[Zawgyi]

FaceApp က အြန္လိုင္းမွာ အရမ္းကို ေရပန္းစားေနပါတယ္။ သူက ဓါတ္ပံုမ်ားမွ သင့္ရဲ႕ မ်က္ႏွာကို သက္ႀကီးရြယ္အို ပံု ျဖစ္သြားေအာင္ အသြင္ေျပာင္းေပးတဲ့ App ျဖစ္ပါတယ္။ ရုရွားမွ Developers မ်ားက သူ႔ကို ၂၀၁၇ ခုႏွစ္က စတင္ ဖန္တီးထားတာျဖစ္ပါတယ္။ အခုေတာ့ ကြ်မ္းက်င္သူမ်ားက သူဟာ ခြင့္ျပဳခ်က္ မရွိဘဲ Users မ်ားရဲ႕ ဖုန္းမ်ားမွ ဓါတ္ပံုမ်ားကို ရယူေနတယ္လို႔ သတိေပးေနၾကပါတယ္။

FaceApp ကို အခမဲ့ အသံုးျပဳႏိုင္ပါတယ္။ သူက ဓါတ္ပံုမ်ားကို ျပဳျပင္ဖို႔ ဥာဏ္ရည္တု နည္းပညာကို အသံုးျပဳထားပါတယ္။ သူက သင့္ တကယ့္ အသက္ရဲ႕ ႏွစ္ဆ ၊ သံုးဆ အရြယ္မ်ား အျဖစ္ အသြင္ေျပာင္းေပးပါတယ္။ သင့္ရဲ႕ ဆံပင္ အေရာင္ကိုလည္း ႏွစ္သက္သလို ေျပာင္းလဲႏုိင္ပါတယ္။ မုတ္ဆိတ္နဲ႔ ဆိုရင္ သင့္ရူပါ ပိုလန္းသြားမလားဆိုတာ ေလ့လာႏုိင္ပါတယ္။ ေယာက္်ား ကေန မိန္းမ ၊ မိန္းမ ကေန ေယာက္်ား အျဖစ္လည္း အသြင္ေျပာင္းေပးပါတယ္။ သင္ အသက္ငယ္သြားေအာင္လည္း ျပဳျပင္ေပးႏိုင္ပါတယ္။

FaceApp ဟာ iOS နဲ႔ Android ႏွစ္မ်ိဳးစလံုးမွာ လက္ရွိတြင္ ေဒါင္းလုပ္လုပ္မႈ အမ်ားဆံုး App တစ္ခု ျဖစ္ေနပါတယ္။ လူမႈကြန္ရက္မ်ားမွာလည္း သူနဲ႔ ဖန္တီးထားတဲ့ ဓါတ္ပံုမ်ားကို #faceappchallenge နဲ႔တြဲဖက္ၿပီး မွ်ေ၀ေနတာလည္း Trend တစ္ခုျဖစ္ေနပါတယ္။ သူဟာ နာမည္အရမ္းႀကီးေနေပမယ့္ User Data မ်ား ဘယ္ေလာက္လံုျခံဳသလဲ ဆိုတာနဲ႔ User Photo ေတြကို ဘယ္လို အသံုးျပဳသလဲဆိုတာနဲ႔ ပတ္သက္ၿပီး အခ်ိဳ႕က ေမးခြန္းထုတ္ေနၾကပါတယ္။

Tech Crunch က FaceApp က iOS မွာ User က ခြင့္ျပဳထားျခင္း မရွိေပမယ့္ ဓါတ္ပံုမ်ားကို ရယူ အသံုးျပဳႏိုင္တယ္လို႔ ေျပာပါတယ္။ စီးပြားေရး နည္းပညာ ကြ်မ္းက်င္သူ Steve Sammartino က “ အဲဒီ App ကို သတိထားၿပီး သံုးဖို႔ လိုပါတယ္။ သင့္ မ်က္ႏွာဟာ မူပိုင္ခြင့္ ပံုစံတစ္ခု ျဖစ္လာပါၿပီ။ သင့္ရဲ႕ Biometric Data မ်ားကို ေပးရင္ အရမ္းကို သတိထားပါ။ အနာဂတ္မွာ သင့္ မ်က္ႏွာ ေဒတာမ်ားကို အသံုးျပဳၿပီး သင့္ရဲ႕ ပိုက္ဆံနဲ႔ ခရက္ဒစ္ကတ္မ်ားကို ခိုးယူသြားႏုိင္ပါတယ္။ “ လို႔ ေျပာပါတယ္။

Ref : dailymail

[Unicode]

FaceApp က ခွင့်ပြုချက် မရှိဘဲ User များရဲ့ ဓါတ်ပုံများကို ရယူနေဟု ဆို

FaceApp က အွန်လိုင်းမှာ အရမ်းကို ရေပန်းစားနေပါတယ်။ သူက ဓါတ်ပုံများမှ သင့်ရဲ့ မျက်နှာကို သက်ကြီးရွယ်အို ပုံ ဖြစ်သွားအောင် အသွင်ပြောင်းပေးတဲ့ App ဖြစ်ပါတယ်။ ရုရှားမှ Developers များက သူ့ကို ၂၀၁၇ ခုနှစ်က စတင် ဖန်တီးထားတာဖြစ်ပါတယ်။ အခုတော့ ကျွမ်းကျင်သူများက သူဟာ ခွင့်ပြုချက် မရှိဘဲ Users များရဲ့ ဖုန်းများမှ ဓါတ်ပုံများကို ရယူနေတယ်လို့ သတိပေးနေကြပါတယ်။

FaceApp ကို အခမဲ့ အသုံးပြုနိုင်ပါတယ်။ သူက ဓါတ်ပုံများကို ပြုပြင်ဖို့ ဉာဏ်ရည်တု နည်းပညာကို အသုံးပြုထားပါတယ်။ သူက သင့် တကယ့် အသက်ရဲ့ နှစ်ဆ ၊ သုံးဆ အရွယ်များ အဖြစ် အသွင်ပြောင်းပေးပါတယ်။ သင့်ရဲ့ ဆံပင် အရောင်ကိုလည်း နှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်။ မုတ်ဆိတ်နဲ့ ဆိုရင် သင့်ရူပါ ပိုလန်းသွားမလားဆိုတာ လေ့လာနိုင်ပါတယ်။ ယောက်ျား ကနေ မိန်းမ ၊ မိန်းမ ကနေ ယောက်ျား အဖြစ်လည်း အသွင်ပြောင်းပေးပါတယ်။ သင် အသက်ငယ်သွားအောင်လည်း ပြုပြင်ပေးနိုင်ပါတယ်။

FaceApp ဟာ iOS နဲ့ Android နှစ်မျိုးစလုံးမှာ လက်ရှိတွင် ဒေါင်းလုပ်လုပ်မှု အများဆုံး App တစ်ခု ဖြစ်နေပါတယ်။ လူမှုကွန်ရက်များမှာလည်း သူနဲ့ ဖန်တီးထားတဲ့ ဓါတ်ပုံများကို #faceappchallenge နဲ့တွဲဖက်ပြီး မျှဝေနေတာလည်း Trend တစ်ခုဖြစ်နေပါတယ်။ သူဟာ နာမည်အရမ်းကြီးနေပေမယ့် User Data များ ဘယ်လောက်လုံခြုံသလဲ ဆိုတာနဲ့ User Photo တွေကို ဘယ်လို အသုံးပြုသလဲဆိုတာနဲ့ ပတ်သက်ပြီး အချို့က မေးခွန်းထုတ်နေကြပါတယ်။

Tech Crunch က FaceApp က iOS မှာ User က ခွင့်ပြုထားခြင်း မရှိပေမယ့် ဓါတ်ပုံများကို ရယူ အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ စီးပွားရေး နည်းပညာ ကျွမ်းကျင်သူ Steve Sammartino က “ အဲဒီ App ကို သတိထားပြီး သုံဖို့ လိုပါတယ်။ သင့် မျက်နှာဟာ မူပိုင်ခွင့် ပုံစံတစ်ခု ဖြစ်လာပါပြီ။ သင့်ရဲ့ Biometric Data များကို ပေးရင် အရမ်းကို သတိထားပါ။ အနာဂတ်မှာ သင့် မျက်နှာ ဒေတာများကို အသုံးပြုပြီး သင့်ရဲ့ ပိုက်ဆံနဲ့ ခရက်ဒစ်ကတ်များကို ခိုးယူသွားနိုင်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : dailymail