သတင်းများစွာ ပေါက်ကြားပြီးနောက် Samsung က Galaxy Tab S7 FE ကို အိန္ဒိယမှာ ကြေညာလိုက်ပါပြီ။ ဒါ့အပြင် တန်ဖိုးနည်း Tab A7 Lite ကိုပါ ရောင်းပေးလိုက်ပါတယ်။

Galaxy Tab S7 FE

၁၂.၄ လက်မ 2560×1600 မျက်နှာပြင် ထည့်သွင်းထားပြီး အားနည်းချက်က AMOLED အစား LCD ကို သုံးထားတာပါ။ သုံးထားတဲ့ ပရောက်ဆက်ဆာကို Samsung က မပြောသေးပေမယ့် Octa-core 2.2x2GHz +6×1.8GHz လို့ ပြောတဲ့အတွက် Snapdragon 750G ရဲ့ Cortex A77/A55 ဖြစ်နိုင်ပါတယ်။ 4GB or 6GB RAM နဲ့ 64GB or 128GB Storage တွေ ရွေးချယ်နိုင်ပြီး microSD Card Slot ပါပါတယ်။ နားကြပ်ပေါက်တော့ မပါလာပါဘူး။

5G Version ထွက်လာမှာ ဖြစ်ပေမယ့် နိုင်ငံအားလုံးမှာ ရောင်းမှာ မဟုတ်ပါဘူး။ အနောက်ဘက်မှာ 8MP ကင်မရာနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာတွေ ထည့်သွင်းထားပြီး ဘက်ထရီက 10,090mAh ဆိုတော့ ရှယ်မိုက်ပါတယ်။ အနက်၊ ငွေ၊ အစိမ်းနဲ့ ပန်းရောင် ထုတ်လုပ်ထားပြီး S Pen ပါပါတယ်။

Galaxy Tab A7 Lite

၈.၇ လက်မ 1340×800 LCD မျက်နှာပြင် သုံးထားပြီး Mediatek Helio P22T Processor ဖြစ်နိုင်ပါတယ်။ 3GB or 4GB RAM နဲ့ 32GB or 64GB Storage တွေရွေးချယ်နိုင်ပါတယ်။ microSD Card ပါလာနိုင်ပြီး WiFi နဲ့ LTE မော်ဒယ်တွေ ရောင်းမယ်လို့ Samsung က ပြောပါတယ်။

အနောက်ဘက်မှာ 8MP ကင်မရာနဲ့ အရှေ့ဘက်မှာ 2MP ကင်မရာတွေ ထည့်သွင်းထားပြီး အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပါတယ်။ S Pen တော့ မပါလာဘဲ နားကြပ်ပေါက် ဖြုတ်ထားပါတယ်။

အိန္ဒိယ ရောင်းဈေး

  • Galaxy Tab S7 FE LTE (4GB/64GB) – ₹46,999 (1,046,914 Kyat)
  • Galaxy Tab S7 FE LTE (6GB/128GB) – ₹50,999 (1136015 Kyat)
  • Galaxy Tab A7 Lite Wi-Fi (3GB/32GB) – ₹11,999 (267280.81 Kyat)
  • Galaxy Tab A7 Lite LTE (3GB/32GB) – ₹14,999 (334106.58 Kyat)

Ref : android police