[Unicode]

Samsung Galaxy S11 ရဲ့ အစောပိုင်း ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံတွေအရ ကင်မရာ အကွက်ဟာ တော်တော်ကြီးမားတာ မြင်ရပါတယ်။ အခုတော့ အဲဒီ ကင်မရာတွေရဲ့ သတင်းအချက်အလက်တွေကို သိလာရပါပြီ။ Bloomberg က Samsung လာမယ့်နှစ်ထုတ်မယ့် စွမ်းရည်မြင့် Galaxy S11 မှာ 108MP ပင်မ ကင်မရာ၊ မြင်ကွင်းကျယ် ကင်မရာနဲ့ 5x Telephoto ကင်မရာတွေ ပါမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီနှစ်ထုတ် Galaxy Note 10 Plus မှာလို Time-of-flight Sensor လည်း ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Samsung ဟာ ဒုတိယမြောက် Foldable ဖုန်းမှာလည်း 108MP ကင်မရာနဲ့ 5x Optical Zoom ကင်မရာတွေကို အသုံးပြုဖို့ စီစဉ်နေတယ်လို့ သတင်းထွက်နေပါတယ်။ Bloomberg က Galaxy Fold 2 ဟာ ဒေါင်လိုက်ခေါက်ချိုး ဖုန်း ဖြစ်ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလလောက်မှာ ကြေညာမယ်လို့ ပြောပါတယ်။

Xiaomi ရဲ့ ဒီဇိုင်း အလန်းစား Mi Mix Alpha နဲ့ လက်ရှိ ရောင်းချနေတဲ့ Mi Note 10 မှာလည်း Samsung ရဲ့ 108MP ကင်မရာကို အသုံးပြုထားပါတယ်။ အရင်သတင်းတွေအရ Galaxy S11 မှာ အနောက်ကင်မရာ ၅ လုံးတောင်ပါလာမှာ ဖြစ်ပါတယ်။ 108MP ပင်မ ကင်မရာနဲ့အတူ အထူးထုတ် Bright Night Sensor ထည့်သွင်းထားမှာ ဖြစ်ပြီး Low Light ဓါတ်ပုံနဲ့ ဗီဒီယိုတွေ အရမ်းလန်းလာတော့မှာပါ။

စမတ်ဖုန်း ကုမ္ပဏီတွေဟာ နှစ်တိုင်း သူတို့ရဲ့ ဖုန်းတွေမှာ ကင်မရာတွေ ပိုလန်းလာအောင် ကြိုးစားနေကြပါတယ်။ စမတ်ဖုန်းတွေက ရိုက်ကူးပေးနိုင်တဲ့ Low Light ဓါတ်ပုံတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုအသေးစိတ်ကျလာပြီး ကြည်လင်ပြတ်သားလာပါတယ်။

Ref : theverge

[Zawgyi]

Samsung Galaxy S11 မွာ 108MP ကင္မရာနဲ႔ 5x Telephoto ပါလာႏုိင္

Samsung Galaxy S11 ရဲ႕ အေစာပိုင္း ေပါက္ၾကားထြက္ေပၚလာတဲ့ ဓါတ္ပံုေတြအရ ကင္မရာ အကြက္ဟာ ေတာ္ေတာ္ႀကီးမားတာ ျမင္ရပါတယ္။ အခုေတာ့ အဲဒီ ကင္မရာေတြရဲ႕ သတင္းအခ်က္အလက္ေတြကို သိလာရပါၿပီ။ Bloomberg က Samsung လာမယ့္ႏွစ္ထုတ္မယ့္ စြမ္းရည္ျမင့္ Galaxy S11 မွာ 108MP ပင္မ ကင္မရာ၊ ျမင္ကြင္းက်ယ္ ကင္မရာနဲ႔ 5x Telephoto ကင္မရာေတြ ပါမယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ ဒီႏွစ္ထုတ္ Galaxy Note 10 Plus မွာလို Time-of-flight Sensor လည္း ထည့္သြင္းထားမယ္လို႔ သိရပါတယ္။

Samsung ဟာ ဒုတိယေျမာက္ Foldable ဖုန္းမွာလည္း 108MP ကင္မရာနဲ႔ 5x Optical Zoom ကင္မရာေတြကို အသံုးျပဳဖို႔ စီစဥ္ေနတယ္လို႔ သတင္းထြက္ေနပါတယ္။ Bloomberg က Galaxy Fold 2 ဟာ ေဒါင္လိုက္ေခါက္ခ်ိဳး ဖုန္း ျဖစ္ၿပီး လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလေလာက္မွာ ေၾကညာမယ္လို႔ ေျပာပါတယ္။

Xiaomi ရဲ႕ ဒီဇိုင္း အလန္းစား Mi Mix Alpha နဲ႔ လက္ရွိ ေရာင္းခ်ေနတဲ့ Mi Note 10 မွာလည္း Samsung ရဲ႕ 108MP ကင္မရာကို အသံုးျပဳထားပါတယ္။ အရင္သတင္းေတြအရ Galaxy S11 မွာ အေနာက္ကင္မရာ ၅ လံုးေတာင္ပါလာမွာ ျဖစ္ပါတယ္။ 108MP ပင္မ ကင္မရာနဲ႔အတူ အထူးထုတ္ Bright Night Sensor ထည့္သြင္းထားမွာ ျဖစ္ၿပီး Low Light ဓါတ္ပံုနဲ႔ ဗီဒီယိုေတြ အရမ္းလန္းလာေတာ့မွာပါ။

စမတ္ဖုန္း ကုမၸဏီေတြဟာ ႏွစ္တိုင္း သူတို႔ရဲ႕ ဖုန္းေတြမွာ ကင္မရာေတြ ပိုလန္းလာေအာင္ ႀကိဳးစားေနၾကပါတယ္။ စမတ္ဖုန္းေတြက ရိုက္ကူးေပးႏုိင္တဲ့ Low Light ဓါတ္ပံုေတြဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုအေသးစိတ္က်လာၿပီး ၾကည္လင္ျပတ္သားလာပါတယ္။

Ref : theverge