Zawgyi

Samsung ကေန သူ႕ရဲ႕ မိခင္နိုင္ငံျဖစ္တဲ့ ကိုရီးယားမွာ မေန႕ကပဲ Galaxy A9 Pro (2019) ကို စတင္ မိတ္ဆက္ လိုက္ပါတယ္။ အမွန္ တစ္ကယ္ကေတာ့ A9 Pro ကို တ႐ုတ္ျပည္မွာ Galaxy A8s အျဖစ္ မိတ္ဆက္ထားၿပီး ျဖစ္ပါတယ္။ အျပာေရာင္၊ မီးခိုးေရာင္နဲ႕ အစိမ္းေရာင္ ဆိုၿပီး အေရာင္သုံးမ်ိဳးနဲ႕ ထုတ္လုပ္ထားၿပီး ေစ်းႏႈန္းကေတာ့ ကိုရီးယား ဝမ္ ေျခာက္သိန္းနီးပါးရွိကာ ျမန္မာေငြနဲ႕ဆိုရင္ေတာ့ ရွစ္သိန္း ဝန္းက်င္ရွိပါတယ္။

A9 Pro မွာ 6.4-inch အ႐ြယ္အစားရွိတဲ့ Full HD+ LCD Display ပါဝင္ပါတယ္။ ထူးျခားခ်က္ကေတာ့ Screen-to-Body Ratio အေတာ္ေလးမ်ားၿပီး Selfie Camera အတြက္ သမားရိုးက် Notch ေတြ မသုံးေတာ့ပဲ Infinity-O လို႔ေခၚတဲ့ Punch-hole ေလးကို အသုံးျပဳထားပါတယ္။ ပရိုဆက္ဆာအေနနဲ႕ကေတာ့ Mi 8 SE မွာ စၿပီး နာမည္ႀကီးခဲ့တဲ့ Snapdragon 710 SoC ကို တပ္ဆင္ေပးထားပါတယ္။ Snapdragon 710 ဟာ 10nm တည္ေဆာက္ပုံ နည္းပညာကို အသုံးျပဳထားတာေၾကာင့္ Snapdragon 845 နဲ႕ ဖြဲ႕စည္းပုံ အတူတူပဲျဖစ္ကာ Mid-range SoC ေတြထဲမွာ စြမ္းေဆာင္ရည္ အျမင့္ဆုံး SoC ျဖစ္ပါတယ္။

ကင္မရာပိုင္းအတြက္ေတာ့ Optical Zoom ႏွစ္ဆ ဆြဲနိုင္တဲ့ 10MP Telephoto Lens, 24MP ရွိတဲ့ အဓိက ကင္မရာနဲ႕ Portrait ပုံေတြရိုက္ကူးဖို႔ 5MP ရွိ Depth Sensor ေတြ ပါဝင္ပါတယ္။ Selfie Camera က ေတာ့ 24MP ရွိလို႔ ျပတ္သားတဲ့ Selfie ပုံေတြ ရိုက္နိုင္မွာပါ။ ဘက္ထရီ ပမာဏ ကေတာ့ 3,300 mAh ပါဝင္ၿပီး Snapdragon 710 ရဲ႕ ပါဝါသုံးစြဲအား ေလ်ာ့နည္းမႈေၾကာင့္ အခ်ိန္ၾကာၾကာ အသုံးျပဳနိုင္မွာပါ။

Operating System အေနနဲ႕ကေတာ့ Android Oreo ပဲ ပါဝင္လာမွာျဖစ္ၿပီး မၾကာခင္ Android Pie Update ရမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ Galaxy A9 Pro ကို RAM ပမာဏ 6GB, 8GB နဲ႕ ထုတ္ထားၿပီး Internal Storage 128GB ပါဝင္ပါတယ္။ A9 Pro ကို ကိုရီးယားမွာ ေနာက္လ ၂၈ရက္ေန႕မွာ စတင္ေရာင္းခ်မွာပါ။

Ref: Gizmo China

Unicode

Samsung ရဲ့ Galaxy A9 Pro (2019) ကို ကိုရီးယား မှာ စတင် မိတ်ဆက်

Samsung ကနေ သူ့ရဲ့ မိခင်နိုင်ငံဖြစ်တဲ့ ကိုရီးယားမှာ မနေ့ကပဲ Galaxy A9 Pro (2019) ကို စတင် မိတ်ဆက် လိုက်ပါတယ်။ အမှန် တစ်ကယ်ကတော့ A9 Pro ကို တရုတ်ပြည်မှာ Galaxy A8s အဖြစ် မိတ်ဆက်ထားပြီး ဖြစ်ပါတယ်။ အပြာရောင်၊ မီးခိုးရောင်နဲ့ အစိမ်းရောင် ဆိုပြီး အရောင်သုံးမျိုးနဲ့ ထုတ်လုပ်ထားပြီး စျေးနှုန်းကတော့ ကိုရီးယား ဝမ် ခြောက်သိန်းနီးပါးရှိကာ မြန်မာငွေနဲ့ဆိုရင်တော့ ရှစ်သိန်း ဝန်းကျင်ရှိပါတယ်။

A9 Pro မှာ 6.4-inch အရွယ်အစားရှိတဲ့ Full HD+ LCD Display ပါဝင်ပါတယ်။ ထူးခြားချက်ကတော့ Screen-to-Body Ratio အတော်လေးများပြီး Selfie Camera အတွက် သမားရိုးကျ Notch တွေ မသုံးတော့ပဲ Infinity-O လို့ခေါ်တဲ့ Punch-hole လေးကို အသုံးပြုထားပါတယ်။ ပရိုဆက်ဆာအနေနဲ့ကတော့ Mi 8 SE မှာ စပြီး နာမည်ကြီးခဲ့တဲ့ Snapdragon 710 SoC ကို တပ်ဆင်ပေးထားပါတယ်။ Snapdragon 710 ဟာ 10nm တည်ဆောက်ပုံ နည်းပညာကို အသုံးပြုထားတာကြောင့် Snapdragon 845 နဲ့ ဖွဲ့စည်းပုံ အတူတူပဲဖြစ်ကာ Mid-range SoC တွေထဲမှာ စွမ်းဆောင်ရည် အမြင့်ဆုံး SoC ဖြစ်ပါတယ်။

ကင်မရာပိုင်းအတွက်တော့ Optical Zoom နှစ်ဆ ဆွဲနိုင်တဲ့ 10MP Telephoto Lens, 24MP ရှိတဲ့ အဓိက ကင်မရာနဲ့ Portrait ပုံတွေရိုက်ကူးဖို့ 5MP ရှိ Depth Sensor တွေ ပါဝင်ပါတယ်။ Selfie Camera က တော့ 24MP ရှိလို့ ပြတ်သားတဲ့ Selfie ပုံတွေ ရိုက်နိုင်မှာပါ။ ဘက်ထရီ ပမာဏ ကတော့ 3,300 mAh ပါဝင်ပြီး Snapdragon 710 ရဲ့ ပါဝါသုံးစွဲအား လျော့နည်းမှုကြောင့် အချိန်ကြာကြာ အသုံးပြုနိုင်မှာပါ။

Operating System အနေနဲ့ကတော့ Android Oreo ပဲ ပါဝင်လာမှာဖြစ်ပြီး မကြာခင် Android Pie Update ရမယ်လို့တော့ မျှော်လင့်ရပါတယ်။ Galaxy A9 Pro ကို RAM ပမာဏ 6GB, 8GB နဲ့ ထုတ်ထားပြီး Internal Storage 128GB ပါဝင်ပါတယ်။ A9 Pro ကို ကိုရီးယားမှာ နောက်လ ၂၈ရက်နေ့မှာ စတင်ရောင်းချမှာပါ။

Ref: Gizmo China