[Zawgyi]

ေပါ့ပ္စတား ဆီလီနာ ဂိုမက္ဇ္က Troll တာေတြ ေၾကာက္လို႔ ဖုန္းကေန Instagram ကို ဖ်က္ပစ္လိုက္တယ္လို႔ ေျပာပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ သူမဟာ အင္စတာဂရမ္မွာ Follower အမ်ားဆံုး ဆယ္လီေတြထဲက တစ္ေယာက္ပါ။ သူမမွာ Fans ေပါင္း ၁၅၂ သန္းရွိပါတယ္။ သူမက စိတ္မညစ္ခ်င္လို႔ App ကို ဖ်က္လိုက္တာလို႔ ေျပာပါတယ္။

သူမက “  အင္စတာဂရမ္ဟာ အႏၱရာယ္ရွိၿပီး က်န္းမာေရး ထိခိုက္ေစပါတယ္။ အထူးသျဖင့္ အဲဒါကို အခ်ိန္မ်ားစြာ သံုးတဲ့ လူငယ္ေတြအတြက္ပါ။ “ လို႔ ေျပာပါတယ္။ အဲဒီဆိုးက်ိဳးေတြေၾကာင့္ သူမဟာ သူမ ဖုန္းကေန App ကို ဖ်က္လိုက္ပါတယ္။ သူမ တစ္ခုခု တင္ခ်င္ရင္ အျခား လူတစ္ဦးရဲ႕ ဖုန္းကို သံုးတယ္လို႔ ဆိုပါတယ္။ အင္စတာဂရမ္ဟာ စိတ္ဓါတ္က်ေစတယ္လို႔ သူမက ဒီတစ္ပတ္ အေစာပိုင္းမွာ US Radio Host မ်ားျဖစ္တဲ့ Ryan Seacrest နဲ႔ Kelly Ripa တို႔ကို ေျပာပါတယ္။

သူမဟာ ၂၀၁၇ ခုႏွစ္မွာ ေက်ာက္ကပ္ အစားထိုးမႈ ခံယူခဲ့ရပါတယ္။ သူမက “ အင္စတာဂရမ္ သံုးရတာ ဖီးမလာေတာ့ပါဘူး။ ကြ်န္မ ခႏၱာကိုယ္ကို အမ်ိဳးမ်ိဳးေတြ႕ေနရပါတယ္။ အရင္တုန္းကေတာ့ ေတာ္ေတာ္ သံုးျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ တိုက္ခိုက္တဲ့ ေ၀ဖန္မွတ္ခ်က္ျပဳမႈမ်ားေၾကာင့္ ကြ်န္မ အပါအ၀င္ လူငယ္ေတြအတြက္ စိတ္က်န္းမာေရးကို ထိခိုက္ေစပါတယ္။ “ လို႔ ေျပာပါတယ္။

သူမက သူ႔အေကာင့္ကို လက္ေထာက္က စီမံခန္႔ခြဲေနတယ္လို႔လည္း အရင္က ေျပာခဲ့ဖူးပါတယ္။ သူမက “ တစ္ပတ္ကို တစ္ခါေလာက္ ဖုန္းကေန App ကို ဖယ္ရွားမိပါတယ္။ တကယ့္ကို စိတ္္ထိခိုက္စရာ ေကာင္းပါတယ္။ “ လို႔ ၂၀၁၇ ခုႏွစ္က The New York Times ကို ေျပာခဲ့ဖူးပါတယ္။ အဲဒီႏွစ္မွာပဲ သူမဟာ စိတ္က်န္းမာေရးကို အာရံုစိုက္ဖို႔ ဖုန္း သံုးတာကို ရက္ ၉၀ ရပ္နားခဲ့ပါတယ္။

Ref : thesun

[Unicode]

Troll တာတွေ ကြောက်လို့ ဖုန်းကနေ Instagram ကို ဖျက်ပစ်လိုက်တဲ့ Selena Gomez

ပေါ့ပ်စတား ဆီလီနာ ဂိုမက်ဇ်က Troll တာတွေ ကြောက်လို့ ဖုန်းကနေ Instagram ကို ဖျက်ပစ်လိုက်တယ်လို့ ပြောပါတယ်။ အသက် ၂၆ နှစ်အရွယ် သူမဟာ အင်စတာဂရမ်မှာ Follower အများဆုံး ဆယ်လီတွေထဲက တစ်ယောက်ပါ။ သူမမှာ Fans ပေါင်း ၁၅၂ သန်းရှိပါတယ်။ သူမက စိတ်မညစ်ချင်လို့ App ကို ဖျက်လိုက်တာလို့ ပြောပါတယ်။

သူမက “ အင်စတာဂရမ်ဟာ အန္တရာယ်ရှိပြီး ကျန်းမာရေး ထိခိုက်စေပါတယ်။ အထူးသဖြင့် အဲဒါကို အချိန်များစွာ သုံးတဲ့ လူငယ်တွေအတွက်ပါ။ “ လို့ ပြောပါတယ်။ အဲဒီဆိုးကျိုးတွေကြောင့် သူမဟာ သူမ ဖုန်းကနေ App ကို ဖျက်လိုက်ပါတယ်။ သူမ တစ်ခုခု တင်ချင်ရင် အခြား လူတစ်ဦးရဲ့ ဖုန်းကို သုံးတယ်လို့ ဆိုပါတယ်။ အင်စတာဂရမ်ဟာ စိတ်ဓါတ်ကျစေတယ်လို့ သူမက ဒီတစ်ပတ် အစောပိုင်းမှာ US Radio Host များဖြစ်တဲ့ Ryan Seacrest နဲ့ Kelly Ripa တို့ကို ပြောပါတယ်။


သူမဟာ ၂၀၁၇ ခုနှစ်မှာ ကျောက်ကပ် အစားထိုးမှု ခံယူခဲ့ရပါတယ်။ သူမက “ အင်စတာဂရမ် သုံးရတာ ဖီးမလာတော့ပါဘူး။ ကျွန်မ ခန္တာကိုယ်ကို အမျိုးမျိုးတွေ့နေရပါတယ်။ အရင်တုန်းကတော့ တော်တော် သုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ခိုက်တဲ့ ဝေဖန်မှတ်ချက်ပြုမှုများကြောင့် ကျွန်မ အပါအဝင် လူငယ်တွေအတွက် စိတ်ကျန်းမာရေးကို ထိခိုက်စေပါတယ်။ “ လို့ ပြောပါတယ်။

သူမက သူ့အကောင့်ကို လက်ထောက်က စီမံခန့်ခွဲနေတယ်လို့လည်း အရင်က ပြောခဲ့ဖူးပါတယ်။ သူမက “ တစ်ပတ်ကို တစ်ခါလောက် ဖုန်းကနေ App ကို ဖယ်ရှားမိပါတယ်။ တကယ့်ကို စိတ်ထိခိုက်စရာ ကောင်းပါတယ်။ “ လို့ ၂၀၁၇ ခုနှစ်က The New York Times ကို ပြောခဲ့ဖူးပါတယ်။ အဲဒီနှစ်မှာပဲ သူမဟာ စိတ်ကျန်းမာရေးကို အာရုံစိုက်ဖို့ ဖုန်း သုံးတာကို ရက် ၉၀ ရပ်နားခဲ့ပါတယ်။

Ref : thesun