[Zawgyi]

Samsung foldable နဲ႔ ပတ္သက္ၿပီး ေကာလာဟလေတြ အမ်ိဳးမ်ိဳးထြက္ခဲ့တာ ၾကာပါၿပီ။ အားလုံးကလည္း Saumsung ရဲ႕ တရားဝင္ေၾကညာမႈကို ေစာင့္ေနၾကတာပါ။ အခုေတာ့ Samsung Developers Conference မွာ တရားဝင္ ထုတ္ေဖာ္ျပသလိုက္ပါၿပီ။

လာမယ့္လေတြမွာ ေဈးကြက္တင္ေရာင္းဖို႔ အေျမာက္အမ်ားထုတ္လုပ္ေတာ့မယ့္ ဒီ Foldable ဖုန္းရဲ႕ပုံစံက အေစာပိုင္း ေပါက္ၾကားမႈေတြထဲကလိုပါပဲ။ ေခါက္ထားခ်ိန္မွာ စမတ္ဖုန္းပုံစံ ျဖစ္ေနေပမယ့္ ျဖန႔္ခ်လိုက္ရင္ေတာ့ Tablet အ႐ြယ္အစား ျဖစ္သြားပါတယ္။

ဒီ Foldable ဖုန္းမွာ အသုံးျပဳထားတဲ့ မ်က္ႏွာျပင္နည္းပညာသစ္ကို Infinity Flex Display လို႔ အမည္ေပးထားပါတယ္။ အႀကိမ္ႀကိမ္ ဖြင့္လိုက္၊ပိတ္လိုက္လုပ္လည္း အလြယ္တကူပ်က္စီးမသြားေအာင္ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။ “Infinigy Flex Display ဟာ မိုလ္ဘိုင္းဖုန္းပလက္ေဖာင္းသစ္တစ္ခုလုံးကို ကိုယ္စားျပဳေနတယ္” လို႔ Dension က ေျပာပါတယ္။

“သာမန္စမတ္ဖုန္းေတြရဲ႕ မ်က္ႏွာျပင္ဟာ သူ႔တည္ရွိေနတဲ့ကိုယ္ထည္၊ ပမာဏအခ်ိဳးအစားအတိုင္း ရွိေနၾကပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ Dimension အသစ္ကို ထပ္ၿပီး ေပါင္းစပ္ေပးထားပါတယ္။ ဘယ္တုန္းကမွနဲ႔ မတူတဲ့ Multitask နဲ႔ ၾကည့္ရႈမႈေတြကို ရရွိမွာပါ” လို႔လည္း Denision က ထပ္ၿပီးေျပာသြားခဲ့ပါေသးတယ္။

ဒါေပမယ့္ SDC မွာ ျပသသြားတဲ့ ပုံစံက လုံးဝအၿပီးသတ္ ပုံစံမဟုတ္ေသးပါဘူး။ တကယ္တမ္း အၿပီးသတ္ထြက္လာရင္ေတာ့ ပိုၿပီးပါးလႊာ၊ Bezel ေတြပိုၿပီးက်ဥ္းေျမာင္းသြားမယ့္ အလားလာရွိေနပါတယ္။ ဒီ Foldable ဖုန္းဟာ တခ်ိန္တည္းမွာ App သုံးခုကို တစ္ၿပိဳင္နက္ အသုံးျပဳႏိုင္တယ္လို႔ သိရပါတယ္။ Multi Active Window လို႔ အမည္ေပးထားပါတယ္။ Android အေနနဲ႔လည္း ဒီ Foldable Display နည္းပညာေတြအတြက္ ေထာက္ပံ့မႈေတြ ျပဳလုပ္သြားမယ္လို႔လည္း သိရပါတယ္။

Ref: cnet

 

[Unicode]

Samsung foldable နဲ့ ပတ်သက်ပြီး ကောလာဟလတွေ အမျိုးမျိုးထွက်ခဲ့တာ ကြာပါပြီ။ အားလုံးကလည်း Saumsung ရဲ့ တရားဝင်ကြေညာမှုကို စောင့်နေကြတာပါ။ အခုတော့ Samsung Developers Conference မှာ တရားဝင် ထုတ်ဖော်ပြသလိုက်ပါပြီ။

လာမယ့်လတွေမှာ ဈေးကွက်တင်ရောင်းဖို့ အမြောက်အများထုတ်လုပ်တော့မယ့် ဒီ Foldable ဖုန်းရဲ့ပုံစံက အစောပိုင်း ပေါက်ကြားမှုတွေထဲကလိုပါပဲ။ ခေါက်ထားချိန်မှာ စမတ်ဖုန်းပုံစံ ဖြစ်နေပေမယ့် ဖြန့်ချလိုက်ရင်တော့ Tablet အရွယ်အစား ဖြစ်သွားပါတယ်။

ဒီ Foldable ဖုန်းမှာ အသုံးပြုထားတဲ့ မျက်နှာပြင်နည်းပညာသစ်ကို Infinity Flex Display လို့ အမည်ပေးထားပါတယ်။ အကြိမ်ကြိမ် ဖွင့်လိုက်၊ပိတ်လိုက်လုပ်လည်း အလွယ်တကူပျက်စီးမသွားအောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ “Infinigy Flex Display ဟာ မိုလ်ဘိုင်းဖုန်းပလက်ဖောင်းသစ်တစ်ခုလုံးကို ကိုယ်စားပြုနေတယ်” လို့ Dension က ပြောပါတယ်။

“သာမန်စမတ်ဖုန်းတွေရဲ့ မျက်နှာပြင်ဟာ သူ့တည်ရှိနေတဲ့ကိုယ်ထည်၊ ပမာဏအချိုးအစားအတိုင်း ရှိနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ Dimension အသစ်ကို ထပ်ပြီး ပေါင်းစပ်ပေးထားပါတယ်။ ဘယ်တုန်းကမှနဲ့ မတူတဲ့ Multitask နဲ့ ကြည့်ရှုမှုတွေကို ရရှိမှာပါ” လို့လည်း Denision က ထပ်ပြီးပြောသွားခဲ့ပါသေးတယ်။

ဒါပေမယ့် SDC မှာ ပြသသွားတဲ့ ပုံစံက လုံးဝအပြီးသတ် ပုံစံမဟုတ်သေးပါဘူး။ တကယ်တမ်း အပြီးသတ်ထွက်လာရင်တော့ ပိုပြီးပါးလွှာ၊ Bezel တွေပိုပြီးကျဉ်းမြောင်းသွားမယ့် အလားလာရှိနေပါတယ်။ ဒီ Foldable ဖုန်းဟာ တချိန်တည်းမှာ App သုံးခုကို တစ်ပြိုင်နက် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Multi Active Window လို့ အမည်ပေးထားပါတယ်။ Android အနေနဲ့လည်း ဒီ Foldable Display နည်းပညာတွေအတွက် ထောက်ပံ့မှုတွေ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

Ref: cnet