Samsung ဟာ ယခုနှစ်အစောပိုင်းမှာ Galaxy S10 Lite စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး အခုလည်း Galaxy S20 Series ဖုန်းတွေထဲမှာ စျေးအသက်သာဆုံးဖြစ်လာမယ့် Galaxy S20 Lite ကို မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်းက ယခင် Galaxy S10 Lite ထက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကိုကောင်းမွန်လာမှာဖြစ်ပါတယ်။

အခုသတင်းကိုတော့ SamMobile ကနေ ဖော်ပြခဲ့တာဖြစ်ပြီးတော့ အသေးစိတ်ပါဝင်လာမယ့် Specs တွေကိုတော့မသိရှိရသေးပေမယ့် Qualcomm Snapdragon 865 Chipset ကို အသုံးပြုလာဖို့ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ လက်ရှိ Flagship ဖုန်းတွေအတိုင်းစွမ်းဆောင်နိုင်မှာပါ။

နောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့ Samsung ကနေ အဆိုပါ Galaxy S20 Lite ဖုန်းကို OneUI 2.5 OS နဲ့အတူ စမ်းသပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ OneUI 2.5 ဟာ လာမယ့် သြဂုတ်လဝန်းကျင်မှာ Galaxy Note 20 Series ဖုန်းတွေနဲ့အတူ မိတ်ဆက်လာမှာဖြစ်တဲ့အတွက် Samsung Galaxy S20 Lite ဖုန်းဟာလည်း သြဂုတ်လနောက်ပိုင်းမှပဲ မိတ်ဆက်လာဖို့များနေပါတယ်။

အဆိုပါ Galaxy S20 Lite ဟာ Curved Display အစား Flat Display ကိုပဲ အသုံးပြုထားမှာဖြစ်သလို ကြီးမားတဲ့ Battery လည်းပါဝင်မှာဖြစ်ပါတယ်။ Galaxy S20 Lite ဖုန်းဟာ 5G နဲ့ 4G Version ဆိုပြီး Global စျေးကွက်အတွက် SM-G780 ဆိုပြီး မိတ်ဆက်မှာဖြစ်တဲ့အပြင် US စျေးကွက်ကိုတော့ 5G Support ပါဝင်တဲ့ SM-G781 ဆိုပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – GSM Arena