတင္းျဖစ္ၿပီးေတာ့ Galaxy Fold 2 ဟာ လာမယ့္ ေဖေဖာ္ဝါရီလမွာ မိတ္ဆက္လာမယ့္ Galaxy S11 Series စမတ္ဖုန္းေတြ မမိတ္ဆက္ခင္မွာ မိတ္ဆက္လာမွာျဖစ္ပါတယ္။

Samsung ကေတာ့ အခု Galaxy S11 Series ဖုန္းေတြကို မိတ္ဆက္မယ့္အခ်ိန္ကို တရားဝင္ေျပာၾကားထားျခင္းမရွိေသးေပမယ့္ သတင္းေတြအရေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ သိရပါတယ္။ အဲ့ဒီအတြက္ Samsung Galaxy Fold 2 ဟာ လာမယ့္ ဇန္နဝါရီလ သို႔မဟုတ္ ေဖေဖာ္ဝါရီလ အစပိုင္းမွာ မိတ္ဆက္လာႏိုင္ပါတယ္။

ဒီအသစ္ထြက္ရွိလာမယ့္ Galaxy Fold 2 ဟာ Screen ကို အေပၚကေန ေအာက္ကို ေခါက္ခ်ိဳးရတဲ့ဖုန္းျဖစ္လာမွာျဖစ္သလို ေစ်းႏႈန္းအေနနဲ႔လည္း လက္ရွိ Galaxy Fold ရဲ႕ ထက္ဝက္ပဲရွိတဲ့ ေဒၚလာ ၁,၀၀၀ ဝန္းက်င္နဲ႔ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ အခုေစ်းႏႈန္းဟာ Galaxy S11 Series ဖုန္းေတြနဲ႔ သိပ္မကြာေတာ့တဲ့အတြက္ ဒီလိုမ်ိဳး သီးျခားစီမိတ္ဆက္ဖို႔ စီစဥ္ထားတာလည္းျဖစ္ႏိုင္ပါတယ္။

Ref – Gizmo China