Unicode

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက Google ကနေ Pixel 4 စမတ်ဖုန်းတွေမှာ Project Soli Radar နည်းပညာကို အသုံးပြုထားတဲ့ Air Gesture Feature အသစ်ကို မိတ်ဆက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Samsung ကနေ Selfie Camera ကိုပဲ အသုံးပြုပြီး စာရိုက်နိုင်မယ့် Feature ကို မိတ်ဆက်လာတော့မှာပါ။

Samsung ကနေ လာမယ့် ဇန်နဝါရီလမှာ La Vagas မှာ ပြုလုပ်မယ့် CES 2020 Event မှာ သူ့ရဲ့ C-Lab Incubation Program က Project မျိုးစုံကို ပြသမယ်လို့ ကြေညာခဲ့ပါတယ်။ အဆိုပါ Project တွေထဲမှာ SelfieType က စိတ်ဝင်စားဖို့အကောင်းဆုံးဖြစ်နေတာပါ။

SelfieType Project က စမတ်ဖုန်းမှာပါဝင်တဲ့ Selfie Camera ကိုအသုံးပြုပြီး AI Algorithm ကနေတစ်ဆင့် Virtual Keyboard တစ်ခုကို ဖန်တီးပေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းကို ကိုယ့်ရှေ့မှာထားပြီး စားပွဲတစ်ခုခုပေါ်မှာ စာရိုက်သလိုပြုလုပ်လိုက်တာနဲ့တင် စာရိုက်နိုင်မှာပါ။

Samsung ရဲ့ Website မှာ ရေးသားထားတာကတော့ SelfieType Feature ဟာ သီးခြား Hardware အသုံးပြုစရာမလိုအပ်တဲ့အပြင် Mobile Device တွေဖြစ်တဲ့ စမတ်ဖုန်း၊ Tablet နဲ့ Laptop တွေမှာပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Selfie Camera နဲ့တင် Virtual Keyboard တစ်ခုကို ဖန်တီးနိုင်မယ်ဆိုတာက အထင်ကြီးစရာ Feature တစ်ခုဖြစ်ပေမယ့် အဆိုပါ Feature ပါဝင်လာမယ့် Mobile Device တွေကတော့ ထွက်ရှိလာဦးမှာ မဟုတ်သေးဘူးလို့ ယူဆရပါတယ်။

Ref – Android Authority

Zawgyi

ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက Google ကေန Pixel 4 စမတ္ဖုန္းေတြမွာ Project Soli Radar နည္းပညာကို အသုံးျပဳထားတဲ့ Air Gesture Feature အသစ္ကို မိတ္ဆက္လာခဲ့ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာ Samsung ကေန Selfie Camera ကိုပဲ အသုံးျပဳၿပီး စာ႐ိုက္ႏိုင္မယ့္ Feature ကို မိတ္ဆက္လာေတာ့မွာပါ။

Samsung ကေန လာမယ့္ ဇန္နဝါရီလမွာ La Vagas မွာ ျပဳလုပ္မယ့္ CES 2020 Event မွာ သူ႔ရဲ႕ C-Lab Incubation Program က Project မ်ိဳးစုံကို ျပသမယ္လို႔ ေၾကညာခဲ့ပါတယ္။ အဆိုပါ Project ေတြထဲမွာ SelfieType က စိတ္ဝင္စားဖို႔အေကာင္းဆုံးျဖစ္ေနတာပါ။

SelfieType Project က စမတ္ဖုန္းမွာပါဝင္တဲ့ Selfie Camera ကိုအသုံးျပဳၿပီး AI Algorithm ကေနတစ္ဆင့္ Virtual Keyboard တစ္ခုကို ဖန္တီးေပးတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ စမတ္ဖုန္းကို ကိုယ့္ေရွ႕မွာထားၿပီး စားပြဲတစ္ခုခုေပၚမွာ စာ႐ိုက္သလိုျပဳလုပ္လိုက္တာနဲ႔တင္ စာ႐ိုက္ႏိုင္မွာပါ။

Samsung ရဲ႕ Website မွာ ေရးသားထားတာကေတာ့ SelfieType Feature ဟာ သီးျခား Hardware အသုံးျပဳစရာမလိုအပ္တဲ့အျပင္ Mobile Device ေတြျဖစ္တဲ့ စမတ္ဖုန္း၊ Tablet နဲ႔ Laptop ေတြမွာပါ အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး Selfie Camera နဲ႔တင္ Virtual Keyboard တစ္ခုကို ဖန္တီးႏိုင္မယ္ဆိုတာက အထင္ႀကီးစရာ Feature တစ္ခုျဖစ္ေပမယ့္ အဆိုပါ Feature ပါဝင္လာမယ့္ Mobile Device ေတြကေတာ့ ထြက္ရွိလာဦးမွာ မဟုတ္ေသးဘူးလို႔ ယူဆရပါတယ္။

Ref – Android Authority