Samsung က MWC မှာ လက်ပ်တော့ အသစ်တွေကို ကြေညာလိုက်ပြီး အားလုံးမှာ 1080p AMOLED မျက်နှာပြင်၊ Intel 12th Gen Processor နဲ့ S Pen တွေ ထည့်သွင်းထားပါတယ်။ Galaxy Book2 Pro နဲ့ Galaxy Book2 Pro 360 အတွက် ၁၃.၃ လက်မနဲ့ ၁၅.၆ လက်မ အရွယ်အစား ၂ မျိုး ထုတ်လုပ်ပေးထားပြီး အဓိက ကွာခြားချက်က 360 မှာ တက်ဘလက်လိုမျိုး ခေါက်ချိုးနိုင်ပါတယ်။

EMBARGO 27.02 19:00 CET - Samsung's Galaxy Book2 Pro, Pro 360 laptops bring Intel 12th gen, AMOLED screens

Galaxy Book2 Pro 360 အကြောင်း စပြောရအောင်။ ၁၃.၃ လက်မ မော်ဒယ်ဟာ ၁.၀၄ ကီလိုဂရမ်နဲ့ ၁၅.၆ လက်မ မော်ဒယ်ဟာ ၁.၄၁ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ AMOLED မျက်နှာပြင်တွေရဲ့ Resolution က 1920x1080p ဖြစ်ပြီး သာမာန်ကြည့်ရင် 400 nits Brightness နဲ့ HDR Content တွေကြည့်ရင် 500 nits Brightness ထောက်ပံ့ပါတယ်။

EMBARGO 27.02 19:00 CET - Samsung's Galaxy Book2 Pro, Pro 360 laptops bring Intel 12th gen, AMOLED screens

S Pen Support ပါပေမယ့် Bluetooth မထောက်ပံ့ထားပါဘူး။ Samsung က အရင်မျိုးဆက် Galaxy Book Pro ထက် Latency နည်းပါးလာတဲ့အတွက် ပုံဆွဲ၊ စာရေးရတာ ပိုကောင်းလာတယ်လို့ ပြောပါတယ်။ Samsung Notes ဟာ လက်နဲ့ရေးတဲ့ စာသားတွေကို အာရုံခံရာမှာ ပိုကောင်းလာပြီး Hyperlink Support ပါလာကာ မှတ်စုတွေကို လက်ပ်တော့နဲ့ Galaxy Android Device တွေအကြားမှာ Sync လုပ်ပေးနိုင်ပါတယ်။

EMBARGO 27.02 19:00 CET - Samsung's Galaxy Book2 Pro, Pro 360 laptops bring Intel 12th gen, AMOLED screens

Galaxy Book2 Pro 360 အတွက် 12th Gen Intel Core i7 or i5 Processor တွေ ရွေးချယ်နိုင်ပြီး 8GB ကနေ 32GB LPDDR5 RAM အထိ ထုတ်လုပ်ထားပါတယ်။

၁၃.၃ လက်မ Galaxy Book2 Pro 360 မှာ 63Wh ဘက်ထရီနဲ့ ၁၅.၆ လက်မ မော်ဒယ်မှာ 68Wh ဘက်ထရီ တပ်ဆင်ထားပါတယ်။ မော်ဒယ် ၂ ခုစလုံးမှာ Thunderbolt 4 Port ၁ ခုနဲ့ USB-C Port ၂ ခု ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ Samsung က ဘက်ထရီ သက်တမ်းဟာ ၂၁ နာရီခံတယ်လို့ ကတိပေးထားပါတယ်။

Galaxy Book2 Pro အတွက် Silver နဲ့ Graphite ၂ ရောင် ထုတ်လုပ်ပေးထားပြီး ဧပြီလမှာ ရောင်းမှာပါ။ i7 CPU , 8GB RAM နဲ့ 256GB Storage ပါတဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၀၅၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၈ သိန်း ၅ သောင်း ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena