Zawgyi

Samsung ကုမၸဏီဟာ အခုႏွစ္ပုိင္းအတြင္းမွာ Galaxy A စီးရီးနဲ႔ ေစ်းသက္သာတဲ့ စမတ္ဖုန္းေစ်းကြက္ကို ျပန္လည္ ထုိးေဖာက္လာခဲ့ပါတယ္။ A စီးရီးကိုထုတ္ၿပီးတဲ့ေနာက္မွာလည္း A30s, A31 စသျဖင့္ ဗားရွင္းေတြကို ထပ္မံမိတ္ဆက္လာၿပီး ထုတ္ကုန္လိုင္းကို ခ်ဲ႕ထြင္ေနဆဲပါ။

လက္ရွိ 5G နက္ဝပ္ စတင္တုိးခ်ဲ႕လာတဲ့အတြက္ စမတ္ဖုန္းထုတ္လုပ္သူေတြဟာ 5G ဦးဦးဖ်ားဖ်ားသုံးႏုိင္မယ့္ Flagship ေတြကို မိတ္ဆက္ခဲ့ၾကသလို ေစ်းပိုသက္သာမယ့္ 5G စမတ္ဖုန္းေတြကို ထုတ္လုပ္ဖို႔လည္း ျပင္ဆင္ေနပါၿပီ။ ေတာင္ကိုရီးယားအေျခစုိက္ Samsung ကုမၸဏီကေတာ့ ေစ်းပိုခ်ဳိမယ့္ 5G စမတ္ဖုန္းကို Galaxy A လိုင္းအပ္ထဲကေန မိတ္ဆက္လာဖို႔ ရွိေၾကာင္း သတင္းစထြက္လာခဲ့ပါၿပီ။

Samsung ဟာ မၾကာခင္မိတ္ဆက္လာမယ္လို႔ ယူဆရတဲ့ Galaxy A71 စမတ္ဖုန္းကို 5G သုံးစြဲႏုိင္ေအာင္ ထုတ္လုပ္လာမွာျဖစ္ၿပီး သူ႕ရဲ႕ေမာ္ဒယ္နံပါတ္က SM-A716B ျဖစ္ေၾကာင္း သတင္းထြက္လာခဲ့ပါတယ္။ ဒီဖုန္းရဲ႕ တည္ရွိမႈကို အရင္ဆုံးျမင္ေတြ႕ခဲ့ရတာေတာ့ တရုတ္ႏုိင္ငံအတြက္ အတည္ျပဳခ်က္ခံယူရာမွာေပၚေပါက္လာခဲ့တာပါ။

တရုတ္ႏုိင္ငံဟာ 5G ကြန္ရက္သုိ႔ေျပာင္းလဲရာမွာ အႀကီးမားဆုံးနဲ႔ အျမန္ဆန္ဆုံးေစ်းကြက္ ျဖစ္လာတာေၾကာင့္ Samsung ဟာ တရုတ္ႏုိင္ငံအတြင္းမွာ ေရာင္းခ်ဖို႔ ေစ်းသက္သာတဲ့ 5G ဖုန္းကို ထုတ္လုပ္ေနတာျဖစ္ႏုိင္ပါတယ္။ ဒီဖုန္းရဲ႕ Global ဗားရွင္းကေတာ့ ေမာ္ဒယ္နံပါတ္ SM-A7160 ျဖစ္မယ္လို႔ယူဆရပါတယ္။

လက္ရွိအခ်ိန္မွာ Galaxy A71 ရဲ႕အခ်က္အလက္ေတြကို မသိရေသးေပမယ့္ အသစ္စက္စက္ Exynos 980 ခ်စ္ပ္ဆက္ကို အသုံးျပဳလာမယ္လို႔ ယုံၾကည္ရပါတယ္။ Exynos 980 ဟာ 5G ခ်ိတ္ဆက္ႏုိင္စြမ္းပါဝင္တဲ့ Samsung ရဲ႕ Mid-range SoC ျဖစ္ၿပီး Wi-Fi 66 Standard ေထာက္ပံ့ေပးႏုိင္ပါတယ္။

Ref – GSM Arena

Unicode

Samsung ကုမ္ပဏီဟာ အခုနှစ်ပိုင်းအတွင်းမှာ Galaxy A စီးရီးနဲ့ ဈေးသက်သာတဲ့ စမတ်ဖုန်းဈေးကွက်ကို ပြန်လည် ထိုးဖောက်လာခဲ့ပါတယ်။ A စီးရီးကိုထုတ်ပြီးတဲ့နောက်မှာလည်း A30s, A31 စသဖြင့် ဗားရှင်းတွေကို ထပ်မံမိတ်ဆက်လာပြီး ထုတ်ကုန်လိုင်းကို ချဲ့ထွင်နေဆဲပါ။

လက်ရှိ 5G နက်ဝပ် စတင်တိုးချဲ့လာတဲ့အတွက် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ 5G ဦးဦးဖျားဖျားသုံးနိုင်မယ့် Flagship တွေကို မိတ်ဆက်ခဲ့ကြသလို ဈေးပိုသက်သာမယ့် 5G စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့လည်း ပြင်ဆင်နေပါပြီ။ တောင်ကိုရီးယားအခြေစိုက် Samsung ကုမ္ပဏီကတော့ ဈေးပိုချိုမယ့် 5G စမတ်ဖုန်းကို Galaxy A လိုင်းအပ်ထဲကနေ မိတ်ဆက်လာဖို့ ရှိကြောင်း သတင်းစထွက်လာခဲ့ပါပြီ။

Samsung ဟာ မကြာခင်မိတ်ဆက်လာမယ်လို့ ယူဆရတဲ့ Galaxy A71 စမတ်ဖုန်းကို 5G သုံးစွဲနိုင်အောင် ထုတ်လုပ်လာမှာဖြစ်ပြီး သူ့ရဲ့မော်ဒယ်နံပါတ်က SM-A716B ဖြစ်ကြောင်း သတင်းထွက်လာခဲ့ပါတယ်။ ဒီဖုန်းရဲ့ တည်ရှိမှုကို အရင်ဆုံးမြင်တွေ့ခဲ့ရတာတော့ တရုတ်နိုင်ငံအတွက် အတည်ပြုချက်ခံယူရာမှာပေါ်ပေါက်လာခဲ့တာပါ။

တရုတ်နိုင်ငံဟာ 5G ကွန်ရက်သို့ပြောင်းလဲရာမှာ အကြီးမားဆုံးနဲ့ အမြန်ဆန်ဆုံးဈေးကွက် ဖြစ်လာတာကြောင့် Samsung ဟာ တရုတ်နိုင်ငံအတွင်းမှာ ရောင်းချဖို့ ဈေးသက်သာတဲ့ 5G ဖုန်းကို ထုတ်လုပ်နေတာဖြစ်နိုင်ပါတယ်။ ဒီဖုန်းရဲ့ Global ဗားရှင်းကတော့ မော်ဒယ်နံပါတ် SM-A7160 ဖြစ်မယ်လို့ယူဆရပါတယ်။

လက်ရှိအချိန်မှာ Galaxy A71 ရဲ့အချက်အလက်တွေကို မသိရသေးပေမယ့် အသစ်စက်စက် Exynos 980 ချစ်ပ်ဆက်ကို အသုံးပြုလာမယ်လို့ ယုံကြည်ရပါတယ်။ Exynos 980 ဟာ 5G ချိတ်ဆက်နိုင်စွမ်းပါဝင်တဲ့ Samsung ရဲ့ Mid-range SoC ဖြစ်ပြီး Wi-Fi 66 Standard ထောက်ပံ့ပေးနိုင်ပါတယ်။

Ref – GSM Arena