Unicode

Samsung ရဲ့ Galaxy S Series စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့် နှစ်စဥ် Bercelona မှာ ဖေဖော်ဝါရီလတိုင်းကျင်းပနေကြ Mobile World Congress (MWC) မတိုင်ခင်မှာ မိတ်ဆက်လေ့ရှိပါတယ်။ မနှစ်ကဆိုရင်လည်း Galaxy S10 Series ဖုန်းတွေဟာ MWC ကျင်းပခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မတိုင်ခင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခုလည်း Samsung ကနေ Galaxy S11 Series တွေကို နောက်နှစ် MWC ကျင်းပမယ့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်ခင် မိတ်ဆက်လာမယ်လို့ ယူဆရပြီးတော့ Samsung နဲ့ ပတ်သတ်တဲ့သတင်းတွေကို ဖော်ပြနေကြ Leakster တစ်ဦးဖြစ်တဲ့ Ice Universe ကတော့ လာမယ့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မိတ်ဆက်လာမယ်ဆိုပြီး ပြောကြားထားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Ice Universe ရဲ့ ပြောကြားချက်အရဆိုရင် Samsung ကနေ အဲ့ဒီနေ့မှာ S11 Series ဖုန်းတွေအပြင် Foldable Phone အသစ်ကိုပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။

ဒါပေမယ့် Samsung ကနေ မိတ်ဆက်လာမယ့် Foldable Phone အသစ်ဟာ ပြီးခဲ့တဲ့ Galaxy Fold လိုမျိုး စာအုပ်ပုံစံ Folable Design အစား ပြီးခဲ့တဲ့လတုန်းက မိတ်ဆက်ခဲ့တဲ့ Motorola Razr လိုမျိုး အထက်အောက်ခေါက်ချိုးလို့ရတဲ့ Design ဖြစ်လာမယ်လို့ သိရပါတယ်။ လက်ရှိပေါက်ကြားနေတဲ့သတင်းတွေအရတော့ အဆိုပါ Samsung ရဲ့ Foldable Phone အသစ်ဟာ စျေးနှုန်းအနေနဲ့ $840 ဝန်းကျင်ပဲ ရှိမယ်လို့ သိရတဲ့အတွက် Galaxy Fold ထက် စျေးနှုန်းအရ ထက်ဝက်ကျော်သက်သာမှာဖြစ်သလို Galaxy S11 ဖုန်းသစ်တွေထက်တောင် စျေးသက်သာနိုင်ပါသေးတယ်။

လောလောဆယ်မှာတော့ Samsung Galaxy S11 Series ဖုန်းတွေအားလုံးအတွက် Design ဓါတ်ပုံတွေနဲ့ Specification တွေအကုန်လုံးနီးပါး ပေါက်ကြားထားပြီးဖြစ်ပေမယ့်လည်း ဒီ Foldable Phone အသစ်မှာတော့ ဘယ်လို Feature တွေပါဝင်မလဲဆိုတာ မသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ ဒီ Foldable Phone အသစ်မှာလည်း Galaxy S11 ဖုန်းတွေလိုပဲ 108MP Camera Setup ကို အသုံးပြုလာနိုင်ပြီးတော့ 120Hz Display ကတော့ ပါဝင်လာနိုင်ခြေနည်းပါးနေပါတယ်။

Ref – Phone Arena

Zawgyi

Samsung ရဲ႕ Galaxy S Series စမတ္ဖုန္းေတြဟာ ပုံမွန္အားျဖင့္ ႏွစ္စဥ္ Bercelona မွာ ေဖေဖာ္ဝါရီလတိုင္းက်င္းပေနၾက Mobile World Congress (MWC) မတိုင္ခင္မွာ မိတ္ဆက္ေလ့ရွိပါတယ္။ မႏွစ္ကဆိုရင္လည္း Galaxy S10 Series ဖုန္းေတြဟာ MWC က်င္းပခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔မတိုင္ခင္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မွာ မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။

အခုလည္း Samsung ကေန Galaxy S11 Series ေတြကို ေနာက္ႏွစ္ MWC က်င္းပမယ့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔မတိုင္ခင္ မိတ္ဆက္လာမယ္လို႔ ယူဆရၿပီးေတာ့ Samsung နဲ႔ ပတ္သတ္တဲ့သတင္းေတြကို ေဖာ္ျပေနၾက Leakster တစ္ဦးျဖစ္တဲ့ Ice Universe ကေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔မွာ မိတ္ဆက္လာမယ္ဆိုၿပီး ေျပာၾကားထားခဲ့ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Ice Universe ရဲ႕ ေျပာၾကားခ်က္အရဆိုရင္ Samsung ကေန အဲ့ဒီေန႔မွာ S11 Series ဖုန္းေတြအျပင္ Foldable Phone အသစ္ကိုပါ မိတ္ဆက္လာမွာျဖစ္ပါတယ္။

ဒါေပမယ့္ Samsung ကေန မိတ္ဆက္လာမယ့္ Foldable Phone အသစ္ဟာ ၿပီးခဲ့တဲ့ Galaxy Fold လိုမ်ိဳး စာအုပ္ပုံစံ Folable Design အစား ၿပီးခဲ့တဲ့လတုန္းက မိတ္ဆက္ခဲ့တဲ့ Motorola Razr လိုမ်ိဳး အထက္ေအာက္ေခါက္ခ်ိဳးလို႔ရတဲ့ Design ျဖစ္လာမယ္လို႔ သိရပါတယ္။ လက္ရွိေပါက္ၾကားေနတဲ့သတင္းေတြအရေတာ့ အဆိုပါ Samsung ရဲ႕ Foldable Phone အသစ္ဟာ ေစ်းႏႈန္းအေနနဲ႔ $840 ဝန္းက်င္ပဲ ရွိမယ္လို႔ သိရတဲ့အတြက္ Galaxy Fold ထက္ ေစ်းႏႈန္းအရ ထက္ဝက္ေက်ာ္သက္သာမွာျဖစ္သလို Galaxy S11 ဖုန္းသစ္ေတြထက္ေတာင္ ေစ်းသက္သာႏိုင္ပါေသးတယ္။

ေလာေလာဆယ္မွာေတာ့ Samsung Galaxy S11 Series ဖုန္းေတြအားလုံးအတြက္ Design ဓါတ္ပုံေတြနဲ႔ Specification ေတြအကုန္လုံးနီးပါး ေပါက္ၾကားထားၿပီးျဖစ္ေပမယ့္လည္း ဒီ Foldable Phone အသစ္မွာေတာ့ ဘယ္လို Feature ေတြပါဝင္မလဲဆိုတာ မသိရွိရေသးပါဘူး။ ျဖစ္ႏိုင္တာကေတာ့ ဒီ Foldable Phone အသစ္မွာလည္း Galaxy S11 ဖုန္းေတြလိုပဲ 108MP Camera Setup ကို အသုံးျပဳလာႏိုင္ၿပီးေတာ့ 120Hz Display ကေတာ့ ပါဝင္လာႏိုင္ေျခနည္းပါးေနပါတယ္။

Ref – Phone Arena