Samsung ရဲ့ နောက်မျိုးဆက် စွမ်းရည်မြင့် တက်ဘလက် ဖြစ်တဲ့ Galaxy Tab S9 Series ကို ကြေညာဖို့ နီးနေပါပြီ။ @Tech-Reve က Samsung ဟာ Tab S9 Series နဲ့အတူ Foldable တက်ဘလက် ၁ လုံးကို ကြေညာကာ စပရိုက်တိုက်မယ်လို့ ပြောပါတယ်။

အဲဒီတက်ဘလက်က Galaxy Z Tab ဖြစ်ပြီး Z Series Foldable တွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာပါ။ လက်ရှိမှာ အဲဒီ တက်ဘလက်ရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ အရင်တုန်းက သတင်းထွက်ခဲ့သလို Triple Foldable ဖြစ်လာမလားတော့ မသိသေးပါဘူး။

Samsung ပြီးခဲ့တဲ့နှစ်အနည်းငယ်က မှတ်ပုံတင်ထားတဲ့ Patent ကို အောက်မှာ ဖော်ပြလိုက်ပါတယ်။ တက်ဘလက်မှာ Hinge ၂ ခု ပါလာပြီး မျက်နှာပြင်ကို အရှေ့ဘက် သို့မဟုတ် အနောက်ဘက်ကို ခေါက်ချိုးနိုင်ပါတယ်။

A dual-folding tablet design patented by Samsung

Patent တွေဟာ အမြဲတမ်း တကယ့် ထုတ်ကုန် မဖြစ်လာကြတဲ့အတွက် အထက်ပါ Patent ဟာ တကယ် ဖြစ်လာမလားဆိုတာ မပြောနိုင်သေးပါဘူး။ Samsung ဟာ Z Fold မျိုးဆက် ၄ ခုကို ထုတ်လုပ်ရောင်းချထားပြီးပြီ ဖြစ်ပြီး Foldable တက်ဘလက်ကို ထုတ်လုပ်မယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။

Galaxy Z Tab: Samsung's foldable tablet rumoured to debut with the Tab S9 - NotebookCheck.net News

Galaxy Tab S9 ကို ကြေညာဖို့ နီးလာရင် အဲဒီ တက်ဘလက်အကြောင်း ပိုမိုသိလာရနိုင်ပါတယ်။ Apple ရဲ့ ပထမဆုံး Foldable က iPhone မဟုတ်ဘဲ iPad လို့ သတင်းထွက်နေပါတယ်။ Ming-Chi Kuo က Foldable iPad ကို ၂၀၂၄ ခုနှစ်မှာ ကြေညာမယ်လို့ ပြောထားတဲ့အတွက် Samsung ဟာ ပြိုင်ဖက် Apple ကို ယှဉ်ပြိုင်ဖို့ အချိန်ရှိပါသေးတယ်။

Ref : gsmarena