Samsung ကနေ ပြီးခဲ့တဲ့ Galaxy S20 Series စမတ်ဖုန်းတွေနဲ့အတူ Galaxy Buds+ ဆိုပြီး မနှစ်တုန်းက Galaxy Buds ကို အနည်းငယ်အဆင့်မြှင့်တင်ထားတဲ့ True Wireless Earbuds ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Galaxy Buds+ ဟာ Design ပိုင်းအရတော့ Galaxy Buds နဲ့ဆင်တူပြီးတော့ Battery Life လိုမျိုးနေရာတွေမှာပဲ သိသိသာသာပိုကောင်းသွားတာဖြစ်ပါတယ်။

ဒါပေမယ့် ကြည့်ရတာ Samsung ကနေ Design အသစ်နဲ့ Galaxy Buds အသစ်ကို ထပ်ပြီးထုတ်သွားဖို့ရှိနေပြီးတော့ အခုလည်း Galaxy Buds အသစ်တွေရဲ့ ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပါတယ်။ လက်ရှိသိရှိရတဲ့သတင်းတွေအရတော့ အဆိုပါ Galaxy Buds အသစ်တွေဟာ ဒီနှစ်ကုန်ပိုင်း သို့မဟုတ် နောက်နှစ်အစောပိုင်းလောက်မှာ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခု Winfuture.de ကနေ ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ Galaxy Buds အသစ်ဟာ Design ပိုင်းမှာလုံးဝမတူညီဘဲ ကွဲထွက်နေပြီးတော့ ပဲစေ့ပုံစံနဲ့ သွားတူနေပါတယ်။ Winfuture.de ရဲ့ အဆိုအရတော့ Hands-on Sketches တွေအပြင် 3D Model တွေကိုပါ တွေ့ရှိရတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီ Galaxy Buds အသစ်တွေကို Model Number အနေနဲ့ SM-R180 လို့ ပေးထားတယ်လို့သိရပြီး Codename ကိုတော့ Bean လို့ ပေးထားတယ်လို့ သိရပါတယ်။ ထူးခြားတဲ့ပုံစံဒီဇိုင်းဟာ နားအတွင်းမှာ Fit ဖြစ်နေစေမှာဖြစ်သလို Speaker ၂ လုံးလည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Galaxy Buds အသစ်တွေကို Galaxy Note 20 Series ဖုန်းတွေနဲ့အတူ မြင်ရနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China