[Zawgyi]

ၿပီးခဲ့တဲ့ Developer Conference တုန္းက Samsung ဟာ သူတို႔ရဲ႕ Foldable ဖုန္းကို မိတ္ဆက္ျပသသြားခဲ့ပါတယ္။ Samsung ဟာ Foldable ဖုန္းမွာ အဓိကအားျဖင့္ မ်က္ႏွာျပင္ျဖစ္တဲ့ Infinity Flex Display နဲ႔ UI အေၾကာင္းကိုပဲ ေျပာသြားခဲ့တာ ျဖစ္ပါတယ္။ တျခားအေရးပါတဲ့ အခ်က္အလက္ေတြနဲ႔ ေဈးကြက္ထဲ မိတ္ဆက္ေပးႏိုင္မယ့္ အခ်ိန္ကိုလည္း ေျပာသြားခဲ့ျခင္း မရွိတာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ထုတ္လုပ္မႈနယ္ပယ္တြင္းက အတြင္းသတင္းေတြအရေတာ့ Samsung ရဲ႕ Foldable ဖုန္းရဲ႕ ေနာက္ထပ္ သ႐ုပ္ျပ Demo ကို လာမယ့္ ေဖေဖာ္ဝါရီလရဲ႕ MWC မွာ ထပ္မံျပသသြားဦးမယ္လို႔ ဆိုပါတယ္။ အဲဒီေနာက္မွာမွ ေနာက္တစ္ဆင့္အေနနဲ႔ မတ္လထဲေရာက္မွ အေခ်ာသတ္ပုံစံကို ထုတ္ေဖာ္ျပသဖြယ္ရွိတယ္လို႔ သိရပါတယ္။

Samsung Foldable ဖုန္းရဲ႕ ခန႔္မွန္းတန္ဖိုးဟာ $1,770 ျဖစ္ႏိုင္ဖြယ္ရွိၿပီး ဒါကလည္း ကန႔္သတ္ပမာဏနဲ႔ပဲ ေရာင္းခ်သြားဖြယ္ရွိတယ္လို႔ သိရပါတယ္။ Samsung အီလက္ထေရာနစ္ရဲ႕ ဥကၠ႒ DJ Koh ကေတာ့ သူတို႔ရဲ႕ Flexible ဖုန္းကို အနည္းဆုံး အလုံးေရ တစ္သန္းအထိ တင္ပို႔ေရာင္းခ်ရမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။

Samsung foldable ဖုန္းကို အဖြင့္အပိတ္လုပ္လို႔ရတဲ့ စာအုပ္ပုံစံမ်ိဳး တည္ေဆာက္ထားတာ ျဖစ္ၿပီး အျပင္ဘက္ မ်က္ႏွာျပင္က 4.58-inch အ႐ြယ္အစား ျဖစ္ပါတယ္။ ျဖန႔္ဖြင့္လိုက္ရင္ေတာ့ Tablet အ႐ြယ္အစားျဖစ္သြားၿပီး အတြင္းမ်က္ႏွာျပင္ဟာ 7.3-inch ျဖစ္ပါတယ္။ ဒီ Foldable ဖုန္းဟာ Samsung ရဲ႕ ပထမဆုံး 5G စမတ္ဖုန္းေတာ့ ျဖစ္လာမွာ မဟုတ္ဘူးလို႔လည္း သိရပါတယ္။ ကုမၸဏီဟာ 5G အသုံးျပဳႏိုင္တဲ့ Galaxy S10 ကို မတ္လမွာ မိတ္ဆက္သြားဖြယ္ရွိတယ္လို႔ အတြင္းလူေတြက ယုံၾကည္ေနၾကပါတယ္။ (ပထမထြက္မယ့္ Galaxy S10 ေတြကေတာ့ 4G ပဲ သုံးလို႔ရမွာပါ။)

Ref: GSMarena

 

[Unicode]

ပြီးခဲ့တဲ့ Developer Conference တုန်းက Samsung ဟာ သူတို့ရဲ့ Foldable ဖုန်းကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။ Samsung ဟာ Foldable ဖုန်းမှာ အဓိကအားဖြင့် မျက်နှာပြင်ဖြစ်တဲ့ Infinity Flex Display နဲ့ UI အကြောင်းကိုပဲ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ တခြားအရေးပါတဲ့ အချက်အလက်တွေနဲ့ ဈေးကွက်ထဲ မိတ်ဆက်ပေးနိုင်မယ့် အချိန်ကိုလည်း ပြောသွားခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ထုတ်လုပ်မှုနယ်ပယ်တွင်းက အတွင်းသတင်းတွေအရတော့ Samsung ရဲ့ Foldable ဖုန်းရဲ့ နောက်ထပ် သရုပ်ပြ Demo ကို လာမယ့် ဖေဖော်ဝါရီလရဲ့ MWC မှာ ထပ်မံပြသသွားဦးမယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာမှ နောက်တစ်ဆင့်အနေနဲ့ မတ်လထဲရောက်မှ အချောသတ်ပုံစံကို ထုတ်ဖော်ပြသဖွယ်ရှိတယ်လို့ သိရပါတယ်။

Samsung Foldable ဖုန်းရဲ့ ခန့်မှန်းတန်ဖိုးဟာ $1,770 ဖြစ်နိုင်ဖွယ်ရှိပြီး ဒါကလည်း ကန့်သတ်ပမာဏနဲ့ပဲ ရောင်းချသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ Samsung အီလက်ထရောနစ်ရဲ့ ဥက္ကဋ္ဌ DJ Koh ကတော့ သူတို့ရဲ့ Flexible ဖုန်းကို အနည်းဆုံး အလုံးရေ တစ်သန်းအထိ တင်ပို့ရောင်းချရမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

Samsung foldable ဖုန်းကို အဖွင့်အပိတ်လုပ်လို့ရတဲ့ စာအုပ်ပုံစံမျိုး တည်ဆောက်ထားတာ ဖြစ်ပြီး အပြင်ဘက် မျက်နှာပြင်က 4.58-inch အရွယ်အစား ဖြစ်ပါတယ်။ ဖြန့်ဖွင့်လိုက်ရင်တော့ Tablet အရွယ်အစားဖြစ်သွားပြီး အတွင်းမျက်နှာပြင်ဟာ 7.3-inch ဖြစ်ပါတယ်။ ဒီ Foldable ဖုန်းဟာ Samsung ရဲ့ ပထမဆုံး 5G စမတ်ဖုန်းတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။ ကုမ္ပဏီဟာ 5G အသုံးပြုနိုင်တဲ့ Galaxy S10 ကို မတ်လမှာ မိတ်ဆက်သွားဖွယ်ရှိတယ်လို့ အတွင်းလူတွေက ယုံကြည်နေကြပါတယ်။ (ပထမထွက်မယ့် Galaxy S10 တွေကတော့ 4G ပဲ သုံးလို့ရမှာပါ။)

Ref: GSMarena