Samsung ဟာ မျက်နှာပြင်အောက်မှာ Selfie ကင်မရာတပ်ဆင်ထားတဲ့ စမတ်ဖုန်းကို မိတ်ဆက်ဖို့ကြိုးစားနေကြောင်း သတင်းတွေထွက်ခဲ့ဖူးပါတယ်။ အထူးသဖြင့် လာမယ့် Flagship ဖြစ်တဲ့ Galaxy S21 ဟာ (Galaxy S30 လို့လည်းခေါ်နိုင်) Under-display-camera နဲ့ဖြစ်မယ်လို့ ခန့်မှန်းနေကြတာပါ။

အခုနောက်ဆုံးထွက်လာတဲ့သတင်းအရ Under-display-camera ဟာ Galaxy S21 မှာပါဝင်လာ ဖွယ်မရှိတော့ဘူးလို့ သိရပါတယ်။ ဒီသတင်းကို ဖော်ပြခဲ့တာကတော့ ကိုရီးယားရဲ့ နာမည်ကျော် TheElec ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၁ ရဲ့ Flagship မှာ ဒီနည်းပညာသုံး ကင်မရာကိုမြင်တွေ့ဖို့ အခွင့်အလမ်း မရှိတော့ပါဘူး။

အကယ်၍ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ Galaxy Z Fold 2 မှာ Under-display-camera ကိုတပ်ဆင်ဖြစ်ခဲ့တယ်ဆိုရင်တောင် အရည်အသွေးကတော့ အတော်လေးနိမ့်နေဖွယ်ရှိပါတယ်။ Samsung အနေနဲ့ မျက်နှာပြင်အောက် ကင်မရာနည်းပညာကို ကြိုးစားနေတယ်ဆိုပေမယ့်၊ တပ်ဆင်လိုက်တဲ့ကင်မရာကနေ ရယူနိုင်မယ့် ဓါတ်ပုံအရည်အသွေးကတော့ လက်ရှိအရည်အသွေးထက် နိမ့်ကျမသွားဖို့လည်း လိုလားနေတာ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေအရ Samsung ဟာ ၂၀၂၁ ဒုတိယနှစ်ဝက်မှာ ဒီလို မျက်နှာပြင်အောက် ကင်မရာတပ်ဆင်မှုအတွက် အဆင်သင့်ဖြစ်နေပြီး Galaxy Z Fold 3 နဲ့အတူ ပွဲထုတ်နိုင်ဖို့ ပြင်ဆင်နေကြောင်း သတင်းကြီးနေတာ ဖြစ်ပါတယ်။ Xiaomi နဲ့ OPPO တို့လို အမှတ်တံဆိပ်တွေကလည်း ၂၀၂၁ ခုနှစ်မှာ မျက်နှာပြင်အောက် ကင်မရာတပ်ဆင်ထားတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ပေးမယ်လို့ ကတိပြုခဲ့ကြပါသေးတယ်။

Ref: GSM Arena