Samsung ဟာ ကုမ္ပဏီရဲ့ ဒုတိယမြောက် Foldable Phone ဖြစ်တဲ့ Galaxy Z Flip ဖုန်းကို ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဆိုပါ Galaxy Z Flip ဟာ ထူးခြားချက်အနေနဲ့ Plastic OLED Display အစား Ultra-thing Glass (UTG) Display ကို ပထမဆုံးအနေနဲ့ သုံးစွဲထားတဲ့ Foldable Phone တစ်လုံးလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Galaxy Z Flip ရဲ့  Ultra-thin Glass က သာမန် Glass တွေလောက်မာကျောမှုမရှိဘူးဆိုပြီး JerryRigsEverything ရဲ့ YouTube Video ကနေ ပြောကြားခဲ့ပါသေးတယ်။ အဲ့ဒီအတွက် Galaxy Z Flip ရဲ့ Display က Glass အစစ်ဟုတ်ရဲ့လားဆိုပြီး သံသယတွေလည်း ရှိနေပြီဖြစ်ပါတယ်။

အခုလိုမျိုး ကိစ္စတွေကြုံတွေ့နေရပေမယ့်လည်း Samsung ကတော့ Galaxy Z Flip မှာ အသုံးပြုထားတဲ့ Ultra-thin Glass (UTG) ထုတ်လုပ်မှုကို တိုးမြှင့်လိုက်ပြီး တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေကိုပါ ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ UTG Display နဲ့ ပတ်သတ်ပြီး အချက်အလက်အချို့ကိုပါ ပြောကြားခဲ့ပါသေးတယ်။ Samsung ရဲ့ ပြောကြားချက်အရတော့ UTG Display ကို Display ပုံစံမျိုးစုံအတွက် ထုတ်ပေးနိုင်ပြီဖြစ်သလို 30µm ပဲ အထူရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ တူညီတဲ့မာကျောနှုန်းရှိနေဖို့အတွက်လည်း Special Material တစ်ခုကို အနက်ပမာဏတစ်ခုအထိ ထည့်သွင်းထားတာဖြစ်ပါတယ်။ Samsung ကတော့ Galaxy Z Flip ရဲ့ UTG Display ဟာ အကြိမ်ရေ ၂ သိန်းအထိ ခေါက်နိုင်တယ်ဆိုပြီး ကြော်ငြာထားပါသေးတယ်။

ဘာပဲဖြစ်ဖြစ် Samsung ကနေ ဒီလိုမျိုး UTG Display တွေကို အမြောက်အများထုတ်လုပ်ရောင်းချတော့မယ့်အတွက် ဒီနှစ်ထဲမှာ တခြားသောကုမ္ပဏီတွေက Foldable Phone အများအပြားကို တွေ့လာဖို့များနေပါတယ်။

Ref – Android Police