[Zawgyi]

Samsung ဟာ အေမရိကန္ မူပိုင္ခြင့္နဲ႔ မွတ္ပုံတင္ဆိုင္ရာ႐ုံး USPTO (U.S Patent and Trademark Office) မွာ ထူးဆန္းတဲ့ မွတ္ပုံတင္မႈတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ လာမယ့္ Galaxy Note သစ္မွာအသုံးျပဳမယ့္ S Pen မွာ ကင္မရာထည့္သြင္းမယ့္ ပုံစံပဲ ျဖစ္ပါတယ္။

ဒီဇိုင္းပုံေတြကေန ေတြ႕ရသေလာက္ကေတာ့ Samsung ဟာ လာမယ့္ Galaxy Note မွာ Notch ေတြ၊ Punch-hole ေတြကို မသုံးေတာ့ဘဲ မ်က္ႏွာျပင္ျပည့္ျဖစ္ေအာင္ ျပဳလုပ္ေနတယ္လို႔ ယူဆရပါတယ္။ အဲဒီအတြက္ Selfie ကင္မရာကို S Pen ထဲမွာ ေျပာင္းလဲထည့္သြင္းမလားလို႔ ေတြးထင္ရပါတယ္။

မူပိုင္ခြင့္တင္ထားတဲ့ S Pen မွာေတာ့ Lens နဲ႔ Image Sensor တစ္ခု ထည့္သြင္းထားပုံရပါတယ္။ ဒါ့အျပင္ S Pen ထဲမွာ ထည့္သြင္းထားမယ့္ ကင္မရာကို ထိန္းခ်ဳပ္ဖို႔ S Pen ရဲ႕ ကိုယ္ထည္မွာ Zoom အပါအဝင္ အျခားခလုတ္အခ်ိဳ႕ တပ္ဆင္ဖြယ္ ရွိပါတယ္။

Samsung ဟာ ၿပီးခဲ့တဲ့ Galaxy Note 9 မွာ S Pen ကေနတစ္ဆင့္ Bluetooth နဲ႔ခ်ိတ္ဆက္ၿပီး ဓါတ္ပုံ႐ိုက္ကူးႏိုင္ဖို႔ ဖန္တီးခဲ့ေပးပါတယ္။ ဒါေၾကာင့္ အခုထြက္ေပၚလာတဲ့ မူပိုင္ခြင့္ဒီဇိုင္းပုံထဲကအတိုင္း S Pen ထဲမွာ ကင္မရာထည့္သြင္းႏိုင္ဖို႔ဆိုတာ အေတာ္ေလးကို ယုတၱိတန္တဲ့သတင္းလို႔ ဆိုရမွာပါ။

လက္ရွိထြက္ေပၚလာတဲ့ ႐ုပ္ပုံဟာ Samsung ရဲ႕ Galaxy Note အသစ္အတြက္လို႔ခန႔္မွန္းရေပမယ့္ ဘယ္ေမာ္ဒယ္အတြက္လည္းဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ေနာက္တစ္ခ်က္က Samsung အေနနဲ႔ S Pen ထဲမွာ ကင္မရာထည့္လိုက္တာနဲ႔ အထက္မွာ ေရးသားခဲ့သလိုပဲ Selfie ကင္မရာကို စမတ္ဖုန္းေပၚမွာ လုံးဝ မထားေတာ့ဘဲ ျဖဳတ္လိုက္မွာလား၊ ဒါမွမဟုတ္ မျဖဳတ္ဘဲ ဆက္ၿပီးထားရွိသြားမွာလားဆိုတာကိုလည္း မသိရေသးပါဘူး။

Ref: Phonearena

[Unicode]

S Pen ထဲမှာ ကင်မရာထည့်သွင်းလာဖွယ်ရှိတဲ့ Samusng

Samsung ဟာ အမေရိကန် မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဆိုင်ရာရုံး USPTO (U.S Patent and Trademark Office) မှာ ထူးဆန်းတဲ့ မှတ်ပုံတင်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ လာမယ့် Galaxy Note သစ်မှာအသုံးပြုမယ့် S Pen မှာ ကင်မရာထည့်သွင်းမယ့် ပုံစံပဲ ဖြစ်ပါတယ်။

ဒီဇိုင်းပုံတွေကနေ တွေ့ရသလောက်ကတော့ Samsung ဟာ လာမယ့် Galaxy Note မှာ Notch တွေ၊ Punch-hole တွေကို မသုံးတော့ဘဲ မျက်နှာပြင်ပြည့်ဖြစ်အောင် ပြုလုပ်နေတယ်လို့ ယူဆရပါတယ်။ အဲဒီအတွက် Selfie ကင်မရာကို S Pen ထဲမှာ ပြောင်းလဲထည့်သွင်းမလားလို့ တွေးထင်ရပါတယ်။

မူပိုင်ခွင့်တင်ထားတဲ့ S Pen မှာတော့ Lens နဲ့ Image Sensor တစ်ခု ထည့်သွင်းထားပုံရပါတယ်။ ဒါ့အပြင် S Pen ထဲမှာ ထည့်သွင်းထားမယ့် ကင်မရာကို ထိန်းချုပ်ဖို့ S Pen ရဲ့ ကိုယ်ထည်မှာ Zoom အပါအဝင် အခြားခလုတ်အချို့ တပ်ဆင်ဖွယ် ရှိပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ Galaxy Note 9 မှာ S Pen ကနေတစ်ဆင့် Bluetooth နဲ့ချိတ်ဆက်ပြီး ဓါတ်ပုံရိုက်ကူးနိုင်ဖို့ ဖန်တီးခဲ့ပေးပါတယ်။ ဒါကြောင့် အခုထွက်ပေါ်လာတဲ့ မူပိုင်ခွင့်ဒီဇိုင်းပုံထဲကအတိုင်း S Pen ထဲမှာ ကင်မရာထည့်သွင်းနိုင်ဖို့ဆိုတာ အတော်လေးကို ယုတ္တိတန်တဲ့သတင်းလို့ ဆိုရမှာပါ။

လက်ရှိထွက်ပေါ်လာတဲ့ ရုပ်ပုံဟာ Samsung ရဲ့ Galaxy Note အသစ်အတွက်လို့ခန့်မှန်းရပေမယ့် ဘယ်မော်ဒယ်အတွက်လည်းဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နောက်တစ်ချက်က Samsung အနေနဲ့ S Pen ထဲမှာ ကင်မရာထည့်လိုက်တာနဲ့ အထက်မှာ ရေးသားခဲ့သလိုပဲ Selfie ကင်မရာကို စမတ်ဖုန်းပေါ်မှာ လုံးဝ မထားတော့ဘဲ ဖြုတ်လိုက်မှာလား၊ ဒါမှမဟုတ် မဖြုတ်ဘဲ ဆက်ပြီးထားရှိသွားမှာလားဆိုတာကိုလည်း မသိရသေးပါဘူး။

Ref: Phonearena