Samsung က Galaxy M33 နဲ့ M23 ကို ကြေညာလိုက်ပြီး အဲဒီဖုန်း ၂ လုံးဟာ Specs အပိုင်းမှာ များစွာ တူညီပေမယ့် ဒီဇိုင်း ကွဲပြားပါတယ်။ ၂ လုံးစလုံးမှာ ၆.၆ လက်မ 1080p TFT မျက်နှာပြင်၊ 50MP Main , 8MP Ultrawide နဲ့ 2MP Depth ကင်မရာတွေ တပ်ဆင်ထားပါတယ်။

ကွဲပြားခြားနားချက်တွေကို စပြောရအောင်။ Galaxy M33 မှာ ပိုကြီးတဲ့ 6,000mAh ဘက်ထရီ၊ အပို 2MP Macro ကင်မရာနဲ့ ပိုများတဲ့ RAM ထည့်သွင်းထားပါတယ်။ 6GB RAM ကစကာ 8GB RAM အထိ ရွေးချယ်နိုင်ပြီး Samsung က Specs အပြည့်အစုံကို မပြောသေးဘဲ Octa-core Chipset ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံက 165.4 x 76.9 x 9.4 mm ဖြစ်ပြီး အလေးချိန်က ၂၁၅ ဂရမ် ဖြစ်ပါတယ်။

Samsung က Galaxy M33 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် နိုင်ငံတွေအကြောင်း မပြောသေးပေမယ့် ဥရောပနဲ့ အိန္ဒိယမှာ ရောင်းချမှာပါ။

Galaxy M23 မှာ အရွယ်ပိုသေးတဲ့ 5,000mAh ဘက်ထရီ ပါလာပြီး 2MP Macro မပါလာပါဘူး။ 4/128GB Configuration ပဲ ထုတ်လုပ်ထားပါတယ်။ တူညီတဲ့ ၆.၆ လက်မ TFT မျက်နှာပြင် ထည့်သွင်းထားပြီး ပိုမိုပေါ့ပါးကာ အလေးချိန်က ၁၉၈ ဂရမ်ပဲ ရှိပါတယ်။ Samsung က Galaxy M23 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် နိုင်ငံတွေကိုလည်း မပြောသေးပေမယ့် ဥရောပနဲ့ အိန္ဒိယမှာ ရောင်းချမှာပါ။

Ref : gsmarena