Samsung ဟာ ယခင်တုန်းက စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ပြီးအသုံးပြုရတဲ့ Wearable Device တွေကို Galaxy Gear ဆိုပြီး နာမည်ပေးခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ နောက်ဆုံးသိရှိရတဲ့သတင်းအရ Samsung ကနေ Galaxy Gear Wearable တွေကို အသုံးပြုနိုင်မှုကို ရပ်ဆိုင်းတော့မယ်လို့သိရပါတယ်။

အခုသတင်းကိုတော့ Samsung Members App မှာ Warning အနေနဲ့ ဖော်ပြခဲ့တာဖြစ်ပြီး ၂၀၂၁ မှာ ထွက်ရှိလာမယ့် Samsung Galaxy စမတ်ဖုန်းတွေနဲ့ Galaxy Gear Wearable တွေ ချိတ်ဆက်အသုံးပြုနိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။ ဒါကလည်း App Update တစ်ခုထဲကနေတစ်ဆင့် အဆိုပါ Product တွေရဲ့ Service Quality ကို ထိန်းထားနိုင်ဖို့ အာမမခံနိုင်တော့တာကြောင့်ဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

အဲ့ဒီအတွက် Samsung Galaxy Gear 2 ၊ Gear 2 Neo ၊ Gear S နဲ့ Gear Fit လိုမျိုး Wearable တွေကို အသုံးပြုနေပြီး ၂၀၂၁ မှာ Samsung စမတ်ဖုန်းကို ဝယ်ယူဖို့ စိတ်ကူးနေတယ်ဆိုရင်တော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ၂၀၂၀ ခုနှစ် (သို့မဟုတ်) အစောပိုင်းမှာ မိတ်ဆက်ထားတဲ့ Samsung စမတ်ဖုန်းဆိုရင်တော့ ဆက်လက်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Wearable Product တွေဟာ လက်ရှိအချိန်မှာလည်း အများအပြားရှိနေပြီဖြစ်တဲ့အတွက် တကယ်လို့ Galaxy Gear Product တွေကိုအသုံးပြုနေတယ်ဆိုရင်လည်း Upgrade ပြုလုပ်သင့်နေပြီဖြစ်ပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Samsung ကနေ လာမယ့်နှစ်မှာ အခုလိုမျိုး Wearable တွေနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတစ်ခုခုပြုလုပ်လာနိုင်ခြေလည်း ရှိနေပါတယ်။

Ref – Android Authority