Samsung ဟာ ၂၀၂၁ ခုနှစ်မှာ အမိုက်စား စမတ်ဖုန်း အသစ်များစွာနဲ့ ပွဲကြမ်းတော့မှာ ဖြစ်ပါတယ်။  ဇန်နဝါရီလမှာ S Pen ပါတဲ့ Galaxy S21 Series တွေကို ချပြမှာ ဖြစ်ပြီး ဒုတိယနှစ်ဝက်မှာ စွမ်းရည်မြင့် Foldable ဖုန်း ဖြစ်တဲ့ Galaxy Z Fold3 ကို ကြေညာမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ မိတ်ကပ်ဘူးလို့ နာမည်ကြီးတဲ့ Galaxy Z Flip (5G) ရဲ့ မျိုးဆက်သစ် ဖြစ်တဲ့ Galaxy Z Flip3 ကိုပါ ကြေညာဖို့ ရှိနေပါတယ်။ အခုတော့ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက် တချို့ ထွက်လာပါတယ်။ စွမ်းရည်သင့် Chipset ထည့်သွင်းထားမှာ ဖြစ်ပြီး Foldable ဖုန်းတွေထဲမှာ ဈေးအရမ်း ချိုမယ်လို့ သိရပါတယ်။

The Samsung Galaxy Z Flip 5G is official – and it confirms a big Galaxy Note 20 leak | TechRadar

Galaxy Club ရဲ့ သတင်းအရ မော်ဒယ်နံပါတ်က SM-F720F ဖြစ်ပြီး F က နိုင်ငံတကာ မော်ဒယ်ကို ရည်ညွှန်းတာ ဖြစ်ကာ B မပါတာက 5G မပါဘူးလို့ ဆိုလိုပါတယ်။

Samsung Officially Reveals the Galaxy Z Flip 5G | HYPEBEAST

4G မော်ဒယ် ဖြစ်တဲ့အတွက် Galaxy Z Flip3 ဟာ Snapdragon 888 Series Chipsets တွေ ထည့်သွင်းထားတဲ့ အရင်မျိုးဆက် Z Flip တွေထက် စွမ်းရည်နိမ့်သလို ဈေးလည်း သက်သာမှာ ဖြစ်ပါတယ်။ Samsung Galaxy Z Flip ကို စတင် ရောင်းချချိန်က ၁,၄၄၉ ဒေါ်လာနဲ့ Z Fold2 ကို ၁,၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး Samsung က Galaxy Z Flip3 ကို ဘယ်လောက်ဈေးနည်းနည်းနဲ့ ရောင်းမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိ ရောင်းချထားတဲ့ Foldable စမတ်ဖုန်းတွေရဲ့ ဈေးက အရမ်းမြောက်တဲ့အတွက် တော်ရုံလူ မဝယ်နိုင်ပါဘူး။ Samsung က စွမ်းရည်သင့် ၊ တန်ဖိုးသင့် Foldable ဖုန်းတွေကို ထုတ်လုပ်ရောင်းချမယ်ဆိုရင် လူတန်းစားမျိုးစုံ ကိုင်နိုင်တော့မှာပါ။

Ref : gsmarena