[Zawgyi]

Samsung ဟာ လက္ရွိက်င္းပေနတဲ့ Developer Conference မွာ အားလုံးစိတ္ဝင္စားေနတဲ့ အေၾကာင္းအရာေတြကို အကုန္နီးပါး ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။ နာမည္ႀကီးေနတဲ့ Foldable စမတ္ဖုန္းေတြသာမကဘဲ ယခင္က ထုတ္ခဲ့တဲ့ Devices ေတြအတြက္လည္း လိုအပ္တဲ့ Update ေတြ ရရွိႏိုင္မယ့္ အခ်ိန္ကိုပါ ေျပာခဲ့တာ ျဖစ္ပါတယ္။

လာမယ့္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလထဲမွာ Galaxy Note9, S9 နဲ႔ S9+ ေတြအတြက္ Android 9 Pie Update ကို ထုတ္လႊတ္ေပးေတာ့မယ္လို႔ ေၾကညာသြားခဲ့တာပဲ ျဖစ္ပါတယ္။ ဒီလေႏွာင္းပိုင္းမွာေတာ့ လာမယ့္ Update အတြက္ Beta program ကို ဖြင့္ေပးထားမယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ အဲဒီ Beta program က အေမရိကား၊ ေတာင္ကိုရီးယားနဲ႔ ဂ်ာမနီတို႔မွာပဲ ရရွိဦးမွာ ျဖစ္ပါတယ္။ တျခားဥေရာပနဲ႔ အာရွႏိုင္ငံေတြအတြက္ကေတာ့ ေနာက္ထပ္ရက္သတ္မွတ္ေပးမယ္လို႔ သိရပါတယ္။

Android Pie ကို အေျခခံထားတဲ့ One UI ကေတာ့ Samsung Experience ကို တာ့တာလို႔ေျပာလိုက္တာပါပဲ။ One UI ကိုလည္း အခုက်င္းပေနတဲ့ Developer Conference မွာ မိတ္ဆက္ခဲ့ပါေသးတယ္။ One UI က User Experience အသစ္ေတြကို ေပးအပ္မွာျဖစ္တယ္လို႔ Samsung က ေျပာခဲ့ပါတယ္။

One UI ဟာ ၿပီးခဲ့တဲ့ အေဟာင္းေတြနဲ႔ ႏႈိင္းယွဥ္ရင္ လုံးဝကို ကြဲျပားျခားနားတဲ့ သုံးစြဲရမႈ အေတြ႕အႀကဳံကို ေပးအပ္လိမ့္မယ္လို႔လည္း ဆိုပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Samsung Experience UI သာ သုံးရဦးမွာ ျဖစ္ၿပီး One UI Stable Update က ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလရဲ႕ ပထမပတ္ေလာက္မွ ရရွိမွာ ျဖစ္ပါတယ္။

Ref: Gsmarena

 

[Unicode]

Samsung ဟာ လက်ရှိကျင်းပနေတဲ့ Developer Conference မှာ အားလုံးစိတ်ဝင်စားနေတဲ့ အကြောင်းအရာတွေကို အကုန်နီးပါး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ နာမည်ကြီးနေတဲ့ Foldable စမတ်ဖုန်းတွေသာမကဘဲ ယခင်က ထုတ်ခဲ့တဲ့ Devices တွေအတွက်လည်း လိုအပ်တဲ့ Update တွေ ရရှိနိုင်မယ့် အချိန်ကိုပါ ပြောခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလထဲမှာ Galaxy Note9, S9 နဲ့ S9+ တွေအတွက် Android 9 Pie Update ကို ထုတ်လွှတ်ပေးတော့မယ်လို့ ကြေညာသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလနှောင်းပိုင်းမှာတော့ လာမယ့် Update အတွက် Beta program ကို ဖွင့်ပေးထားမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ Beta program က အမေရိကား၊ တောင်ကိုရီးယားနဲ့ ဂျာမနီတို့မှာပဲ ရရှိဦးမှာ ဖြစ်ပါတယ်။ တခြားဥရောပနဲ့ အာရှနိုင်ငံတွေအတွက်ကတော့ နောက်ထပ်ရက်သတ်မှတ်ပေးမယ်လို့ သိရပါတယ်။

Android Pie ကို အခြေခံထားတဲ့ One UI ကတော့ Samsung Experience ကို တာ့တာလို့ပြောလိုက်တာပါပဲ။ One UI ကိုလည်း အခုကျင်းပနေတဲ့ Developer Conference မှာ မိတ်ဆက်ခဲ့ပါသေးတယ်။ One UI က User Experience အသစ်တွေကို ပေးအပ်မှာဖြစ်တယ်လို့ Samsung က ပြောခဲ့ပါတယ်။

One UI ဟာ ပြီးခဲ့တဲ့ အဟောင်းတွေနဲ့ နှိုင်းယှဉ်ရင် လုံးဝကို ကွဲပြားခြားနားတဲ့ သုံးစွဲရမှု အတွေ့အကြုံကို ပေးအပ်လိမ့်မယ်လို့လည်း ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ Samsung Experience UI သာ သုံးရဦးမှာ ဖြစ်ပြီး One UI Stable Update က ၂၀၁၉ ခုနှစ် ဇန်နဝါရီလရဲ့ ပထမပတ်လောက်မှ ရရှိမှာ ဖြစ်ပါတယ်။

Ref: Gsmarena