Google ရဲ့ Pure Android OS Program တစ်ခုဖြစ်တဲ့ Android One ဟာ မနှစ်တုန်းက Xiaomi ကနေ ထုတ်လုပ်ခဲ့တဲ့ Mi A1 စမတ်ဖုန်းကြောင့် ပြန်လည်ပြီးအောင်မြင်လာတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မှာတော့ Sharp ကနေ နောက်ထပ် Android One စမတ်ဖုန်းတစ်ခုကို ထပ်မံထုတ်လုပ်လိုက်ပြန်ပါပြီ။

အခု Sharp က ထုတ်လုပ်ထားတဲ့ Android One စမတ်ဖုန်းကို Sharp Android One S3 လို့နာမည်ပေးထားပြီး အခုထွက်ရှိလာတဲ့ဖုန်းဟာ Xiaomi Mi A1 လိုမျိုး Camera ပိုင်း Features တွေ မစုံလင်ပေမယ့် ရေစိုခံပြီးတော့ အကြမ်းခံအောင် ပြုလုပ်ထားတာပဲဖြစ်ပါတယ်။

One S3 ဖုန်းဟာ Sharp ရဲ့ နာမည်ကြီး 5″ Full HD Resolution ရှိတဲ့ IGZO Display ကို အသုံးပြုထားတာဖြစ်ပြီးတော့ Qualcomm Snapdragon 430 Processor ၊ RAM 3GB နဲ့ 32GB Storage ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ 13MP Back Camera နဲ့ 5MP Front Camera ပါဝင်မယ်လို့ သိရပါတယ်။

အခု Sharp Android One S3 စမတ်ဖုန်းဟာ Android 8.0 Oreo ကို အသုံးပြုထားတယ်ဆိုပေမယ့် Fingerprint Scanner လည်းပါဝင်လာခြင်းမရှိသလို USB Type C လည်းပါဝင်လာခြင်းမရှိပါဘူး။ Battery အနေနဲ့တော့ 2700mAh Battery ပါဝင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၀ နဲ့ ၃၀၀ ကြားရောင်းချသွားမယ်လို့ သိရပါတယ်။