[Zawgyi]

ေတာင္ကိုရီးယားကေန ထြက္လာတဲ့ သတင္းေတြအရ Samsung ဟာ Galaxy S11 မွာတပ္ဆင္မယ့္ Periscope ကင္မရာကို သိပ္မၾကာခင္မွာ လက္ေတြ႕စမ္းသပ္ေတာ့မယ္လို႔ သိရပါတယ္။ Samsung ဟာ သိပ္မၾကာခင္မွာ ကိုရီးယား ကုမၸဏီတစ္ခုျဖစ္တဲ့ MecaTech Systems ရဲ႕ Test sockets ေတြ လက္ခံရရွိေတာ့မယ္လို႔ သိရပါတယ္။

Test sockets ေတြဟာ ထုတ္လုပ္လိုက္တဲ့ ပစၥည္းေတြကို မတင္ပို႔ခင္ ေနာက္ဆုံးအခ်ိန္မွာ ေနာက္ဆုံးအႀကိမ္အျဖစ္ စမ္းသပ္စစ္ေဆးတဲ့အေနနဲ႔ အသုံးျပဳတာျဖစ္ပါတယ္။ ဒါဟာ ထုတ္လုပ္မႈျဖစ္စဥ္မွာ လုပ္႐ိုးလုပ္စဥ္တစ္ခုလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ Galaxy S11 မွာ Periscope ကင္မရာ ပါဝင္လာမယ္ဆိုတာ ပိုၿပီးခိုင္မာသြားၿပီလို႔ ဆိုရမွာပါ။

MecaTech ဟာ Module-testing နယ္ပယ္ထဲမွာ ၁၅ ႏွစ္ေက်ာ္ရပ္တည္ခဲ့တဲ့ ကုမၸဏီလည္း ျဖစ္ပါတယ္။ ေသးငယ္ေပမယ့္ စြမ္းရည္ျပည့္ၿပီး ဦးေဆာင္ကုမၸဏီတစ္ခုအျဖစ္ ၂၀၁၇ ခုႏွစ္မွာ ကိုရီးယား အစိုးရရဲ႕ ေ႐ြးခ်ယ္သတ္မွတ္ျခင္းကိုလည္း ခံခဲ့ရပါတယ္။ MecaTech ဟာ Samsung Electronics နဲ႔ Cammsys တို႔လို နည္းပညာကုမၸဏီေတြကို Test socket ေတြ အစဥ္တစိုက္ေထာက္ပံ့ေပးေနခဲ့တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့သတင္းေဟာင္းေတြကို ျပန္ၾကည့္မယ္ဆိုရင္ Samsung ဟာ Galaxy S11 အတြက္ 3X zoom အစား 5X zoom ကိုပဲ ေ႐ြးခ်ယ္ခဲ့တယ္လို႔ ေဖာ္ျပထားၾကတာကို ေတြ႕ရပါလိမ့္မယ္။ အဓိကကင္မရာကလည္း 108MP sensor နဲ႔ ျဖစ္တယ္ဆိုတာကို ေဖာ္ျပခဲ့ၿပီး ျဖစ္ပါတယ္။ ထပ္ၿပီးသတင္းထြက္လာတာက Spectrometer ပါဝင္လာမယ္ ဆိုတာပါပဲ။

ဒီလုပ္ေဆာင္ခ်က္ဟာ အစားအေသာက္ေတြမွာ ကယ္လိုရီပါဝင္မႈ၊ အယ္လ္ကိုေဟာပါဝင္မႈႏႈန္းစတာေတြကို တြက္ခ်က္သိရွိႏိုင္ေစမယ္လို႔ သိရပါတယ္။ ဒါဟာ ႏွလုံးခုန္ႏႈန္းဆင္ဆာ မပါဝင္တဲ့အတြက္ အစားျဖည့္တင္းေပးတာလည္း ျဖစ္ႏိုင္တယ္လို႔ ဆိုၾကပါတယ္။

Ref: GSM Arena

[Unicode]

Galaxy S11 ရဲ့ ပယ်ရီစကုပ်ကင်မရာကို မကြာခင်မှာ စတင်စမ်းသပ်ဖွယ်ရှိနေတဲ့ Samsung

တောင်ကိုရီးယားကနေ ထွက်လာတဲ့ သတင်းတွေအရ Samsung ဟာ Galaxy S11 မှာတပ်ဆင်မယ့် Periscope ကင်မရာကို သိပ်မကြာခင်မှာ လက်တွေ့စမ်းသပ်တော့မယ်လို့ သိရပါတယ်။ Samsung ဟာ သိပ်မကြာခင်မှာ ကိုရီးယား ကုမ္ပဏီတစ်ခုဖြစ်တဲ့ MecaTech Systems ရဲ့ Test sockets တွေ လက်ခံရရှိတော့မယ်လို့ သိရပါတယ်။

Test sockets တွေဟာ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကို မတင်ပို့ခင် နောက်ဆုံးအချိန်မှာ နောက်ဆုံးအကြိမ်အဖြစ် စမ်းသပ်စစ်ဆေးတဲ့အနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ဒါဟာ ထုတ်လုပ်မှုဖြစ်စဉ်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် Galaxy S11 မှာ Periscope ကင်မရာ ပါဝင်လာမယ်ဆိုတာ ပိုပြီးခိုင်မာသွားပြီလို့ ဆိုရမှာပါ။

MecaTech ဟာ Module-testing နယ်ပယ်ထဲမှာ ၁၅ နှစ်ကျော်ရပ်တည်ခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ သေးငယ်ပေမယ့် စွမ်းရည်ပြည့်ပြီး ဦးဆောင်ကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၇ ခုနှစ်မှာ ကိုရီးယား အစိုးရရဲ့ ရွေးချယ်သတ်မှတ်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ MecaTech ဟာ Samsung Electronics နဲ့ Cammsys တို့လို နည်းပညာကုမ္ပဏီတွေကို Test socket တွေ အစဉ်တစိုက်ထောက်ပံ့ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သတင်းဟောင်းတွေကို ပြန်ကြည့်မယ်ဆိုရင် Samsung ဟာ Galaxy S11 အတွက် 3X zoom အစား 5X zoom ကိုပဲ ရွေးချယ်ခဲ့တယ်လို့ ဖော်ပြထားကြတာကို တွေ့ရပါလိမ့်မယ်။ အဓိကကင်မရာကလည်း 108MP sensor နဲ့ ဖြစ်တယ်ဆိုတာကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ထပ်ပြီးသတင်းထွက်လာတာက Spectrometer ပါဝင်လာမယ် ဆိုတာပါပဲ။

ဒီလုပ်ဆောင်ချက်ဟာ အစားအသောက်တွေမှာ ကယ်လိုရီပါဝင်မှု၊ အယ်လ်ကိုဟောပါဝင်မှုနှုန်းစတာတွေကို တွက်ချက်သိရှိနိုင်စေမယ်လို့ သိရပါတယ်။ ဒါဟာ နှလုံးခုန်နှုန်းဆင်ဆာ မပါဝင်တဲ့အတွက် အစားဖြည့်တင်းပေးတာလည်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

Ref: GSM Arena