IFA ဟာ လူသိများပြီး ထင်ရှားတဲ့ အီလက်ထရောနစ်ကုန်စည်ပြပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ Samsung ကလည်း လွန်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကတည်းက ဒီပြပွဲကြီးမှာ ပုံမှန်လိုလို တက်ရောက်ပြသခဲ့ပါတယ်။ ဒီနှစ်တော့ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ IFA ကို တက်ရောက်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

IFA (International Funkausstellung) 2020 ကို စက်တင်ဘာလ ၄ ရက်နေ့ကနေ ၉ ရက်နေ့အထိ ပြုလုပ်ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ကြောင့် ဒီပွဲကလည်း MWC (Mobile World Congress) လိုပဲ အချိန်မရွေး ဖျက်သိမ်းခံသွားရနိုင်ပါတယ်။

တောင်ကိုရီးယားမီဒီယာ EDaily နဲ့ SamMobile ရဲ့ ဖော်ပြချက်အရ အစောပိုင်းတုန်းကတော့ Samsung ဟာ ပွဲဖျက်သိမ်းကြောင်း တရားဝင်မကြေညာခင်အထိ ကုန်စည်ပြပွဲကို တက်ရောက်ဖို့ စိတ်ကူးထားခဲ့ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ နှစ်စဉ်လာရောက်သူ တစ်သိန်းကျော်ရှိတဲ့ ဒီကုန်စည်ပြပွဲကိုတက်ရောက်ဖို့ ပထမဆုံးအကြိမ်အဖြစ် ပျက်ကွက်တော့မှာ ဖြစ်ပါတယ်။

အရင်နှစ်တွေတုန်းကတော့ ဒီကုန်စည်ပြပွဲဟာ Galaxy Note စီးရီးကို ပွဲထုတ်ရာ ပလက်ဖောင်းတစ်ခုလို ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း Samsung ဟာ IFA 2019 မှာပဲ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်းဖြစ်တဲ့ Galaxy A90 ကို အခြားအိမ်သုံးပစ္စည်းတွေနဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာတော့ IFA မှာ Samsung ရဲ့ ထုတ်ကုန်သစ်တွေကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။ သတင်းတွေအရတော့ Galaxy Note 20 စီးရီးနဲ့ Galaxy Fold 2 ကို သြဂုတ်လ ၅ ရက်နေ့မှာ ကြေညာဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref: Gizmochina