တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးရဲ့ အစားအစာဖြန့်ဖြူးရေးလက်ရုံးဖြစ်တဲ့ Samsung Welstory ဟာ တောင်ကိုရီးယားမှာရှိတဲ့ ဂေါက်ကွင်းတွေမှာ Fully autonomous deliveries တွေ အသုံးပြုဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရပါတယ်။

ကုမ္ပဏီဟာ တောင်ကိုရီးယား မောင်းသူမဲ့ကားနဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီ Neubility နဲ့ပူးပေါင်းပြီး Neubie မောင်းသူမဲ့ စက်ရုပ်ကားကို ပြည်တွင်းဈေးကွက်က ဂေါက်ကွင်းတွေဆီ သယ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ တောင်ကိုရီးယားက ဂေါက်ကွင်းတွေဆီကို စမတ်နည်းပညာတွေ ယူဆောင်လာခြင်းအားဖြင့် ငယ်ရွယ်တဲ့ ဂေါက်သီးဝါသနာအိုးတွေကို ဆွဲဆောင်နိုင်သလို အားကစားကို ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်တွေထိအောင် ဆွဲဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

အလိုအလျောက်မောင်းနှင်နိုင်တဲ့ Neubie robot ကို Neubility က မတ်လမှာ စမ်းသပ်ခဲ့ပြီး Autonomous four-wheeled delivery vehicle အဖြစ်နဲ့ ကျဉ်းမြောင်းတဲ့လမ်းတွေ ဒါမှမဟုတ် ကွေ့ကောက်တဲ့လမ်းတွေ၊ မတ်စောက်တဲ့ လျှောစောက်တွေလိုအနေအထားတွေအထိ သွားလာနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

Samsung Welstory နဲ့ Neubility တို့ဟာ မောင်းသူမဲ့ Neubie robot ကို အောက်တိုဘာလမှာ စီးပွားဖြစ်ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။ Neubility ဟာ ဒီနှစ်ကုန်မှာ Delivery robots ၂၀၀ ကျော်ကို ဖြန့်ချိဖို့ စီစဉ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်ထားပါတယ်။ ဒါပေမဲ့ Samsung က ဂေါက်ကွင်းတွေမှာ ဒီ စက်ရုပ်တွေကို အရေအတွက် ဘယ်လောက်အထိ အသုံးပြုမလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် Neubie မှာ အသုံးပြုမှုအများအပြားရှိပြီး၊ ကနဦးအသုတ်ကို စီးပွားဖြစ်ထုတ်လုပ်ပြီးနောက်မှာ မောင်းသူမဲ့စက်ရုပ်ဟာ လက်လီနဲ့ ကော်ပိုရိတ်နယ်ပယ်မှာ အခန်းကဏ္ဍသစ်ကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

Ref: sammobile