[Unicode]





Ref: GSMArena

[Unicode]

ကင်မရာအရည်အသွေးပိုကောင်းစေမယ့် ဒုတိယ Update ထပ်ရလာတဲ့ Samsung Galaxy S8

Software Update ဆိုတာ ဒီနေ့ခေတ် စမတ်ဖုန်းသုံးသူတွေအတွက် သိပ်ပြီးထူးဆန်းတော့တာ မဟုတ်ပါဘူး။ စမတ်ဖုန်းတွေ ပေါ်ကာစခေတ်ဦးပိုင်းတုန်း Software Update တစ်ခုနဲ့တစ်ခုအကြား အချိန်ယူတတ်ကြပေမယ့် အခုခေတ်မှာတော့ ခပ်စိပ်စိပ်ဖြစ်ကုန်ပါပြီ။

သုံးစွဲသူဘက်ကလည်း မကြာခဏပြုလုပ်ရတဲ့ Software Update ကို အလုပ်ရှုပ်တယ်လို့မမြင်ဘဲ ကုမ္ပဏီဘက်ကပေးတဲ့ ဂရုစိုက်မှုနဲ့ ပိုကောင်းတဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် ပျော်ပျော်ပါးပါး ရယူနေကြပြီ ဖြစ်ပါတယ်။ အခုလည်း Samsung က Galaxy S8 global version (SM-G950F) အတွက် နောက်ထပ် Update ပေးလိုက်ပြန်ပါပြီ။

ဒီ Update မှာ ကင်မရာအသုံးပြုရတာ ပိုကောင်းပြီး တည်ငြိမ်မှုပိုရှိလာမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် “Security patch update” လည်း ပါဝင်နေပါတယ်။ ဒါပေမယ့် ဒုတိယအကြိမ်ပေးလိုက်တဲ့ Security patch update ဟာ ပြီးခဲ့တဲ့ Update ကို အနည်းငယ် ပြောင်းလဲမှုနဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားတာသာ ဖြစ်ပါတယ်။

Galaxy S8 ဟာ ဈေးကွက်တွင်းကို ရောက်ခဲ့တာ ၂ နှစ်သက်တမ်း ဖြစ်ခဲ့ပါပြီ။ စတင် ထွက်ရှိတုန်းက Android 7.0 (Nougat) ဖြစ်ခဲ့ပေမယ့် ၂၀၁၈ ထဲမှာ Oreo Update ကို ရခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းကတော့ ဒီ Flagship ဖုန်းဟာ Android 9 Pie ဆီ အဆင့်မြှင့်တင်ခွင့်ရခဲ့ပါတ်။ One UI သစ်ရဖို့ အကြာကြီးစောင့်ခဲ့ရပေမယ့် တကယ်တမ်းရလာတဲ့အခါ S8 ဆိုပေမယ့် S10 လို့ခံစားရလောက်အောင် ပြောင်းလဲခဲ့ရပါတယ်။

Ref: GSMArena