ဆော့ကစားသူပေါင်း သန်း ၅၀ ကျော်နဲ့ အကောင်းဆုံး Tactical First-person Shooter Game Series တစ်ခုဖြစ်တဲ့ Shadowgun ဟာ အခုလည်း Shadowgun War Games ဆိုတဲ့ နာမည်နဲ့ အလန်းစားဂိမ်းတစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

အခု Shadowgun War Games ကို Madfinger Games ကနေ Devleoped ပြုလုပ်တာဖြစ်ပြီး Android နဲ့ iOS မှာ အခုပဲ အခမဲ့ Download ရယူဆော့ကစားနိုင်မှာပါ။ Gameplay အနေနဲ့ကတော့ Arena တစ်ခုထဲမှာ 5 Vs 5 Team Battle အနေနဲ့ တခြားသော Player တွေနဲ့အတူဆော့ကစားရမှာဖြစ်ပါတယ်။ အဲ့ဒီမှာမှ ကိုယ်ကြိုက်နှစ်သက်တဲ့ကစားပုံအတိုင်း မတူညီတဲ့ Hero တွေကို ရွေးချယ်နိုင်မှာပါ။

Developer Madfinger Games ကတော့ အခု Shadowgun War Games ကို Pre-regiester ပြုလုပ်ထားတဲ့လူအရေအတွက် ၁.၅ သန်းရှိနေတဲ့အတွက် အခုမှထွက်ရှိတာဖြစ်ပေမယ့် တခြားသော Player တွေကိုစောင့်ဆိုင်းရတဲ့အချိန်မရှိဘဲ ဆော့ကစားနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အခု Shadowgun War Games ဟာ PC မှာ နာမည်ပြီး FPS Game တစ်ခုဖြစ်တဲ့ Overwatch နဲ့တောင် ဆင်တူနေပါသေးတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ အလန်းစား First-person Shooter Game တစ်ခုကို ရှာနေတယ်ဆိုရင်တေ့ာ ဒီ Shadowgun War Games က စမ်းသပ်ဆော့ကစားကြည့်သင့်တဲ့ Game တစ်ခုဖြစ်မှာပါ။

Ref – Phone Arena