Zawgyi

Android 10 Update ကို Google ကေန ယခု စက္တင္ဘာလ အေစာပိုင္းတုန္းက Official Update ထုတ္ေပးထားတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္အထိ Android 10 Update ကို Stable သုံးႏိုင္တဲ့ စမတ္ဖုန္းေတြက Google Pixel ဖုန္းေတြနဲ႔ တခ်ိဳ႕ေသာ စမတ္ဖုန္းေတြပဲရွိေနေသးတာပါ။

ဒီလိုမ်ိဳး Android Update ေနာက္က်တာက စမတ္ဖုန္းကုမၸဏီအမ်ားအျပားအတြက္ ျဖစ္ေနၾကလို႔ေတာင္ ေျပာလို႔ရၿပီး အထူးသျဖင့္ Samsung ဆိုရင္ Flagship ဖုန္းေတြေတာင္မွ Update ရဖို႔အတြက္ လပိုင္းေလာက္အထိ ေစာင့္ဆိုင္းရတာျဖစ္ပါတယ္။ ဒါေပမယ့္ အခုႏွစ္မွာေတာ့ Samsung ဖုန္းေတြက ယခင္ကထက္ အနည္းငယ္ျမန္ဆန္လာမယ့္ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ Samsung ကေန လက္ရွိ Flagship စမတ္ဖုန္းေတြျဖစ္တဲ့ Galaxy S10 နဲ႔ Note 10 Series ဖုန္းေတြကို Android 10 အေျခခံတဲ့ Beta Program တစ္ခုကို လာမယ့္ ေအာက္တိုဘာလမွာ စတင္ၿပီးေတာ့ ထုတ္ေပးသြားမယ္ဆိုတဲ့သတင္းထြက္လာတာေၾကာင့္ပဲျဖစ္ပါတယ္။ အခုသတင္းကို SamMobile Website က ေဖာ္ျပခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာ Galaxy S9 နဲ႔ Note 9 လို ဖုန္းေတြအတြက္လည္း Beta Program ထြက္လာမယ္လို႔ သိရပါတယ္။

Samsung ဟာ မႏွစ္တုန္းက Android 9 Pie Update အတြက္ Beta Program ကို ႏိုဝင္ဘာလမွာ စတင္ခဲ့တဲ့အတြက္ ဒီႏွစ္မွာေတာ့ အခ်ိန္အားျဖင့္ ၁ လေစာလာတာျဖစ္ပါတယ္။ မႏွစ္တုန္းကေတာ့ Google က Android 9 Pie ကို Stable ထုတ္ေပးၿပီး ၄ လအၾကာမွ Samsung က Stable Update လုပ္ႏိုင္တဲ့အတြက္ ဒီႏွစ္မွာေရာ အခ်ိန္ဘယ္ေလာက္ထိေပးရမလဲဆိုတာကို ဆက္ၿပီး ေစာင့္ၾကည့္ရမွာပါ။

အခု Android 10 Beta Program ကိုေတာ့ US နဲ႔ Europe မွာ ရွိတဲ့ ႏိုင္ငံအခ်ိဳ႕မွာပဲ စတင္ၿပီး ရရွိႏိုင္မယ္လို႔လည္းသိရပါတယ္။

Ref – 9to5Google

Unicode

Android 10 Update ကို Google ကနေ ယခု စက်တင်ဘာလ အစောပိုင်းတုန်းက Official Update ထုတ်ပေးထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်အထိ Android 10 Update ကို Stable သုံးနိုင်တဲ့ စမတ်ဖုန်းတွေက Google Pixel ဖုန်းတွေနဲ့ တချို့သော စမတ်ဖုန်းတွေပဲရှိနေသေးတာပါ။

ဒီလိုမျိုး Android Update နောက်ကျတာက စမတ်ဖုန်းကုမ္ပဏီအများအပြားအတွက် ဖြစ်နေကြလို့တောင် ပြောလို့ရပြီး အထူးသဖြင့် Samsung ဆိုရင် Flagship ဖုန်းတွေတောင်မှ Update ရဖို့အတွက် လပိုင်းလောက်အထိ စောင့်ဆိုင်းရတာဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ်မှာတော့ Samsung ဖုန်းတွေက ယခင်ကထက် အနည်းငယ်မြန်ဆန်လာမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Samsung ကနေ လက်ရှိ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S10 နဲ့ Note 10 Series ဖုန်းတွေကို Android 10 အခြေခံတဲ့ Beta Program တစ်ခုကို လာမယ့် အောက်တိုဘာလမှာ စတင်ပြီးတော့ ထုတ်ပေးသွားမယ်ဆိုတဲ့သတင်းထွက်လာတာကြောင့်ပဲဖြစ်ပါတယ်။ အခုသတင်းကို SamMobile Website က ဖော်ပြခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Galaxy S9 နဲ့ Note 9 လို ဖုန်းတွေအတွက်လည်း Beta Program ထွက်လာမယ်လို့ သိရပါတယ်။

Samsung ဟာ မနှစ်တုန်းက Android 9 Pie Update အတွက် Beta Program ကို နိုဝင်ဘာလမှာ စတင်ခဲ့တဲ့အတွက် ဒီနှစ်မှာတော့ အချိန်အားဖြင့် ၁ လစောလာတာဖြစ်ပါတယ်။ မနှစ်တုန်းကတော့ Google က Android 9 Pie ကို Stable ထုတ်ပေးပြီး ၄ လအကြာမှ Samsung က Stable Update လုပ်နိုင်တဲ့အတွက် ဒီနှစ်မှာရော အချိန်ဘယ်လောက်ထိပေးရမလဲဆိုတာကို ဆက်ပြီး စောင့်ကြည့်ရမှာပါ။

အခု Android 10 Beta Program ကိုတော့ US နဲ့ Europe မှာ ရှိတဲ့ နိုင်ငံအချို့မှာပဲ စတင်ပြီး ရရှိနိုင်မယ်လို့လည်းသိရပါတယ်။

Ref – 9to5Google