တရုတ်ရဲ့ အကြီးမားဆုံး ရှန်ဟိုင်းမြို့ဟာ Blockchain , NFT , Metaverse နဲ့ Web3 လို နည်းပညာတွေ တိုးတက်ဖွံ့ဖြိုးအောင် ၅ နှစ် စီမံကိန်း ချမှတ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဇူလိုင်လ ၁၃ ရက်နေ့မှာ ရှန်ဟိုင်း အစိုးရက အဲဒီ စီမံကိန်းကို ထုတ်ပြန်ကြေညာလိုက်ပြီး ဒစ်ဂျစ်တယ် နည်းပညာနဲ့ စီးပွားရေးကို နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဖို့ ရည်ရွယ်ထားပါတယ်။

Your resume will soon be an NFT. You have seen it on the news, social… | by Benjamin Mena | CryptoStars

စီမံကိန်းမှာ NFT အရောင်းအဝယ် ပြုလုပ်တဲ့ ပလက်ဖောင်းတွေကို တည်ထောင်မယ့် ကုမ္ပဏီတွေကို ထောက်ခံအားပေးသွားမှာ ဖြစ်ပြီး NFT တွေကို သုတေသနပြုလုပ်ဖို့နဲ့ အရောင်းမြှင့်တင်ဖို့ ပါဝင်ပါတယ်။ စီမံကိန်းမှာ Blockchain နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့နဲ့ အသုံးပြုမှုများပြားစေဖို့ လမ်းညွှန်ထားပါတယ်။ တီထွင်မှုအားကောင်းပြီး လွတ်လပ်တဲ့ ထိန်းချုပ်မှုတွေပါတဲ့ Blockchain ဖွံ့ဖြိုးမှု Ecosystem ကို တည်ထောင်ဖို့လည်း ပါပါတယ်။

MetaNewsLk

ရှန်ဟိုင်း အစိုးရက Metaverse ရည်မှန်းချက်တွေကိုလည်း ရှင်းပြထားပြီး Virtual ကမ္ဘာနဲ့ တကယ့် လူ့အသိုင်းအဝိုင်းကို ပေါင်းစည်းပေးမယ့် ပလက်ဖောင်းကို တည်ဆောက်မှာ ဖြစ်ပါတယ်။ Virtual တေးဂီတပွဲနဲ့ အားကစားပွဲတွေလို ဒစ်ဂျစ်တယ် ဖျော်ဖြေရေး နည်းလမ်းတွေကို အဓိကထား ဖန်တီးဖို့ စီစဉ်ထားပါတယ်။

Web3 အခွင့်အလမ်းတွေကို ရှာဖွေဖို့ စီစဉ်ထားပြီး Multi-ပလက်ဖောင်း OpenID , Distributed Data Storage , Decentralized Domain Name Resolution System (DNS) နဲ့ End-to-end Encrypted ဆက်သွယ်ရေး နည်းပညာတွေကို သုတေသနပြုလုပ်ဖို့ ပါဝင်ပါတယ်။

စီမံကိန်းမှာ တရုတ် ဗဟိုဘဏ်က အားပေးထောက်ခံထားတဲ့ Central Band Digital Currency (CBDC) လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ယွမ်ကို စမ်းသပ် အသုံးပြုဖို့လည်း ထည့်သွင်းထားပါတယ်။

Ref : cointelegraph