Samsung ဟာ လာမယ့် မျိုးဆက်သစ် Galaxy S21 မှာ 3D ToF (Time of Flight) Feature ကို မထည့်သွင်းတော့ဘဲ ချန်လှပ်ထားနိုင်တယ်လို့ တောင်ကိုရီးယား နည်းပညာဘလော့ဂ် TheElec က ရေးသားဖော်ပြလိုက်ပါတယ်။

ဒီသတင်းက ရာနှုန်းပြည့် ခိုင်မာတဲ့ ရင်းမြစ်ကထွက်လာတာမဟုတ်ပေမယ့် အဓိကအကြောင်းပြချက်ဟာ ToF ကိုသုံးတဲ့ “killer contents” မရှိတာကြောင့်လို့ ဆိုပါတယ်။ ToF feature ဟာ ပြီးခဲ့တဲ့နှစ် Galaxy S 10 တွေမှာ စတင်ခဲ့ပြီး နောက်ပိုင်း Galaxy Note 10 တွေမှာလည်း ပါဝင်လာခဲ့ပါတယ်။

Galaxy S20 စီးရီးမှာလည်း ToF အာရုံခံကိရိယာ ပါဝင်ပါတယ်။ Samsung ဟာ Apple နဲ့ Huawei တို့ကို ယှဉ်ပြိုင်ဖို့အတွက် ToF Feature ကို သူ့ရဲ့ Flagship တွေမှာ ထည့်သွင်းခဲ့တာလို့ ယူဆထားသူတွေလည်း ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း Samsung ရဲ့ ToF feature ဟာ Apple လို အောင်မြင်ခြင်း မရှိဘူးလို့ ဆိုရမှာပါ။

Apple ဟာ သူ့ရဲ့ iPad Pro တက်ဘလက်တွေမှာ LiDAR ဆင်ဆာကိုဖြတ်ပြီး ToF ကို တိုက်ရိုက်သုံးတာဖြစ်ပေမယ့် Samsung ကတော့ ဒီလိုမျိုး တိုက်ရိုက်သုံးတာမဟုတ်ပါဘူး။ Samsung ရဲ့ ToF module တွေဟာ အရာဝတ္ထုကနေ ပြန်ပြီးထုတ်လွှတ်လိုက်တဲ့ အလင်းနဲ့လှိုင်းတွေရဲ့ အကွာအဝေးကို တိုင်းတာပြီး ခြားနားတဲ့တွက်ချက်ခြင်းမျိုး ဖြစ်ပါတယ်။

Samsung ရဲ့ ToF range ဟာ ၃ မီတာ ဖြစ်ပြီး Apple ရဲ့ ToF ကတော့ အကွာအဝေး ၆ မီတာ ရှိပါတယ်။ ဒါက ကုမ္ပဏီနှစ်ခုရဲ့ ToF ကြားက ကွာခြားချက် ဖြစ်ပါတယ်။ တိုက်ရိုက် ToF image sensor တွေဟာ Sony က ထုတ်လုပ်တာဖြစ်ပေမယ့် ဂျပန်ကုမ္ပဏီဟာ Apple နဲ့ သီးသန့်သဘောတူညီချက်တွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် Samsung ဟာ S10 ကနေ S20 စီးရီးအထိ တိုက်ရိုက်မမဟုတ်တဲ့ ToF image sensor တွေကိုပဲ ဝယ်သုံးရတာ ဖြစ်ပါတယ်။

Ref: Gizmochina