ဖုန်းကို ပြင်ဆိုင်ပို့တဲ့အခါမှာ အရေးကြီး ဒေတာတွေကို တခြားသူတွေ မရသွားအောင် ဖုန်းကို Reset လုပ်တတ်ကြပါတယ်။ Reset မလုပ်ခင်မှာ ဒေတာတွေကို အရင်ဆုံး Back Up လုပ်ရပြီး ဖုန်းပြင်ပြီးနောက်မှာ Restore လုပ်ကြရတဲ့အတွက် အလုပ်ရှုပ်ပါတယ်။

အခုတော့ Samsung က ဒီပြဿနာကို Repair Mode နဲ့ ဖြေရှင်းပေးတော့မှာပါ။ Settings ထဲက Battery and Device Care Screen ကနေ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီး Activate လုပ်လိုက်တာနဲ့ ဖုန်းဟာ Reboot ဖြစ်သွားမှာပါ။

Samsung's new 'Repair Mode' will keep sensitive data safe while your phone being serviced

အဲဒီ Mode က ဓါတ်ပုံ၊ Message ၊ အကောင့်နဲ့ App တွေ အပါအဝင် ကိုယ်ရေးကိုယ်တာ ဒေတာတွေကို ဖွက်ထားပေးမှာပါ။ ( Default App တွေပဲ ပြသပေးမှာပါ။ ) ဒါဟာ ဖုန်းကို Reset လုပ်လိုက်သလိုပါပဲ။

When your phones are being repaired, Samsungs new Repair Mode is similar to a valet | TechMarmot

ဖုန်း ပြင်ပြီးသွားတဲ့အခါ Fingerprint သို့မဟုတ် Pattern Lock နဲ့ Repair Mode ကို Deactivate လုပ်နိုင်ပါတယ်။ ဖုန်းကို Reboot လုပ်ပေးမှာ ဖြစ်ပြီး သင့် ဒေတာအားလုံးကို ပြန်လည် ရရှိမှာပါ။ ဖုန်းပြင်သူက ပြောင်းလဲလိုက်တဲ့ Settings တွေကို Restore လုပ်ပေးမှာပါ။

Repair Mode ကို Galaxy S21 Series မှာ ပထမဆုံး Software Update နဲ့ ထည့်သွင်းပေးမှာ ဖြစ်ပြီး Samsung က အနာဂတ်မှာ တခြား မော်ဒယ်တွေမှာ ထည့်သွင်းပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ အခု ကြေညာချက်ကို Samsung ရဲ့ ကိုရီးယား ဝက်ဘ်ဆိုက်မှာ တင်ထားတဲ့အတွက် ဒီလုပ်ဆောင်ချက်ကို မိခင်နိုင်ငံ ကိုရီးယားမှာ အရင်ဆုံး ရနိုင်ပါတယ်။

Repair Mode ဟာ ဖုန်း ကိုင်သူတိုင်း ကြုံတွေ့ရတဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့အတွက် အရမ်းကို အသုံးဝင်ပါတယ်။ One UI မှာ ပုံသေ လုပ်ဆောင်ချက် အဖြစ် ပါလာမယ်လို့ ထင်ရပါတယ်။

Ref : gsmarena