Samsung ကနေ အခုအချိန်မှာ Galaxy Book S Laptop အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Galaxy Book S Laptop ဟာဆိုရင် Intel ရဲ့ Hybrid Technology အသုံးပြု Lakefield Processor အသစ်ကို အသုံးပြုထားတဲ့ ပထမဆုံး Laptop တစ်လုံးလည်းဖြစ်ပါတယ်။

အစောပိုင်းတုန်းက Galaxy Book S Laptop တွေဟာ ARM Platform ကို အခြေခံထားတဲ့ Qualcomm Snapdragon Processor တွေကို အသုံးပြုထားတာဖြစ်ပါတယ်။ လက်ရှိ Galaxy Book S Laptop မှာ အသုံးပြုထားတဲ့ Lakefield Processor တွေဟာ Qualcomm ARM Processor ကို အဓိကပြိုင်ဆိုင်ဖို့ရည်ရွယ်ထားတာလို့ သိရပါတယ်။

လောလောဆယ်မှာ Samsung Galaxy Book S Laptop က Lakefield Processor ကို ပထမဆုံးအသုံးပြုထားတဲ့ Laptop ဖြစ်ပြီးတော့ နောက်ပိုင်းမှာ Lenovo ThinkPad X1 Fold နဲ့ Microsoft Surface Neo လိုမျိုး Device တွေမှာပါ အသုံးပြုလာမယ်လို့ သိရပါတယ်။

Lakefield Processor တွေအနေနဲ့ အခုအချိန်မှာ Intel Core i5-L16G7 နဲ့ Core i3-L13G4 ဆိုပြီး ၂ မျိုး မိတ်ဆက်ထားတာဖြစ်ပါတယ်။ အဆိုပါ Processor တွေဟာ 7nm Architecture ကို အခြေခံထားပြီး High Performance Core ၁ လုံးနဲ့ Low Performance Core ၄ လုံးပေါင်းစပ်ပြီး စုစုပေါင်း 5 Cores ၊ 5 Threads ပါဝင်မှာပါ။

နည်းပညာပိုင်းအနေနဲ့ကတော့ လက်ရှိပုံမှန် Laptop တွေမှာအသုံးပြုနေတဲ့ 10th Generation 10nm Ice Lake Processor တွေနဲ့ဆင်တူမှာဖြစ်သလို Intel Gen 11 Integrated Graphics နဲ့ Wi-Fi 6 Support တွေပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy Book S အနေနဲ့ကတော့ Core i5 Processor ကိုအသုံးပြုထားမယ်လို့ သိရပြီး အလေးချိန်အနေနဲ့ 2lb ဝန်းကျင်နဲ့ အထူက 0.7-inch ပဲရှိမှာဖြစ်ပါတယ်။ Outdoor မှာအသုံးပြုဖို့အတွက် Display ကို 600Nits အထိတင်ပေးနိုင်တဲ့ Outdoor Mode ပါဝင်မှာဖြစ်သလို 42Wh Battery လည်းထည့်သွင်းထားမှာပါ။ လောလောဆယ်မှာတော့ Wi-Fi Version ကို $949.99 (မြန်မာငွေ ၁၃ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ LTE Version အနေနဲ့ပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။

Ref – The Verge