[Zawgyi]

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက California အေျခစိုက္ နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ Royole က FlexPai အမည္ရ ေကြးႏိုင္ေခါက္ႏိုင္တဲ့ စမတ္ဖုန္းကို တရားဝင္ မိတ္ဆက္သြားခဲ့ပါတယ္။ ဒီေတာ့ ေကြးႏိုင္ေခါက္ႏိုင္တဲ့ မ်က္ႏွာျပင္ပါ အဆင့္ျမင့္ စမတ္ဖုန္းကို ထုတ္လုပ္ႏိုင္ေတာ့မယ္လို႔ နာမည္ႀကီးေနတဲ့ Samsung လည္း ေအးေအးေဆးေဆး ေနလို႔မရေတာ့ဘဲ သူတို႔ရဲ႕ လက္ရွိအေျခအေနကို သတင္းထုတ္ျပန္လာရပါေတာ့တယ္။

Samsung Galaxy F Series ဟာ အားလုံးေမွ်ာ္လင့္ေနတဲ့ Foldable စမတ္ဖုန္းပဲ ျဖစ္လိမ့္မယ္လို႔ သတင္းေတြ ထြက္ေပၚလာပါၿပီ။ ဒီဖုန္းရဲ႕ မ်က္ႏွာျပင္ဟာ ဘယ္လို အလုပ္လုပ္မလဲဆိုတဲ့ သတင္းအခ်က္အလက္ အေသးစိတ္ကို မၾကာခင္ျပဳလုပ္မယ့္ Samsung Developer Conference မွာ ထုတ္ျပန္သြားမယ္လို႔ Lee Kyeong-Tae က ေျပာပါတယ္။

San Francisco မွာျပဳလုပ္မယ့္ ကြန္ဖရင့္မွာလည္း မ်က္ႏွာျပင္အေၾကာင္းသာ ထုတ္ေဖာ္ေျပာဆိုသြားမွာျဖစ္ၿပီး စမတ္ဖုန္း တစ္ခုလုံးရဲ႕ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ခ်န္လွပ္ထားဦးမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ ခန႔္မွန္းခ်က္အရ ဒီဖုန္းကို လာမယ့္ ၂၀၁၉ ခုႏွစ္ အေစာပိုင္းမွာပဲ ေဈးကြက္တင္ေရာင္းခ်သြားဖြယ္ ရွိတယ္လို႔ သိရပါတယ္။ ဒီေတာ့ က်န္တဲ့ အေသးစိတ္အခ်က္အလက္ေတြအေၾကာင္းကို ေရာင္းခ်ကာနီးမွပဲ တျဖည္းျဖည္းခ်င္း ဖြင့္ဟသြားမယ့္ ပုံစံမွာ ရွိေနပါတယ္။

Galaxy F Series မွာ F ဆိုတာ Foldable ကို အစြဲျပဳၿပီး သုံးထားတယ္လို႔ ယူဆရပါတယ္။ Model number ကေတာ့ SM-F900U ဆိုတာေၾကာင့္ Galaxy S ေတြအတြက္ သုံးထားတာမ်ိဳး ဆင္တူတယ္လို႔ ဆိုရမွာပါ။ ေနာက္ထပ္ ထြက္ေပၚလာတဲ့ သတင္းအရ အႀကိဳထုတ္လုပ္မႈ (စမ္းသပ္ထုတ္လုပ္ျခင္း)ဟာ US မွာ စမ္းသပ္တယ္လို႔ သိရပါတယ္။ ဒီအတြက္ Software build number ကလည္း F900USQU0ARJ5 ျဖစ္တယ္လို႔ Gsmarena က ေဖာ္ျပထားပါတယ္။

Google နဲ႔ မိတ္ဖက္အျဖစ္ ေပါင္းစပ္ဖန္တီးထားတဲ့ Android UI ကိုလည္း ထူးျခားစြာ အသုံးျပဳႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါ့အျပင္ အျခား Model number ေတြျဖစ္ၾကတဲ့ M-F900F နဲ႔ SM-F900N တို႔ကိုလည္း ထုတ္လုပ္သြားမွာျဖစ္ၿပီး ဥေရာပနဲ႔ အာရွေဈးကြက္ေတြဆီ အသီးသီး ပို႔ေဆာင္သြားဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။ ဒီအခ်က္အလက္ေတြအရ Samsung ဟာ သူတို႔ရဲ႕ Foldable စမတ္ဖုန္းကို တစ္ကမာၻလုံးက ေဈးကြက္ေတြ အားလုံးဆီ ျဖန႔္က်က္ဖို႔ ပစ္မွတ္ထားေနတယ္လို႔ ယူဆရမွာပါ။

Samsung ဟာ ဒီဖုန္းနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို တင္းတင္းက်ပ္က်ပ္ ကိုင္တြယ္ထားပါတယ္။ ဒါေပမယ့္လည္း အနည္းဆုံးေတာ့ 512GB Storage ျဖစ္လာႏိုင္ၿပီး တန္ဖိုးကလည္း ေဒၚလာ ႏွစ္ေထာင္ဝန္းက်င္ မွာရွိႏိုင္တယ္လို႔ ထင္ေၾကးေပးျခင္းကို ခံေနရပါတယ္။

Ref: gsmarena

[Unicode]

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက California အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Royole က FlexPai အမည်ရ ကွေးနိုင်ခေါက်နိုင်တဲ့ စမတ်ဖုန်းကို တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။ ဒီတော့ ကွေးနိုင်ခေါက်နိုင်တဲ့ မျက်နှာပြင်ပါ အဆင့်မြင့် စမတ်ဖုန်းကို ထုတ်လုပ်နိုင်တော့မယ်လို့ နာမည်ကြီးနေတဲ့ Samsung လည်း အေးအေးဆေးဆေး နေလို့မရတော့ဘဲ သူတို့ရဲ့ လက်ရှိအခြေအနေကို သတင်းထုတ်ပြန်လာရပါတော့တယ်။

Samsung Galaxy F Series ဟာ အားလုံးမျှော်လင့်နေတဲ့ Foldable စမတ်ဖုန်းပဲ ဖြစ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါပြီ။ ဒီဖုန်းရဲ့ မျက်နှာပြင်ဟာ ဘယ်လို အလုပ်လုပ်မလဲဆိုတဲ့ သတင်းအချက်အလက် အသေးစိတ်ကို မကြာခင်ပြုလုပ်မယ့် Samsung Developer Conference မှာ ထုတ်ပြန်သွားမယ်လို့ Lee Kyeong-Tae က ပြောပါတယ်။

San Francisco မှာပြုလုပ်မယ့် ကွန်ဖရင့်မှာလည်း မျက်နှာပြင်အကြောင်းသာ ထုတ်ဖော်ပြောဆိုသွားမှာဖြစ်ပြီး စမတ်ဖုန်း တစ်ခုလုံးရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ချန်လှပ်ထားဦးမယ်လို့ သိရပါတယ်။ ဒါပေမယ့် ခန့်မှန်းချက်အရ ဒီဖုန်းကို လာမယ့် ၂၀၁၉ ခုနှစ် အစောပိုင်းမှာပဲ ဈေးကွက်တင်ရောင်းချသွားဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒီတော့ ကျန်တဲ့ အသေးစိတ်အချက်အလက်တွေအကြောင်းကို ရောင်းချကာနီးမှပဲ တဖြည်းဖြည်းချင်း ဖွင့်ဟသွားမယ့် ပုံစံမှာ ရှိနေပါတယ်။

Galaxy F Series မှာ F ဆိုတာ Foldable ကို အစွဲပြုပြီး သုံးထားတယ်လို့ ယူဆရပါတယ်။ Model number ကတော့ SM-F900U ဆိုတာကြောင့် Galaxy S တွေအတွက် သုံးထားတာမျိုး ဆင်တူတယ်လို့ ဆိုရမှာပါ။ နောက်ထပ် ထွက်ပေါ်လာတဲ့ သတင်းအရ အကြိုထုတ်လုပ်မှု (စမ်းသပ်ထုတ်လုပ်ခြင်း)ဟာ US မှာ စမ်းသပ်တယ်လို့ သိရပါတယ်။ ဒီအတွက် Software build number ကလည်း F900USQU0ARJ5 ဖြစ်တယ်လို့ Gsmarena က ဖော်ပြထားပါတယ်။

Google နဲ့ မိတ်ဖက်အဖြစ် ပေါင်းစပ်ဖန်တီးထားတဲ့ Android UI ကိုလည်း ထူးခြားစွာ အသုံးပြုနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် အခြား Model number တွေဖြစ်ကြတဲ့ M-F900F နဲ့ SM-F900N တို့ကိုလည်း ထုတ်လုပ်သွားမှာဖြစ်ပြီး ဥရောပနဲ့ အာရှဈေးကွက်တွေဆီ အသီးသီး ပို့ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဒီအချက်အလက်တွေအရ Samsung ဟာ သူတို့ရဲ့ Foldable စမတ်ဖုန်းကို တစ်ကမ္ဘာလုံးက ဈေးကွက်တွေ အားလုံးဆီ ဖြန့်ကျက်ဖို့ ပစ်မှတ်ထားနေတယ်လို့ ယူဆရမှာပါ။

Samsung ဟာ ဒီဖုန်းနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားပါတယ်။ ဒါပေမယ့်လည်း အနည်းဆုံးတော့ 512GB Storage ဖြစ်လာနိုင်ပြီး တန်ဖိုးကလည်း ဒေါ်လာ နှစ်ထောင်ဝန်းကျင် မှာရှိနိုင်တယ်လို့ ထင်ကြေးပေးခြင်းကို ခံနေရပါတယ်။

Ref: gsmarena