Samsung က Galaxy Tab S7 ကို စတင် ဖန်တီးနေပြီ ဖြစ်ပြီး ၁၁ လက်မနဲ့ ၁၂.၄ လက်မ မော်ဒယ်တွေ ထုတ်လုပ်နိုင်ပါတယ်။ Galaxy Club ရဲ့ သတင်းအရ အဲဒီတက်ဘလက်တွေမှာ S Pen Stylus ပါလာမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယား ပြင်ပဖြစ်တဲ့ ဥရောပနဲ့ အမေရိကန်မှာ အဲဒီ တက်ဘလက်တွေရဲ့ 5G မော်ဒယ်တွေကို ရောင်းချနိုင်ပါတယ်။ မော်ဒယ်နံပါတ် SM-T976B ဟာ ဥရောပအတွက် ဖြစ်နိုင်ပါတယ်။

ကြေညာထားပြီး ဖြစ်တဲ့ Galaxy S20 နဲ့ ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမယ့် Galaxy Note20 တွေနဲ့  နာမည်တူသွားအောင် အဲဒီ တက်ဘလက် အသစ်တွေကိုလည်း Samsung Galaxy Tab S20 လို့ နာမည်ပေးထားနိုင်ပါတယ်။ လက်ရှိမှာ ဒါဟာ ခန့်မှန်းချက်ပဲ ရှိပါသေးတယ်။

Samsung က အဲဒီ တက်ဘလက် အသစ်တွေကို Galaxy Note20 နဲ့အတူ Samsung Unpacked Event ဒါမှမဟုတ် Unpacked Event မတိုင်ခင် ဇူလိုင် နဲ့ ဩဂုတ်လတွေမှာ ကြေညာနိုင်ပါတယ်။  နောက်ကျင်းပမယ့် Unpacked Event မှာ Samsung Galaxy Fold 2 ကိုလည်း မြင်ရနိုင်ပါတယ်။ Unpacked Event ကို ဩဂုတ်လ အစောပိုင်းမှာ ပြုလုပ်လေ့ရှိပေမယ့် ကိုရိုနာဗိုင်းရက်စ်ကြောင့် ပွဲကျင်းပချိန် နောက်ကျနိုင်သလို အွန်လိုင်းကနေပဲ ကြေညာနိုင်ပါတယ်။

Ref : gsmarena