[Zawgyi]

Galaxy Note9 ကို ျဖန႔္ျဖဴးၿပီးေနာက္ပိုင္းမွာ အခ်ိဳ႕ဖုန္းေတြဟာ ကင္မရာသုံးရင္ တန႔္သြားတတ္တဲ့ ျပႆနာကို ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒီလိုျပႆနာက Snapdragon 845 သုံးထားတဲ့ စက္ေတြမွာ ပိုၿပီး သက္ေရာက္တယ္လို႔လည္း ဆိုပါတယ္။

ျပႆနာကေတာ့ Note9 နဲ႔ ဓါတ္ပုံ႐ိုက္ေနတုန္းမွာ ေခ်ာေခ်ာေမြ႕ေမြ႕မဟုတ္ဘဲ တစ္ခ်က္တစ္ခ်က္ တန႔္သြားတာမ်ိဳး ျဖစ္ပါတယ္။ ဗီဒီယို ႐ိုက္ရင္လည္း တုံ႔ျပန္မႈက တစ္ေျပးညီျဖစ္မေနဘဲ ေနာက္က်ေနတတ္တာမ်ိဳးပါ။ တစ္နည္းအားျဖင့္ Lag ေနတာမ်ိဳးျဖစ္ပါတယ္။ တခ်ိဳ႕ကေတာ့ ကင္မရာ App က ပုံမွန္အလုပ္မလုပ္ဘဲ ၃ စကၠန႔္ကေန ၅ စကၠန႔္ေလာက္ထိ တန႔္ၿပီး ရပ္ေနတတ္တယ္လို႔ သိရပါတယ္။

ဒီျပႆနာအတြက္ သတင္းေကာင္းကေတာ့ Samsung က ေျဖရွင္းလိုက္ႏိုင္တဲ့အတြက္ လာမယ့္ Update မွာေတာ့ အဆင္ေျပသြားလိမ့္မယ္လို႔ သိရပါတယ္။ ဒါေပမယ့္ Firmware Update မရခင္စပ္ၾကားမွာလည္း အသုံးျပဳသူက ယာယီေျဖရွင္းလို႔ရတဲ့နည္းကို ေျပာသြားခဲ့ပါတယ္။

အကယ္၍ ကင္မရာကို အသုံးျပဳတဲ့အခ်ိန္တိုင္း “Camera failed” ဆိုတဲ့ သတိေပးစာကို ရခဲ့မယ္ဆိုရင္ လတ္တေလာ ေျဖရွင္းမႈအေနနဲ႔ System Partition Cache ကို ရွင္းလင္းျခင္းနဲ႔လည္း လုပ္ေဆာင္လို႔ရေၾကာင္း သိရပါတယ္။ ဒါေပမယ့္ ေသျခာတဲ့ ေျဖရွင္းမႈကေတာ့ Samsung ကေပးတဲ့ Update ပါပဲ။ Update ကိုဘယ္အခ်ိန္ေပးမလဲဆိုတာေတာ့ မသိေသးပါဘူး။ အတိအက်သိရရင္ ထပ္မံေဖာ္ျပေပးပါဦးမယ္။

Ref: GSMarena

 

[Unicode]

Galaxy Note9 ကို ဖြန့်ဖြူးပြီးနောက်ပိုင်းမှာ အချို့ဖုန်းတွေဟာ ကင်မရာသုံးရင် တန့်သွားတတ်တဲ့ ပြဿနာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုပြဿနာက Snapdragon 845 သုံးထားတဲ့ စက်တွေမှာ ပိုပြီး သက်ရောက်တယ်လို့လည်း ဆိုပါတယ်။

ပြဿနာကတော့ Note9 နဲ့ ဓါတ်ပုံရိုက်နေတုန်းမှာ ချောချောမွေ့မွေ့မဟုတ်ဘဲ တစ်ချက်တစ်ချက် တန့်သွားတာမျိုး ဖြစ်ပါတယ်။ ဗီဒီယို ရိုက်ရင်လည်း တုံ့ပြန်မှုက တစ်ပြေးညီဖြစ်မနေဘဲ နောက်ကျနေတတ်တာမျိုးပါ။ တစ်နည်းအားဖြင့် Lag နေတာမျိုးဖြစ်ပါတယ်။ တချို့ကတော့ ကင်မရာ App က ပုံမှန်အလုပ်မလုပ်ဘဲ ၃ စက္ကန့်ကနေ ၅ စက္ကန့်လောက်ထိ တန့်ပြီး ရပ်နေတတ်တယ်လို့ သိရပါတယ်။

ဒီပြဿနာအတွက် သတင်းကောင်းကတော့ Samsung က ဖြေရှင်းလိုက်နိုင်တဲ့အတွက် လာမယ့် Update မှာတော့ အဆင်ပြေသွားလိမ့်မယ်လို့ သိရပါတယ်။ ဒါပေမယ့် Firmware Update မရခင်စပ်ကြားမှာလည်း အသုံးပြုသူက ယာယီဖြေရှင်းလို့ရတဲ့နည်းကို ပြောသွားခဲ့ပါတယ်။

အကယ်၍ ကင်မရာကို အသုံးပြုတဲ့အချိန်တိုင်း “Camera failed” ဆိုတဲ့ သတိပေးစာကို ရခဲ့မယ်ဆိုရင် လတ်တလော ဖြေရှင်းမှုအနေနဲ့ System partition cache ကို ရှင်းလင်းခြင်းနဲ့လည်း လုပ်ဆောင်လို့ရကြောင်း သိရပါတယ်။ ဒါပေမယ့် သေခြာတဲ့ ဖြေရှင်းမှုကတော့ Samsung ကပေးတဲ့ Update ပါပဲ။ Update ကိုဘယ်အချိန်ပေးမလဲဆိုတာတော့ မသိသေးပါဘူး။ အတိအကျသိရရင် ထပ်မံဖော်ပြပေးပါဦးမယ်။

Ref: GSMarena