Zawgyi

Samsung ဟာ သူ႕ရဲ႕ နည္းပညာ ပစၥည္းေတြကို ထုတ္တဲ့ေနရာမွာ သဘာဝပတ္ဝန္းက်င္နဲ႕ လိုက္ေလ်ာညီေထြမႈ ရွိေအာင္ ႀကိဳးစား လ်က္ရွိပါတယ္။ ေနာက္ထုတ္မယ့္ ပစၥည္းေတြကို ပါကင္ပိတ္တဲ့ေနရာမွာ ပလတ္စတစ္အစား ပိုမိုေဆြးေျမ့လြယ္ၿပီး သဘာဝ ပတ္ဝန္းက်င္ကို ထိခိုက္မႈနည္းတဲ့ အရာေတြကို အသုံးျပဳသြားဖို႔ အစီအစဥ္ေတြရွိပါတယ္။ ၂၀၁၉ အေစာပိုင္းမွာတင္ ဖုန္းေတြနဲ႕ တစ္ျခား ပစၥည္းေတြကို ထုတ္ပိုးတဲ့ ေနရာမွာ သာမန္ ပလတ္စတစ္ကို ေရွာင္ၿပီး ဇီဝပလတ္စတစ္၊ ျပန္လည္သုံးစြဲလို႔ရတဲ့ ပလတ္စတစ္နဲ႕ စကၠဴေတြကိုသာ အဓိကထားၿပီး အသုံးျပဳသြားမယ္လို႔ သိရပါတယ္။

Samsung အေနနဲ႕ စကၠဴေတြကို အစားထိုးအသုံးျပဳတဲ့ အခါမွာေတာ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕အစည္းေတြက အသုံးျပဳခြင့္ေပးထားတဲ့ စကၠဴအမ်ိဳးအစားေတြကိုသာ အသုံးျပဳရမွာျဖစ္ပါတယ္။ Samsung ကေန အဆိုပါ စကၠဴေတြကို ၂၀၂၀ ခုႏွစ္မွသာ စတင္သုံးစြဲမွာပါ။

ဒါေပမယ့္ အရင္အခ်ိန္ေတြတုန္းက Samsung ဟာ အခုလို သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ကိစၥေတြမွာ စိတ္ပါဝင္စားျခင္းမရွိခဲ့ပါဘူး။ သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕အစည္းေတြၾကားမွာ Samsung ဟာ အဆက္မျပတ္ ေဝခံျခင္းခံခဲ့ရၿပီး သူ႕ရဲ႕ Event ေတြထိပါလိုက္ၿပီး ေဝဖန္ျခင္းခံခဲ့ရပါတယ္။ အခုလို ေျပာင္းလဲလာမႈကိုေတာ့ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး အဖြဲ႕အစည္းေတြက ႀကိဳဆိုၾကၿပီး Samsung အေနနဲ႕ ပလတ္စတစ္ အသုံးျပဳပစၥည္းေတြကို ျဖစ္နိုင္သမွ် သဘာဝပတ္ဝန္းက်င္ မညစ္ညမ္းမယ့္ အရာဝတၳဳေတြနဲ႕ အစားထိုးသြားမွာ အေသအခ်ာပါပဲ။

ပလတ္စတစ္ကို ေရွာင္ၾကဥ္လိုက္ျခင္းအားျဖင့္ စြန႔္ပစ္ ပလတ္စတစ္အမွိုက္ေတြ အေတာ္နည္းသြားမွာျဖစ္ပါတယ္။ ပလတ္စတစ္ကို ေဖာေဖာသီသီ အသုံးျပဳေနၾကတဲ့ အျခား နည္းပညာ ကုမၸဏီႀကီးေတြလည္း Samsung ကို စံနမူနာထားၿပီး ပလတ္စတစ္ အစားထိုးပစၥည္းေတြ အသုံးျပဳလာသင့္ပါၿပီ။

Samsung ဟာ ၂၀၁၉ အေစာပိုင္းကတည္းကစလို႔ ပလတ္စတစ္ ကို ေရွာင္ၾကဥ္သြားမယ္လို႔ ေျပာထားတဲ့အတြက္ အသစ္ထြက္လာမယ့္ Galaxy S10 နဲ႕ 8K TV ေတြကို ပါကင္ပိတ္တဲ့ေနရာမွာ ပလတ္စတစ္အစား ဇီဝပလတ္စတစ္ ေတြကို အသုံးျပဳထားမွာပါ။

Ref: Engadget

Unicode

Samsung က နောက်ထုတ်မယ့် ပစ္စည်းတွေကို ပါကင်ပိတ်တဲ့နေရာမှာ ပလတ်စတစ်အစား သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ အရာများသာ အသုံးပြုသွားမည်

Samsung ဟာ သူ့ရဲ့ နည်းပညာ ပစ္စည်းတွေကို ထုတ်တဲ့နေရာမှာ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိအောင် ကြိုးစား လျက်ရှိပါတယ်။ နောက်ထုတ်မယ့် ပစ္စည်းတွေကို ပါကင်ပိတ်တဲ့နေရာမှာ ပလတ်စတစ်အစား ပိုမိုဆွေးမြေ့လွယ်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းတဲ့ အရာတွေကို အသုံးပြုသွားဖို့ အစီအစဉ်တွေရှိပါတယ်။ ၂၀၁၉ အစောပိုင်းမှာတင် ဖုန်းတွေနဲ့ တစ်ခြား ပစ္စည်းတွေကို ထုတ်ပိုးတဲ့ နေရာမှာ သာမန် ပလတ်စတစ်ကို ရှောင်ပြီး ဇီဝပလတ်စတစ်၊ ပြန်လည်သုံးစွဲလို့ရတဲ့ ပလတ်စတစ်နဲ့ စက္ကူတွေကိုသာ အဓိကထားပြီး အသုံးပြုသွားမယ်လို့ သိရပါတယ်။

Samsung အနေနဲ့ စက္ကူတွေကို အစားထိုးအသုံးပြုတဲ့ အခါမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေက အသုံးပြုခွင့်ပေးထားတဲ့ စက္ကူအမျိုးအစားတွေကိုသာ အသုံးပြုရမှာဖြစ်ပါတယ်။ Samsung ကနေ အဆိုပါ စက္ကူတွေကို ၂၀၂၀ ခုနှစ်မှသာ စတင်သုံးစွဲမှာပါ။

ဒါပေမယ့် အရင်အချိန်တွေတုန်းက Samsung ဟာ အခုလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ စိတ်ပါဝင်စားခြင်းမရှိခဲ့ပါဘူး။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေကြားမှာ Samsung ဟာ အဆက်မပြတ် ဝေခံခြင်းခံခဲ့ရပြီး သူ့ရဲ့ Event တွေထိပါလိုက်ပြီး ဝေဖန်ခြင်းခံခဲ့ရပါတယ်။ အခုလို ပြောင်းလဲလာမှုကိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေက ကြိုဆိုကြပြီး Samsung အနေနဲ့ ပလတ်စတစ် အသုံးပြုပစ္စည်းတွေကို ဖြစ်နိုင်သမျှ သဘာဝပတ်ဝန်းကျင် မညစ်ညမ်းမယ့် အရာဝတ္ထုတွေနဲ့ အစားထိုးသွားမှာ အသေအချာပါပဲ။

ပလတ်စတစ်ကို ရှောင်ကြဉ်လိုက်ခြင်းအားဖြင့် စွန့်ပစ် ပလတ်စတစ်အမှိုက်တွေ အတော်နည်းသွားမှာဖြစ်ပါတယ်။ ပလတ်စတစ်ကို ဖောဖောသီသီ အသုံးပြုနေကြတဲ့ အခြား နည်းပညာ ကုမ္ပဏီကြီးတွေလည်း Samsung ကို စံနမူနာထားပြီး ပလတ်စတစ် အစားထိုးပစ္စည်းတွေ အသုံးပြုလာသင့်ပါပြီ။

Samsung ဟာ ၂၀၁၉ အစောပိုင်းကတည်းကစလို့ ပလတ်စတစ် ကို ရှောင်ကြဉ်သွားမယ်လို့ ပြောထားတဲ့အတွက် အသစ်ထွက်လာမယ့် Galaxy S10 နဲ့ 8K TV တွေကို ပါကင်ပိတ်တဲ့နေရာမှာ ပလတ်စတစ်အစား ဇီဝပလတ်စတစ် တွေကို အသုံးပြုထားမှာပါ။

Ref: Engadget