[Zawgyi]

Samsung ဟာ သူ႔ရဲ႕ Mid-range ထဲမွာ ေရပန္းစားတဲ့ စမတ္ဖုန္းေတြကို နာမည္ေျပာင္းၿပီး ေဈးကြက္ေဖာ္ေဆာင္မႈ အသစ္တစ္ခု ျပဳလုပ္ခဲ့ပါတယ္။ မဟာဗ်ဴဟာသစ္မွာ ေမြးဖြားလာတဲ့ Galaxy A series ဖုန္းေတြကလည္း အေတာ္ေလးကို ေအာင္ျမင္သြားခဲ့တာကို ေတြ႕ျမင္ရမွာပါ။

A10, A20, A30, A40, A50, A60, A70, A80 စတာေတြကေတာ့ လူႀကိဳက္မ်ားလို႔ နာမည္ေက်ာ္ခဲ့ပါတယ္။ Samsung က သူ႔ရဲ႕ စမတ္ဖုန္းေတြကို နာမည္ေျပာင္းရာမွာ A အကၡရာေနာက္မွာ ဂဏန္း ၂ လုံးပဲ ထည့္ခဲ့ပါတယ္။ A10e ဆိုရင္လည္း အကၡရာ၊ ဂဏန္း ၂ လုံးနဲ႔ အကၡရာပဲ ျပန္သုံးထားတာပါ။ ဒါေပမယ့္ ဒီအစဥ္အလာကို လာမယ့္ ၂၀၂၀ မွာေတာ့ ေျပာင္းလဲဖြယ္ ရွိေနေသးတယ္လို႔ သတင္းထြက္လာျပန္ပါတယ္။

အထက္မွာ ေဖာ္ျပခဲ့တဲ့ စမတ္ဖုန္းေတြကို ဆက္ခံမယ့္ ထုတ္ကုန္သစ္ေတြအတြက္ Samsung ရဲ႕ နာမည္ေပးထားပုံကို (EUIPO) ဥေရာပသမဂၢ ဉာဏမူပိုင္ခြင့္ဆိုင္ရာ႐ုံးကတစ္ဆင့္ ေတြ႕ျမင္ရတာက Samsung A11, A21, A31, A41, A51, A61, A71, A81, A91 စတာေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီစမတ္ဖုန္းကိုးလုံးရဲ႕ေနာက္ A Series ေတြကို ဘယ္လိုမ်ိဳး နာမည္ဆက္ေပးမလဲဆိုတဲ့ ေမးခြန္းနဲ႔အတူ ဒီထင္ျမင္ခ်က္ကလည္း ေပၚေပါက္လာတာ ျဖစ္ပါတယ္။

Samsung ရဲ႕ လက္ရွိအမည္ေပးပုံ အစဥ္အလာအတိုင္းဆိုရင္ေတာ့ A91 ေနာက္မွာ A100, A200 ဆိုၿပီး အကၡရာေနာက္မွာ ဂဏန္းသုံးလုံးနဲ႔ ျဖစ္သြားႏိုင္တယ္လို႔ ဒတ္ခ်္မီဒီယာ တစ္ခုက သုံးသပ္ေဖာ္ျပထားတာကို ေတြ႕လိုက္ရပါတယ္။ ဒါမွမဟုတ္ J ကေန A ကို ေျပာင္းလဲလိုက္သလို ေရွ႕ကအကၡရာကိုပဲ ေျပာင္းလဲဦးမွာလားလို႔ ေမးခ်င္စရာ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ Samsung A11, A21, A31, A41, A51, A61, A71, A81, A91 ဆိုတဲ့ ၉ မ်ိဳးကေတာ့ ေသခ်ာေနပါၿပီ။

Ref: GSM Arena

[Unicode]

Samsung Galaxy A Series တွေဟာ အက္ခရာနောက်မှာ ဂဏန်း ၃ လုံးနဲ့ ဖြစ်လာမှာလား

Samsung ဟာ သူ့ရဲ့ Mid-range ထဲမှာ ရေပန်းစားတဲ့ စမတ်ဖုန်းတွေကို နာမည်ပြောင်းပြီး ဈေးကွက်ဖော်ဆောင်မှု အသစ်တစ်ခု ပြုလုပ်ခဲ့ပါတယ်။ မဟာဗျူဟာသစ်မှာ မွေးဖွားလာတဲ့ Galaxy A series ဖုန်းတွေကလည်း အတော်လေးကို အောင်မြင်သွားခဲ့တာကို တွေ့မြင်ရမှာပါ။

A10, A20, A30, A40, A50, A60, A70, A80 စတာတွေကတော့ လူကြိုက်များလို့ နာမည်ကျော်ခဲ့ပါတယ်။ Samsung က သူ့ရဲ့ စမတ်ဖုန်းတွေကို နာမည်ပြောင်းရာမှာ A အက္ခရာနောက်မှာ ဂဏန်း ၂ လုံးပဲ ထည့်ခဲ့ပါတယ်။ A10e ဆိုရင်လည်း အက္ခရာ၊ ဂဏန်း ၂ လုံးနဲ့ အက္ခရာပဲ ပြန်သုံးထားတာပါ။ ဒါပေမယ့် ဒီအစဉ်အလာကို လာမယ့် ၂၀၂၀ မှာတော့ ပြောင်းလဲဖွယ် ရှိနေသေးတယ်လို့ သတင်းထွက်လာပြန်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ စမတ်ဖုန်းတွေကို ဆက်ခံမယ့် ထုတ်ကုန်သစ်တွေအတွက် Samsung ရဲ့ နာမည်ပေးထားပုံကို (EUIPO) ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ဆိုင်ရာရုံးကတစ်ဆင့် တွေ့မြင်ရတာက Samsung A11, A21, A31, A41, A51, A61, A71, A81, A91 စတာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစမတ်ဖုန်းကိုးလုံးရဲ့နောက် A Series တွေကို ဘယ်လိုမျိုး နာမည်ဆက်ပေးမလဲဆိုတဲ့ မေးခွန်းနဲ့အတူ ဒီထင်မြင်ချက်ကလည်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Samsung ရဲ့ လက်ရှိအမည်ပေးပုံ အစဉ်အလာအတိုင်းဆိုရင်တော့ A91 နောက်မှာ A100, A200 ဆိုပြီး အက္ခရာနောက်မှာ ဂဏန်းသုံးလုံးနဲ့ ဖြစ်သွားနိုင်တယ်လို့ ဒတ်ချ်မီဒီယာ တစ်ခုက သုံးသပ်ဖော်ပြထားတာကို တွေ့လိုက်ရပါတယ်။ ဒါမှမဟုတ် J ကနေ A ကို ပြောင်းလဲလိုက်သလို ရှေ့ကအက္ခရာကိုပဲ ပြောင်းလဲဦးမှာလားလို့ မေးချင်စရာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Samsung A11, A21, A31, A41, A51, A61, A71, A81, A91 ဆိုတဲ့ ၉ မျိုးကတော့ သေချာနေပါပြီ။

Ref: GSM Arena