Samsung ဟာ ယခင်ထဲက Flagship စမတ်ဖုန်းတွေမှာ Qualcomm Snapdragon Chipset တွေအပြင် ကိုယ်ပိုင် Exynos Chipset တွေကိုပါ Region အလိုက်ခွဲသုံးလာတာအချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာ Galaxy S20 Series ဖုန်းတွေမှာ သုံးထားတဲ့ Exynos 990 Chipset ဟာ Snapdragon 865 နဲ့ယှဥ်ရင် သိသိသာသာအားနည်းနေတဲ့အတွက် ဝေဖန်မှုတွေကို ခံနေရပါတယ်။

အခုလိုမျိုး Exynos Chipset တွေနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေကို ခံနေရပေမယ့်လည်း Samsung ဟာ Google နဲ့ ပူးပေါင်းပြီး Google အတွက် အထူးပြုလုပ်ထားတဲ့ Exynos Chipset တစ်ခုကို ထောက်ပံ့ပေးသွားဖို့ စီစဥ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ဒါကတော့ Samsung ကနေ Google အတွက် 5nm Architecture ကို အခြေခံထားတဲ့ Custom Chipset တစ်ခုကိုထုတ်လုပ်သွားမှာပဲဖြစ်ပါတယ်။ လက်ရှိသိထားရတဲ့သတင်းတွေအရဆိုရင် ဒီနှစ်မှာ 5nm Architecture ကို အသုံးပြုလာမယ့်စမတ်ဖုန်းတွေက A14 Bionic Chip နဲ့ Apple iPhone 12 Series ၊ Kirin 1020 Chipset နဲ့ Huawei Mate 40 Series ဖုန်းတွေပဲရှိနေတဲ့အတွက် Google ရဲ့ စမတ်ဖုန်းအသစ်ပါ ပါဝင်လာနိုင်ပါတယ်။

Samsung ကနေ Google ကို ထောက်ပံ့သွားမယ့် 5nm Exynos Chipset အကြောင်းကိုတော့အသေးစိတ်မသိရသေးပေမယ့် Octa-core Chipset အမျိုးအစားဖြစ်ပြီး Cortex-A78 Core ၂ လုံး၊ Cortex-A76 Core ၂ လုံးနဲ့ Cortex-A55 Core ၄ လုံးစီပါဝင်မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ GPU ပိုင်းမှာလည်း မမိတ်ဆက်ရသေးတဲ့ Mali MP20 GPU ကို အခြေခံထားတဲ့ GPU အသစ်ကို သုံးစွဲလာမှာပါ။

အဲ့ဒီထက် စိတ်ဝင်စားဖို့ကောင်းနေတာကတော့ အဆိုပါ Chipset ကို Samsung Exynos ကနေ ထုတ်လုပ်မှာဖြစ်ပေမယ့် Camera နဲ့ AI ပိုင်းအတွက် အဓိကကျတဲ့ ISP နဲ့ NPU တွေကိုတော့ Samsung အစား Google ရဲ့ ကိုယ်ပိုင် Pixel Visual Core နဲ့ NPU တွေကို ပြောင်းလဲအသုံးပြုထားမှာဖြစ်တယ်လို့ သိရပါတယ်။

Google ဟာ ယခင်ထဲက Intel ၊ Qualcomm ၊ Broadcom နဲ့ Nvidia တို့က Chip Designer နဲ့ Engineer တွေကို လိုက်ပြီး အလုပ်ခေါ်ခန့်ထားသလို လက်ရှိ Pixel ဖုန်းတွေမှာလည်း Pixel Visual Core ၊ Titan M Security Chip အစရှိတဲ့ Custom Core တွေကို တပ်ဆင်ထားပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီလိုမျိုး Exynos နဲ့ ပူးပေါင်းပြီး Pixel ဖုန်းတွေအတွက် သီးသန့် 5nm Chipset ကို ကိုယ်တိုင်ထုတ်လုပ်ဖို့ကြံစည်နေတာက ဖြစ်နိုင်ခြေအလွန်များပြားနေပါတယ်။

လောလောဆယ်မှာတော့ ယခုနှစ်ကုန်ပိုင်းမှာ ထွက်ရှိမယ့် Google Pixel 5 စမတ်ဖုန်းဟာ Flagship Chipset အစား Snapdragon 765G နဲ့ပဲ မိတ်ဆက်လာမယ်လို့လည်း သတင်းတွေထွက်နေတဲ့အတွက် ဒီ 5nm Custom Chipset ကို ဘယ် Pixel ဖုန်းမှာ အသုံးပြုလာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref – Gizmo China