ထုတ်လုပ်မှုစွမ်းရည်နဲ့ နှိုင်းယှဉ်ရင် ဝယ်လိုအားက များလွန်းလာတာကြောင့် Semiconductor တွေရဲ့ ဈေးနှုန်းတွေဟာ မြင့်တက်လာဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ထုတ်လုပ်မှုလုပ်ငန်းအချို့ဟာ သူတို့ရဲ့ဖောက်သည်တွေကို ကြိုတင်အသိပေးထားပြီး ဖြစ်တယ်လို့သိရပါတယ်။

TheElec ကဖော်ပြတဲ့သတင်းအရ ကမ္ဘာ့အကြီးမားဆုံး Chipmaker ဖြစ်တဲ့ TSMC ဟာ ဝယ်လိုအားများလွန်းနေတာကြောင့် သူ့ရဲ့အဓိကဖောက်သည်ကြီးတွေအတွက် ဈေးနှုန်းလျှော့ချရေးမူဝါဒကို မကြာသေးခင်ကပဲ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ဒီကိစ္စဟာ GlobalFoundries လိုမျိုး အခြား Foundry အခြေပြုလုပ်ငန်းကြီးတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း ထင်ဟပ်မှုဖြစ်ပေါ်လာပါတယ်။ သူ့ရဲ့ စက်ရုံအားလုံးလည်ပတ်မှုစွမ်းဆောင်ရည်ဟာ ၁၀၀% နီးပါးဖြစ်ပါတယ်။ တောင်ကိုရီးယားဧရာမနည်းပညာကုမ္ပဏီကြီး Samsung ကလည်း အလားတူအနေအထားမှာ ရှိနေပါတယ်။

UMC နဲ့ VIS အပါအဝင် ထိုင်ဝမ် Chipmaker တွေလည်း Chip ထုတ်လုပ်မှုဈေးနှုန်းတွေမြင့်တက်လာခဲ့ပြီး၊ တောင်ကိုရီးယားက DB HiTek ကလည်း သူတို့ရဲ့ထုတ်လုပ်မှုစွမ်းရည် ၁၀၀% လည်ပတ်နေပေမယ့် နောက်ထပ် ၂၀% တိုးမြင့်လာတယ်လို့ သိရပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ ရောင်းလိုအားနည်းပါးမှုကြောင့် Memory နဲ့ Semiconductor system ဈေးနှုန်းတွေ မြင့်တက်လာဖွယ်ရှိနေပါတယ်။

အလားတူစွာပဲ ၂၀၂၁ ခုနှစ် ပထမသုံးလပတ်မှာ DRAM တွေရဲ့ သတ်မှတ်ထားတဲ့ဈေးနှုန်းတွေဟာ ၅% မြင့်တက်လာမယ်လို့ မျှော်လင့်ရပါတယ်။ အဆိုပါ Chip တွေရဲ့ ဈေးနှုန်းတွေဟာ ၂၀၂၀ ဒီဇင်ဘာလမှာ အမေရိကန်ဒေါ်လာ ၃.၄၆ ဝန်းကျင် ဈေးပေါက်ခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာလနဲ့နှိုင်းယှဉ်ရင် ၃၀% မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဈေးနှုန်းမြင့်တက်မှုကို Goodix လိုမျိုး တရုတ်ကုမ္ပဏီတွေနဲ့ Novatek တို့လို LCD အစိတ်အပိုင်းထုတ်လုပ်သူတွေဆီမှာလည်း တွေ့နေရတာ ဖြစ်ပါတယ်။

Ref: Gizmochina